Sunday, November 20, 2011
ကျနော် ဆည်းပူးခဲ့ရသော ပညာရေးနှင့် စံလွဲနေသော လူ့အဖွဲ့အစည်း
ထိုင်းနိုင်ငံက The Nation သတင်းစာကြီးထဲမှာ ပညာရေးနှင့် ပတ်သတ်တဲ့ အကြောင်းအရာတွေကို ပညာရှင်တွေ ဝေဖန် တင်ပြနိုင်အောင် Chalk Talk ဆိုတဲ့ ကဏ္ဍ လေးထည့်ပေး ထားတယ်။
သူ့တို့ နိုင်ငံထဲမှာ ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေနဲ့ဆက်စပ်ပြီး ပညာရှင်တွေက ဝေဖန်တင်ပြမှုနှင့် အကြံပြုတာတွေကို ရေးသားကြတာ တွေ့ရတယ်။ ဘန်ကောက် နေပြည်တော် ရေးဘေးဆိုက်တော့ အနာဂတ်မှာ တိုင်းပြည်ခေါင်းဆောင် ဖြစ်လာကြမယ့် လူငယ်လေးတွေကို သဘာဝဘေးအန္တရာယ်အကြောင်း ဘယ်လိုပညာပေးရမယ်ဆိုတာ ပညာရှင်တွေ ဝေေ၀ဆာဆာ တင်ပြတာ တွေ့ရတော့ သူတို့နိုင်ငံက ပညာရှင်တွေနှင့် သတင်းလောကသားတွေကို တော်တော်လေးစားမိတယ်။ ပညာရှင်ဆိုတာ မှားတာကို မြင်ရင် မိမိအသက်ကို ပဓန မထားဘဲ ပြောရဲတာ ပညာရှင ဖြစ်ပါတယ်။
နိုင်ဝင်္ဘာလ ၁၆ ရက်နေ့က မြ၀တီရုပ်သံလှိုင်းက ပညာရေးဝန်ကြီး ဒေါက်တာမြအေး မန္တလေး တက္ကသိုလ်မှာ ဆရာ၊ ဆရာမတွေနဲ့တွေ့ဆုံပွဲ လုပ်တော့ ကျောင်းသား ဗဟိုပြုသင်ကြားရေးစနစ် ကိုပြောင်းလဲ သင်ကြားဖို့ မိန့်မှာတာတွေ့ရတော့ တော်တော်လေး ၀မ်းပန်းတသာ ဖြစ်မိတယ်။
ဝမ်းသာလို့မဆုံးမှီမှာ ပြောသွားတဲ့စကားက ၂၁ ရာစုမှာ နိုင်ငံခြားတိုင်းပြည်တွေနှင့် ရင်ဘောင်တန်းနိုင်အောင် ကျောင်းသားတွေကို သင်္ချာနှင့် အင်္ဂလိပ်စာမှာထူးချွန်ထက်မြက်အောင် သင်ကြးဖို့ မိန့်မှာတာကို တွေ့ရတော့ ရင်ထဲမှာ တမျိုးခံစားမိပါတယ်။ တပြိုင်နက်ထဲမှာဘဲ တက္ကသိုလ် ကျောင်းသားဘ၀ကိုပြန်လည် သတိရမိတယ်။
ကျနော်ဟာ ၁၉၉၀ ခုနှစ်မှာ ဆယ်တန်းအောင်တော့ ၁၉၉၂ မှာ သမိုင်းအဓိကနှင့် စစ်တွေဒီဂရီ ကော လိပ်ကို တက်ရောက်ခွင့် ရခဲ့တယ်။ ဆယ်တန်းအောင်ရင် နိုင်ငံရေးသိပ္ပံဘာသာရပ်ကို "မေဂျာ" အနေနဲ့ သင်ကြားလိုပေမဲ့ မြန်မာ့ပညာရေးစနစ်ထဲမှာ ဒီဘာသာရပ်မရှိတော့ အနီးစပ်ဆုံး သမိုင်းဘာသာကို ယူဖို့ဆုံးဖြတ်ခဲ့တယ်။
ကောလိပ်ကျောင်းကိုရောက်တော့ တခြားမြို့နယ်တွေကလာတဲ့ ကျောင်းသား၊ ကျောင်းသူတွေနဲ့ စကားစမြည်ပြောဖြစ်ကြတယ်။ ကျနော်ယူတဲ့ဘာသာရပ်ကို သိတော့ မိတ်ဆွေကျောင်းသား အချို့က တအံ့တသြပြောတယ်။ သမိုင်းဆိုတာ အဝေးသင်ယူရင် ရတာပဲ၊ ငွေကုန်ခံပြီး ဘာလို့ "ဒေး" တက်မှာလဲတဲ့။
ကျောင်းသားအများစုက ဒီလိုအတွေးအခေါ် လွမ်းမိုးနေတာကို တွေ့ခဲ့ရတယ်။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီအောက်က ကြီးပြင်းခဲ့ရတဲ့ လူငယ်တွေရဲ့ အတွေးအခေါ်တွေလို့ ပြောလို့ရမယ် ထင်တယ်။ လူငယ်တွေရဲ့ အန္တိမရည်မှန်းချက်က ဘွဲ့ရပြီးရင် စာရေးစာချီ လုပ်မယ်၊ ဌာန တစ်ခုခုမှာ ၀န်ထမ်းနေရာလေး တစ်ခုရဖို့က တက္ကသိုလ်ကျောင်းတော်သားအများစုရဲ့ ကြီးမားတဲ့ ရည်မှန်းချက်တွေ။ အဲဒီလိုကြီးမားတဲ့ ရည်မှန်းချက်မှာ သမိုင်းဘာသာ ရပ်ကိုယူတဲ့ ကျောင်းသားကို အထင်သေးလိုက်သေးတယ်။
နိုဝင်္ဘာ ၁၆ ရက်နေ့က ပညာရေးဝန်ကြီး ပြောသွားတဲ့ စကားကလည်း ကျနော် ကောလိပ်ကျောင်းသား ဘ၀တုန်းက သိပ္ပံဘာသာရပ်ကို ယူတဲ့ကျောင်းသားက သမိုင်းလို ၀ိဇ္ဖာဘာသာရပ်ကို လေ့လာနေတဲ့ ကျောင်းသားကို အထင်သေးသလိုမျိုး ဖြစ်နေ ပြန်တယ်။ သင်္ချာနှင့် အင်္ဂလိပ်ဘာသာမှာ ထူးချွန်တဲ့ ကျောင်းသားပဲ လိုချင်တဲ့ မြန်မာ့ပညာရေး ၀န်ကြီး။ တချိန်က ၀န်ကြီးသည်လည်း ပါမောက္ခတစ်ဦး မဟုတ်ပါလော။ နောင်တချိန် နိုင်ငံ့တာဝန်ကို ထမ်းဆောင်ကြမယ့် လူငယ်တွေ သင်္ချာနှင့် အင်္ဂလိပ် ဘာသာ တတ်ရင်ပြီးရော့လား။
ကျနော့်ခေတ်တုန်းက ရခိုင်သီချင်းတစ်ပုဒ် ရှိခဲ့တယ်။ " ဆေးကျောင်းသားဆို ယူလိုက်၊ စက်မှုကဆိုယူ လိုက်" တဲ့။ စံလွဲနေတဲ့ လူ့အဖွဲ့အစည်းကို စပ်ဆိုထားတာ ဖြစ်တယ်။
ဆေးကျောင်းသား၊ စက်မှု ကျောင်းသားကိုပဲ အလေးထားတဲ့ လူ့အဖွဲ့အစည်း။
ဟုတ်လည်း ဟုတ်ပါလေစ။ ဆယ်တန်းအောင်လို့ အမှတ်ကောင်းရင် ဆေးကျောင်း၊ စက်မှုကျောင်း တက်မယ်။ ၀ါသနာပါတာ မပါတာ အပထား။ လူ့အဖွဲ့အစည်းက လက်ခံတဲ့ သဘောကျတဲ့ ဘာသာရပ်သာ လူငယ်တွေရဲ့ အကြိုက်ဖြစ်ခဲ့တယ်။
ကျနော်ငယ်ငယ်က အကြိုက်ဖြစ်ခဲ့တဲ့ စာအုပ်တအုပ်ရှိတယ်။ ဆရာမြသန်းတင့် ဘာသာပြန်တဲ့ "ဧကရာဇ်တို့၏ ဘဏ္ဍာတိုက်" ဆိုတဲ့စာအုပ်ကို ရှာဖွေဖတ်ရှုစေချင်တယ်။ ပညာသင်ကြားခြင်းရဲ့ အခြေခံသဘောတရားက ဧကရာဇ် ဖြစ်ဖို့မဟုတ်ဘူး၊ သံပန်းတံခါး၊ ကျွန်းတံခါး တပ်ထားတဲ့ အိမ်မှာ နေဖို့မဟုတ်ဘူး။ တိုရှင်းလိုရင်း ပြောရရင် တာန်ဝန်သိတတ်တဲ့ နိုင်ငံသားကေင်း ဖြစ်ရေး ဖြစ်ပါတယ်။
ဆယ်တန်းအောင်တဲ့အခါ အမှတ်ကောင်းရင် ဆေးကျောင်းတက်မယ်။ ဆရာဝန် လုပ်တာမလုပ်တာ အပထား ဂုဏ်ရှိဖို့လိုတယ်။ ဆရာဝန် စာရေးဆရာ၊ ဆရာဝန် ဒါရိုက်တာ၊ ဆရာဝန် ရုပ်ရှင်မင်းသား ဆိုတဲ့ မဖြစ်စလောက် ဂုဏ်အတွက် လူငယ်တွေဟာ တာဝန်သိစိတ် ကင်းမဲ့သွားကြတယ်။ မြန်မာနိုင်ငံ အနေထားနှင့်ပြောရင် ဆေးကျောင်းဆိုတာ ကန့်သတ်ချက်နဲ့ တက်ရတဲ့ ကျောင်းတွေ။ တကယ် ဆရာဝန် လုပ်ချင်တဲ့သူတွေ အခွင့်အရေး ဆုံးရှုံးသွားရတာ တိုင်းပြည်အတွက်၊ ပြည်သူအတွက် ဘယ်လောက်ထိ ဆုံးရှုံးနိုင်တယ်ဆိုတာ ကျောင်းသားတွေ မစဉ်းစားတတ်တော့ဘူး။
ဒီလိုမျိုးစဉ်းစား နိုင်အောင် ကျနော်တို့ပညာရေးက ပြင်ဆင်မပေးခဲ့ဘူး။ နိုင်ငံတစ်ခုရဲ့ တိုးတက်မှု၊ ဆုတ်ယုတ်မှုဟာ အဲဒီနိုင်ငံရဲ့ ပညာရေးအပေါ် အခြေခံထားတာ ဖြစ်ပါတယ်။ ပညာရေး ညံ့ရင် တိုင်းပြည်ညံ့မယ်။ ဖျင်းရင် ပျက်မယ်။ စံလွဲရင် လူ့အဖွဲ့အစည်းရဲ့ "စံ" လွဲသွားနိုင်တယ်။
၁၉၈၈ နောက်ပိုင်းမှာ ကျနော်တို့နိုင်ငံသားတွေရဲ့ ပညာရေးစံ လွဲမှားမှုကြောင့် လူ့အဖွဲ့အစည်းရဲ့ "စံ" အလွဲကြီး လွဲခဲ့ရပါတယ်။ သားသမီး ကျောင်းပြီးရင် အောက်ဆိုဒ် ကောင်းတဲ့ အလုပ်ကို သိန်းရာချီ လာဘ်ထိုးပြီးရအောင် ယူကြမယ်။ ခြစားတဲ့ မကောင်းတဲ့ အကျင့်စရိတ်ကို မိဘတွေကိုယ်တိုင်အားပေး အားမြောက် ပြုနေကြပါတယ်။ "လူမျိုးနဲ့ တိုင်းပြည်ကိုချစ်သော၊ ပြည်သူ့နီတိ ပြည့်ဝ၍ တာဝန်သိသော နိုင်ငံကြီးသား၏ အပြုအမူ အလေ့အကျင့် ပျောက်ဆုံးသွားခြင်းဖြစ်ပါတယ်"။
စံလွဲနေတာ လူငယ်တွေ၊ ဆရာ၊ မိဘတွေသာ မဟုတ်ပါဘူး။ ကျနော်တို့ဆရာ ပညာရှင်တွေ ကိုယ်တိုင် စံလွဲနေတာပါ။
ဥပမာ အနေနဲ့ တင်ပြရရင် ကျနော်တို့ရဲ့ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဖြစ်ခဲ့တဲ့ ဒေါက်တာတင်အောင်အေး ဆိုရင် စစ်အုပ်ချုပ်ရေး လက်အောက်မှာ တရားရုံးချုပ် တရားသူကြီး ဖြစ်လာပြီး အပြစ်မရှိတဲ့ ကျောင်းသားခေါင်းဆောင်တွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေနှင့် နိုင်ငံရေး ခေါင်းဆောင်တွေကို ကြီးမားတဲ့ ပြစ်ဒဏ်တွေချမှတ်တဲ့အခါ ပါဝင်ပတ်သတ်တာကို တွေ့ရတယ်။
၂၀၁၀၊ ဧပြီလ ၂ ရက်နေ့က အီးယူကနေ နာမည်ပျက်စာရင်း အသွင်းခံရတဲ့ ပညာရှင်ပါ။
ပညာရှင်တွေ ကိုယ်တိုင် စံလွဲနေတဲ့ ကျနော်တို့ရဲ့ လူ့အဖွဲ့အစည်းဖြစ်ပါတယ်။
နိုင်ငံတခုရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံကို ရက် ၆၀ ၊ ၁၅၀ မှာ ပြုပြင်လို့ ရပေမယ့် အကျင့်စရိတ် ပျက်ပြီး စံလွဲနေတဲ့ လူ့အဖွဲ့အစည်းကို ပြုပြင်တဲ့အခါ ဆယ်စုနှစ်ချီကြာ ညောင်းနိုင်တယ်။ မျိုးဆက် "နှစ်" ဆက် အနည်းဆုံး ပြုပြင်ကြရမှာပါ။ ဟိုစပ်စပ် ဒီစပ်စပ် ဆေးမြီးတိုနဲ့ ကုလို့ရနိုင်မှာမဟုတ်ဘူး။
စံလွဲနေတဲ့ နာတာရှည် ရောဂါကြီးကို ဘယ်လိုဆေးမျိုးနဲ့ ကုစားမှာလဲ။ တိုင်းပြည် ပြန်လည်တည်ဆောက်ရေးအ တွက် ခေါင်းဆောင်သစ်တွေ၊ ပညာရှင်လက်သစ်တွေ စဉ်းစားရမယ့် အထဲမှာ အရေးကြီးတဲ့ အချက်လို့ မြင်မိပါတယ်။
Plato's starting point is that the organization of society depends ultimately upon knowledge of the end of existence. If we do not know its end, we shall be at the mercy of accident and caprice.... And only those who have rightly trained minds will be able to recognize the end, and ordering principle of things. (Dewey, 1916, 102-3)
လှရွှေ
Sunday, 20 November 2011 00:25
http://www.maukkha.org/index.php?option=com_content&view=article&id=1985&catid=91&Itemid=359
Saturday, November 19, 2011
နဲနဲလေးတို.မယ်၊ဒဲ.ဒဲ.ကြီးပဲကျွေးမယ်
နဲနဲလေးတို.မယ်၊ဒဲ.ဒဲ.ကြီးပဲကျွေးမယ်
by Tharchit Zaw on Saturday, November 19, 2011 at 12:56pm
အခုတလောအတွင်းမှာနိုင်ငံေ၇းနဲ.ပတ်သက်ပြီးရေးချင်တဲ.စိတ်မရှိလို.လက်ရှောင်ထား
လိုက်တာကြာသွားပါပြီ၊သူများတွေတင်တဲ.နိုင်ငံရေးဆောင်းပါးလေးတွေလောက်ပဲဖတ်
ပြီးမှတ်ချက်လေးတွေပေးနေခဲ.တာပါ၊
ဒါပေမယ်.သိတ်မကြာခင်ကလေးကမှ မြန်မာပြည်နိုင်ငံရေးမှာလူထုခေါင်းဆောင်ကိုဝေ
ဖန်နေကြတဲ. ကွန်မြူနစ်ကြီးတွေလို.ခံယူထားကြတဲ.သူတွေနဲ. ၈၈မျိုးဆက်ပြည်ပြေးတွေ
ရဲ.ဝေဖန်လေကန်မှုတွေနဲ.မြန်မာ.နိုင်ငံရေးကိုတိုက်အိမ်ဆောက်နေကြတဲ.သူတွေရဲ.အပြော
အဆိုတွေကိုတွေ.ရတော.လဲမနေနိုင်မထိုင်နိုင်အောင်လို.ပြန်ရေးဖို.လက်ပြင်လိုက်ရတာပါပဲ၊
အဲဒီတော.မြန်မာပြည်နိုင်ငံေ၇းကိုပြန်ပြောင်းပြောရရင်လွပ်လပ်ရေးမတိုင်မီခေတ်နဲ.ဒီမိုကရေစီ
အရေးတော်ပုံကာလဆိုတဲ.ခေတ်ကြီးနှစ်ခေတ်ကိုတွေ.ရမှာအမှန်ပါပဲ၊ကြားတည်းကခေတ်ကိုတော.
နောက်မှပဲဆက်ပြောတာပေါ.၊
ဒီတော.ကျွန်တော်ပြောခဲ.တဲ.သည်ခေတ်၂ခေတ်လုံးမှာ တူညီလွန်းလှတဲ.အရာနှစ်ခုသွားတွေ.တယ်၊
ဒါဘာလဲဆိုတော.ဗမာပြည်သူလူထုရဲ.ရင်ထဲအသည်းထဲကနေပေါက်ဖွားလာခဲ.တဲ.လူသားနှစ်ဦးပါ၊
ဒီလူသားနှစ်ဦးစလုံးကလည်းမိသားစုဝင်တွေဖြစ်ကြတယ်၊ပြီးတော.နှစ်ဦးစလုံးကမြန်မာပြည်သူလူထု
ရဲ.အချစ်ရဆုံးသော၊အားအထားရဆုံးသောလူထုခေါင်းဆောင်တွေပါ၊
ဖခင်ဖြစ်တဲ.ဗိုလ်ချုပ်အောင်ဲဆန်းဟာလွပ်လပ်ရေးမတိုင်မီခေတ်မှာထင်ရှားခဲ.တဲ.လူထုခေါင်းဆောင်
တယောက်၊ဗမာပြည်လွပ်လပ်ရေးအတွက်စိတ်အား၊ကိုယ်အား၊ဥာဏ်အားနဲ.အရိုးသားဆုံး၊စေတနာ
ထားပြီးလုပ်ဆောင်သွားခဲ.ပါတယ်၊ဗိုလ်ချုပ်ဟာတိုင်းပြည်အပေါ်ကိုချစ်ရှာလွန်းလို.စေတနာထားရှိ
လွန်းတဲ.အတွက်ကြောင်.အတိုက်အခံရန်သူတွေများခဲ.လှပါတယ်၊ ကွန်မြူနစ်တွေဟာဗိုလ်ချုပ်ကို
ရန်သူလိုသဘောထားခဲ.ကြပါတယ်၊နောက်ဆုံးတော.ဗိုလ်ချုပ်ဟာသဘောထားတင်းမားလွန်းတဲ.
တဲ.လူတစုရဲ.လုပ်ကြံမှုကြောင်.ဇတ်တူသားစားခံလိုက်ရပြီးလွပ်လပ်ရေးရဖို.၁နှစ်လောက်အကြာမှာ
ပဲသူချစ်တဲ.မြန်မာပြည်ကြီးကိုစွန်.ခွာသွားခဲ.ရရှာပါတယ်၊လွပ်လပ်ရေးရခဲ.သောငြားမြန်မာပြည်ကြီးလဲ
အချင်းချင်းစော်ကြ၊ကွဲကြ၊ပြဲကြ၊မြန်မာပြည်နိုင်ငံရေးမှာလူစွာလုပ်ချင်ကြတဲ.လူတွေရဲ.လက်ထဲမှာပဲ
မြန်မာပြည်လဲဟိုးအောက်ဆုံးဘဝရောက်ခဲ.ရရှာပါတယ်၊
လွပ်လပ်ရေးမတိုင်မီခေတ်ကလူထုခေါင်းဆောင်ဗိုလ်ချုပ်အောင်ဆန်းရဲ..ရုပ်ပုံလွှာဟာလွပ်လပ်ရေး
ရခဲ.ပြီးနောင်နှစ်ပေါင်းများစွာကြာတဲ.အထိလူတွေရဲ.အသည်းနှလုံးကနေပျောက်ကွယ်သွားမှာမဟုတ်ပဲ
လူထုခေါင်းဆောင်အနေနဲ.ပဲဆက်လက်ထားရှိမြဲ၊အလေးအမြတ်ပြုဆဲပဲဖြစ်ပါတယ်၊ဘယ်တော.မှလဲပျောက်
ကွယ်သွားမှာမဟုတ်ပါဘူး၊ဘာကြောင်.ပါလဲ။သူ.ရဲ.ရိုးသားတဲ.စိတ်နဲ.တိုင်းပြည်ကိုအလုပ်အကျွေးပြုခဲ.တဲ.
အတွက်ကြောင်.ပါပဲ၊
နောက်တခေတ်က ၈လေးလုံးအရေးတော်ပုံနှင်.ဒီမိုကရေစီအရေးတလျှောက်လုံးလုပ်ဆောင်နေတဲ. တချိန်က
လူထုခေါင်းဆောင်ရဲ.သမီးလဲဖြစ်၊ ဆက်လက်ပြီးပြည်သူလူထုကလူထုခေါင်းဆောင်အဖြစ်တင်မြှောက်ထားတဲ.သူ
လဲဖြစ်တဲ. ဒေါ်အောင်ဆန်းစုကြည်တဖြစ်လဲ ကျွန်တော်တို.ရဲ.အမေအဖြစ်ထားရှိခဲ.တဲ.အမေစုပဲဖြစ်ပါတယ်၊
အမေစုဟာ၈လေးလုံးအရေးတော်ပုံနှင်.အတူမွေးဖွားခဲ.ပြီးသူရဲ.ဘဝတွေ၊ပညာတွေကိုစတေးပြီးသူချစ်တဲ.မြန်မာ
ပြည်ကလေးမှာပဲလူသားအခွင်.အရေးအတွက်ရိုးသားစွာတိုက်ပွဲဝင်ခဲ.တဲ.သူတယောက်ပါ၊အဖေတူသမီးပီသစွာပဲ
ထက်မြက်တဲ.စိတ်၊ရိုးသားပြီးတိုင်းပြည်ကိုချစ်တတ်တဲ.စိတ်ကြောင်.ယနေ.မြန်မာပြည်သူလူထုကြီးဟာသူ.ကို
လူထုခေါင်းဆောင်အဖြစ်တင်မြှောက်ရွေးချယ်ထားခဲ.ပြီးဖြစ်ပါတယ်၊ နောင်လဲဆက်လက်တင်မြှောက်ထားနေအုန်း
မှာပဲဆိုတာလဲအသေအချာပါပဲ၊
မြန်မာပြည်ဟာစစ်အာဏာရှင်ကိုတော်လှန်ခဲ.ကြတာဟာဖြင်.နှစ်၂၃နှစ်ကျော်ကြာခဲ.ပါပြီ၊ ၈လေးလုံးနောက်ပိုင်းကို
ပဲရေတွက်ချင်းဖြစ်ပါတယ်၊တပါတတီစနစ်အောက်ကိုမထည်.တွက်ရသေးပါဘူး၊ထားပါလေ၊
၂၃နှစ်ကျော်ကြာတဲ.တိုက်ပွဲမှာပြည်တွင်းကကျောင်းသားတွေ၊သံဃာတော်တွေ၊အရပ်သူအရပ်သားတွေများစွာ
အဖမ်းခံရ၊သေကြေပျက်စီးခဲ.ကြရပါတယ်၊ပြည်ပကိုထွက်ပြေးခဲ.ကြရတဲ.လူတွေလဲမနဲလှပါဘူး၊
အဲဒီအတွက်အကျိုးဆက်ရလင်္ဒကဘာပါလဲ၊ပြည်တွင်းကလူတွေကတော.ဆင်းရဲမွဲတေနေကြတုန်းပါပဲ၊
ပညာ၇ည်တွေလဲနိမ်.ကျလာလိုက်တာဟာဖြင်.နောက်ဆုံးအဆင်.ကိုရောက်နေပါပြီ၊လူအများစုကတော်
လှန်ေ၇းလုပ်ဖို.လောက်ပဲအာသီသဆန္ဒမရှိကြတော.တာအမှန်ပါပဲ၊
ပြည်ပကဒီမိုကရေစီအရေးလုပ်စားနေကြတဲ.ကွန်မြူနစ်ယောင်ယောင်သမားတွေကတော.တော်လှန်ေ၇းကြီး
အဓွန်.ရှည်ပါစေလို.ပဲကြွေးကျော်မှာပါပဲ၊အဲဒါမှလဲခိုလှုံဖို.အတွက်အနေအစားချောင်မှာအမှန်ပါပဲ၊ဒါ.အပြင်
တော်လှန်ေ၇းကြီးဆက်ရှိနေရင်သူတို.လဲရောယောင်နာမည်ကြီးချင်တဲ.အချောင်သမားစိတ်ဓာတ်တွေရှိနေ
ကြလို.ပဲဖြစ်ပါတယ်၊
ဒါကြောင်.လက်ရှိမှာတော်လှန်ေ၇းနဲ.သွေဖယ်တာတွေအားလုံးဟာသူတို.ရဲ.ရန်သူနဲ.ပစ်မှတ်တွေပါပဲ၊
သူတို.ကိုယ်တိုင်လဲတော်လှန်ေ၇းလေသံပစ်တာကလွဲပြီးတခြားဘာမှလုပ်တတ်တဲ.နည်းဗျူဟာလဲမရှိ
တာအမှန်ပါပဲ၊မယုံရင်ကြည်.ပါလေ၊နှစ်၂၃နှစ်ကျော်လုံးလုံးပြည်ပကနေတော်လှန်ရေးလေသံပစ်နေတဲ.သူ
များဘယ်လောက်အောင်မြင်ထွန်းပေါက်မှုရနေပါပြီလဲဆိုတာကို၊တော်လှန်ရေးအောင်မြင်တာမအောင်မြင်တာ
အသာထားပါ၊မြန်မာပြည်တိုးတက်ကြီးပွါေး၇းအတွက်ဘယ်ရှု.ထောင်.ကနေပြီးတော.များဝင်ရောက်ပံ.ပိုးပေးခဲ.
ကြဖူးလို.လဲ၊တနှစ်နေလို.မှအလံတခါထထထောင်တတ်ပြီးနှစ်ပတ်လည်အောက်မေ.
ဘွယ်တွေကိုတခမ်းတနားအယောင်ဆောင်ကျင်းပနေလိုက်ကြတာမျိုးဟာလက်တွေ.မှာပြည်တွင်း
နိုင်ငံရေးအတွက်ဘယ်လိုမှအသုံးမတည်.တာအမှန်ပါပဲ၊
ပြီးရင်သူတို.ကိုယ်သူတို.ဗကပကြီးတွေယောင်ယောင်ကြွေးကျော်နေကြတာဟာဖြင်.လဲယိုသူမရှက်မြင်သူရှက်ပါပဲ၊
နေတော.သူတို.အထင်မကြီးကြတဲ.အနောက်နိုင်ငံအရင်းရှင်ကြီးများဆိုတဲ.တိုင်းပြည်မှာနေ၊သူတို.ထောက်ပံ.
ထားတာကိုအိပ်ကပ်ထဲထည်.ပြီး၊ကွန်မြူနစ်လေသံပစ်နေတာဟာဖြင်.အမြင်မတော်ဆင်တော်နဲ.ခလောက်ဆို
သလိုပါပဲ၊
တကယ်တော.မြန်မာပြည်တိုးတက်ကောင်းစားရေးအတွက်ကွန်မြူနစ်ဆိုသူတွေဟာဘယ်နေရာမှပါဝင်ခဲ.ကြသူများ
မဟုတ်ပါဘူး၊လွပ်လပ်ရေးမရခင်တုန်းကကြည်.မလား၊လွပ်လပ်ရေးရပြီးခေတ်ကိုကြည်.မလား၊
၊ကွန်မြူနစ်သမားဆိုသူတွေဟာမြန်မာပြည်တိုးတက်ကောင်းစားေ၇းအတွက်မဟုတ်ပဲ၊
ကွန်မြူနစ်ဝါဒကိုသာရှော့တန်းတင်ဦးစားပေးခဲ.ကြသူတွေပဲဖြစ်ကြပါတယ်၊ဒါကြောင်.မြန်မာပြည်နှင်.လူထု
ကောင်းစားေ၇းသည်အဓိကမကျ၊ကွန်မြူနစ်ပါတီနှင်.သူတို.ကောင်းစားေ၇းကိုသာအဓိကနေရာကထားခဲ.ကြ
သူများဖြစ်ပါတယ်၊
ယခုလဲကြည်.ပါလေ၊ လူထုခေါင်းဆောင်ရဲ.လုပ်ရပ်တွေကိုဝေဖန်လေကန်နေကြတာ၊လူထုခေါင်းဆောင်ကိုပဲ
နွားဖြစ်တော.မလိုပြောလိုပြောနဲ.၊တကယ်တော.ဒီထက်ပိုပြီးကောင်းတဲ.နည်းဗျူဟာရှိတယ်ဆိုရင်လဲမပြောလို
ပါဘူး၊တော်လှန်ရမယ်ဆိုတဲ.တော်လှန်ေ၇းစိတ်ဓာတ်တခုတည်းကိုပဲကိုင်ဆွဲပြီးမြန်မာပြည်သူလူထုဆင်းရဲနေပါ
တယ်ဆိုတာလောက်ကိုသာငိုချင်းချတတ်ရုံလောက်နဲ.တော.နိုင်ငံရေးလာလုပ်စားမနေပါနဲ.လို.တခါတည်းပြော
ပါရစေ၊လူထုခေါင်းဆောင်ကိုလဲမဝေဖန်ပါနဲ.လို.၊
ဒီနေ.မြန်မာပြည်လူငယ်တွေခေတ်ပညာအကုန်တတ်သိနားလည်နေကြပြီ၊ကွန်မြူနစ်ယောင်ယောင်
ဘာယောင်ယောင်လူငယ်တို.မဟုတ်တော.၊တောတွင်းလောက်မှာပဲလူ ၂ယောက်တပိုင်းနဲ.
တိုက်ပွဲဝင်နေတဲ.မျိုးဆက်တွေမဟုတ်တော.၊အနောက်နိုင်ငံကြီးတနိုင်ငံမှာခိုလှုံပြီးဘီယာဖန်ခွက်ကို
လက်တဖက်ကကိုင်၊ပါမုန်.နဲ.ချီးစ်ကိုညှပ်ပြီးစား၊သွားကြားထိုးတံတချောင်းနဲ.သွားကြားထိုးပြီး
မြန်မာပြည်တိုးတက်ရေးအတွက်လုပ်နေပါတယ်လို.ဆိုတဲ.လေလုံးထွားနြေဲကတဲ.လူငယ်တွေ
မဟုတ်တော.၊အနဲဆုံးတော.ကွန်ပြူတာဖန်သားပြင်ကနေပြီးကမ္ဘာလောကကြီးကိုရှု.မြင်ခွင်.ရ
သွားခဲ.ပြီးနိုင်ငံရေးကိုမှန်မှန်ကန်ကန်သုံးသပ်နိုင်ကြတဲ.လူငယ်တွေဖြစ်လာနေပါပြီ၊
လူငယ်တို.အတွက်လိုအပ်နေတာကအမြဲတန်းတော်လှန်ေ၇းအတွက်တိုက်ပွဲခေါ်သံတွေမဟုတ်တော.ပါဘူး၊
တိုင်းပြည်တိုးတက်ကောင်းစားရေးအတွက်လိုအပ်နေတဲ.နေရာတွေကနေကွက်လပ်ဖြည်.ပေးကြဖို.ပဲလို
ပါတော.တယ်၊
လူထုခေါင်းဆောင်ရွေးချယ်တဲ.လမ်းကြောင်းဟာမှားသည်ဖြစ်စေ၊မှန်သည်ဖြစ်စေ၊စေတနာကိုအရင်းခံတဲ.
စိတ်ဓာတ်အပြည်.ထားရှိကာတိုင်းပြည်တိုးတက်ဖို.ပူးပေါင်းလုပ်ဆောင်ဖို.လိုအပ်တယ်လို.ခံယူထားတဲ.
အတွက်ကြောင်.ကျွန်တော်တို.တွေလဲအမေ.ကိုအားဖြည်.ဖို.လိုအပ်နေပါပြီဆိုတာပြောပါရစေ၊
နိုင်ငံအတွက်လုပ်တာဟာပရဟိတအလုပ်နှင်.ထပ်တူပဲဖို. လာပါလို.လဲဖိတ်ခေါ်နေဖို.မလိုသလို
၊နှုတ်ထွက်ဖို.လဲမလိုအပ်တာအမှန်ပါပဲလေ၊နိုင်ငံ.ကောင်းကျိုးအတွက်ကျရာထောင်.တနေရာမှ
စေတနာသန်.သန်.နဲ.သာလုပ်ဆောင်သွားကြဖို.အရေးကြီးတာပဲမဟုတ်ပါလား၊
ဟိုးယခင်ကအာဏာရှင်တိုက်ပွဲတွေတုန်းကထပ်တူကျစွာတိုက်ခဲ.ကြခဲ.ပြီးပါပြီ၊ မျိုးဆက်၂ဆက်
စာလောက်ရင်းခဲ.ရပြီးမှယခုလိုအခင်းအကျင်းမျိုးရဖို.စောင်.ခဲ.ရတာရှည်ကြာလှပြီဖြစ်သည်
ယခုမှတိုင်းပြည်အတွက် ၂ဘက်စလုံးမှပူးပေါင်းလုပ်ဆောင်ကြဖို.ညှီနှိုင်းသဘောတူဆောင်ရွက်
ကြချင်းပင်ဖြစ်သည်၊သည်လိုအခင်းအကျင်းမျိုးရခဲလှသည်။တပ်မတော်သားများနှင်.ပူးပေါင်း
လုပ်ဆောင်ရင်းအတွေးအမြင်တွေကိုဖလှယ်ရင်းချစ်ခင်ရင်းနီးမှုကိုပြန်လည်ရယူရဖို.အခွင်.အလမ်း
လဲဖြစ်သည်၊
ဒါကြောင်.လဲအမေစုမှသည်လမ်းကြောင်းကိုရွေးချယ်ခြင်းဖြစ်သည်လို.ထင်ပါသည်၊
ဒါကြောင်.ကျွန်တော်တို.လူငယ်ထုမှယခုအချိန်တွင်လည်းအမေနှင်.ထပ်တူကျဖို.လိုပါလိမ်.မည်၊
ကျွန်တော်ကွန်မြူနစ်ကိုမမုန်းပါ၊ဒါပေမယ်အပေါ်ယံကြောကွန်မြူနစ်ယောင်ယောင်
အရေခြုံပြီးတိုင်းပြည်အတွက်ဖျက်ဆီးလိုတဲ..သူတွေက်ုတော..ဆန်.ကျင်တိုက်ထုတ်
သွားမည်ဖြစ်ပါသည်၊ကားမက်စ်ယုံကြည်ခဲ.ရသောကွန်မြူနစ်သည်ညီမျှသောလူတန်းစား
ကိုအခြေခံသည်.လူဘောင်တရပ်ပေါ်ပေါက်လာဖို.အတွက်သာသူ၏ဒသနအမြင်နှင်.
ရေးသားပြုစုခဲ.ခြင်းဖြစ်သည်၊လူတန်းစားတိုက်ပွဲကိုပဲပုံဖော်ဖို.ဦးစားပေးခဲ.ခြင်းမဟုတ်သလို၊
လီနင်၏တော်လှန်ရေးသည်လဲအခြေခံလူတန်းစားတို.အတွက်ဘုရားစင်ပေါ်ကိုးကွယ်
ရလောက်အောင်ကိုယ်တိုင်ကအောက်ခြေကိုအခြေခံကျကျသိရှိနားလည်ပြီးမှလူ.အဖွဲ.
အစည်းတိုးတက်ဖို.အတွက်လုပ်ဆောင်ခဲ.ခြင်းဖြစ်သည်၊စတာလင်တို.လိုအာဏာရှင်ဆန်ဆန်
လုပ်ယူခဲ.ခြင်းမဟုတ်ပေ၊
ယနေ.ကျွန်တော်တို.လူငယ်တွေအတွက်အရေးကြီးသည်မှာမည်သည်.အယူဝါဒ
အစွဲအလမ်းတွေနောက်၊တယူသန်မျိုးဆက်ဟောင်းအဖွဲ.အစည်းတွေနောက်ကို
လိုက်နေစရာမလိုပဲ၊တိုင်းပြည်တည်ဆောက်ရေးအတွက်တတ်နိုင်သည်.ဘက်မှ
ကိုယ်စွမ်းဥာဏ်စွမ်းရှိသလောက်သာလုပ်ကြဖို.ပဲလိုသည်၊
မည်သူနိင်လို.မည်သူရှုံးသည်ဆိုတဲ.အကျိုးအမြတ်ကိုတွက်နေရမည်.အချိန်ကာလ
မဟုတ်တော.၊
အနိုင်အရှုံးမရှိ၊winwinဖြစ်ကြဖို.သာလိုသည်၊အဓိကတိုင်းပြည်ငြိမ်းချမ်းစွာတိုးတက်ရေးနှင်.
လူတိုင်းပညာတတ်မြောက်ကျရေးသာဖြစ်သည်၊ဒါမှသာနောင်မျိုးဆက်တွေအတွက်
ကမ္ဘာလောကကြီးမှာမြန်မာဆိုတာဂုဏ်ဒြပ်များနှင်.ပြန်လည်ရှင်သန်လာနိုင်မည်ဖြစ်သည်၊
ဒါကြောင်.မြန်မာပြည်ဘာဖြစ်ဖြစ်တော်လှန်ရေးသာရှိနေဖို.အဓိကဆိုသည်.
အချောင်သမားစိတ်ဓာတ်နှင်.တိုက်ပွဲခေါ်ဖို.တာဆူနေသူများကိုရပ်တန်းကရပ်ဖို.
ဒဲ.ဒဲ.ကြီးပဲပြောမည်ဖြစ်သည်၊
ဆက်လက်တိုက်ပွဲဝင်နေဖို.လုပ်နေရင်လည်းမြန်မာပြည်လူငယ်အပေါင်းကအပေါ်ယံ
အရေခြုံကွန်မြူနစ်များနှင်.ပြည်ပြေးမျိုးဆက်ဟောင်းဆိုသူများကိုနေရာပေးတော.မည်
မဟုတ်ပဲအမေ.ဘက်ကသာကာကွယ်တားဆီးဖို.လုပ်သွားမည်ဖြစ်ပါကြောင်း
နဲနဲလေးတို.မယ်၊ဒဲ.ဒဲ.ကြီးကျွေးလိုက်ပါတယ်၊
သားချစ်
Wednesday, November 9, 2011
မောင်မောင်နိုင်ပြီ ထင်လို့လား?
ဦးဖိုးသာအောင်
-၆-၁၁ -၂၀၁၁
x ကမ္ဘာကြီးပြားသွားပြီ
x ဘာလင်တံတိုင်းကြီးလည်း ပြိုသွားပြီ
x ဆိုဗီယက် အင်ပါယာ ပြိုကွဲသွားပြီ
x စစ်အေးတိုက်ပွဲလည်း တဘက်သတ်အနိုင်ဖြင့် ပြီးသွားပြီ
x သမိုင်းတစ်ခေတ် နိဂုံးချုပ်ခဲ့ပြီ
ကမ္ဘာ့နိုင်ငံရေး ရေစီးကြောင်းသည် အသစ်အသစ်သော နယ်ပယ်များကို ဖြတ်သန်းစီးဆင်းမြဲဖြစ်သည်၊
အသစ်အသစ်သော လောကဓံများကို ဆက်လက်ရင်ဆိုင် ဖြတ်သန်းနေဆဲ ဖြစ်သည်၊
သည်ကွေ့သည်တက်နှင့်လှော်ဆိုသည့် မြန်မာစကားပုံသည် အမှန်တရားကို အချိန်နှင့် တပြေးညီ ရှာဖွေနိုင်ရန် ဆုံးမနေသည် မဟုတ်ပါလား၊
လူတွေနှင့် မဆီလျော် မကိုက်ညီတော့သည့် အယူအစွဲများကို စွန့်လွှတ်ကြရန် နှိုးဆော်တိုက်တွန်းနေပါသည်၊
သမိုင်းနိဂုံး ချုပ်ပြီဆိုသည့် အယူအဆကို လက်မခံနိုင်သည့် သူများအတွက် နေရာပျောက်နေပြီကို သတိချပ်သင့်ကြပေသည်။
မြန်မာပြည်တွင်လည်း သမိုင်းတစ်ခေတ် နိဂုံးချုပ်တော့မည်၊ သမိုင်းဟောင်းကို ရင်ဝယ်ပိုက်နေသည့် သက်ရှိသက်မဲ့ ပစ္စည်းများအားလုံးကို ယဉ်ကျေးမှုသမိုင်းပြတိုက်သို့ ပို့ရန် အသင့်ဖြစ်နေကြပါပြီ၊
ရဲဘော်ကြီး ဂိုရှယ်(ခ)ဘတင် ယူဆောင်တင်သွင်းလာသည့် ကားလ်မာက္ခစ်၏ အရင်းကျမ်းကြီးနှင့် ကွန်မြူနစ်ကြေငြာစာတမ်းတို့သည် ပဲကြီးလှော် ထုတ်သည့် စက္ကူအဖြစ်သို့ လျှောကျပြောင်းလဲ သွားပြီဖြစ်သည်၊
ဤသည်တို့နှင့် အတူ မြန်မာ့ဒီမိုကရေစီရေး တရေးနိုးလာပြီ၊ ခေတ်နှင့်အညီတိုးတက်သစ်လွင်သည့် သဘောတရား များကို နားလည်လက်ခံလာကြသည့် မျိုးဆက် ဟောင်း၊ မျိုးဆက်သစ်များလည်း ထွန်းကားလာနေပါသည်၊
အားကောင်းရန် အလားအလာများကိုလည်း မြင်တွေ့ နေရပါသည်။
စစ်အေးတိုက်ပွဲကာလတွင် တရုတ်ကွန်မြူနစ်တိုင်းပြည်ကြီး၏ ဘေးနားမှာကပ်နေသည့် မြန်မာပြည်ကို မြန်မာ ကွန်မြူနစ်နိုင်ငံ မဖြစ်ရေးသည် အမေရိကန်အတွက် အလွန်အရေး ပါတဲ့ကိစ္စ ဖြစ်သဖြင့် စစ်အာဏာရှင်ဗိုလ်နေဝင်းကို အားပေး တွန်းတင်ပြီး ကွန်မြူနစ်နိုင်ငံ မဖြစ်ရေးအတွက် ဆောင်ရွက်အားပေးခဲ့ပါသည်၊
စစ်အေးတိုက်ပွဲကာလ ပြီးဆုံးတဲ့အချိန်မှာတော့ စစ်အာဏာရှင်စနစ်ကြီးတခု မြန်မာပြည်မှာ အဖတ်တင် ကျန်ရစ်ခဲ့ ရပြီး မြန်မာပြည်လည်း ခရုဆန်ကျွတ် ဖွတ်ကျောပြာစု ဖြစ်ခဲ့ရပါတော့သည်၊
မြန်မာပြည်သည် ကွန်မြူနစ်နိုင်ငံတခုဖြစ်လာလျှင်လည်း တရုတ်ပြည်ကြီး၏ လက်ဝဲတော်ရံ မြောက်ကိုရီးယားလို လင်္ကျာတော်ရံ ပြည်မြန်မာတခု ဖြစ်လာပြီး နုးကလီးယားပိုင် ဖွတ်မွဲ နိုင်ငံဖြစ်မည်မှာ မလွဲပါ။
စစ်အာဏာရှင်၏ ဖိနှိပ်မှုဒဏ်ကြောင့် အုံကြွတော်လှန်ခဲ့ကြသည့် မြန်မာပြည်သူတို့နှင့်အတူ ဒေါ်အောင်ဆန်းစုကြည်လည်း တိုက်ပွဲတွင်းမှာ ပေါ်ထွန်းလာခဲ့ပါသည်၊
လူထု၏ ထောက်ခံမှုကို အပြည့်အဝ ရရှိခဲ့သည့် ဒေါ်စုနှင့် သူမ၏ ပါတီသည် အမေရိကန်အတွက် မဟာမိတ်ဖြစ်ရန် မျှော်လင့်ကြိုဆို ခဲ့သော်လည်း အမေရိကန်အတွက် တွက်ခြေမကိုင်ဘဲ နှစ်တွေသာကြာညောင်းခဲ့ ရပါတော့သည်၊
ယခင်က သူအားပေးခဲ့သည့် စစ်အာဏာရှင်တို့သည်လည်း အင်အားကြီးတရုတ်ကွန်မြူနစ်နှင့်ပေါင်းကာ အာဏာနှင့် စည်းစိမ်ကို ကာကွယ် နေရသည့် အခြေအနေကို ရောက်ခဲ့ကြပါသည်၊
စစ်အာဏာရှင်အဟောင်းနှင့် အသစ်တို့သည် သူတို့၏အာဏာကို ကာကွယ်ရန်အတွက် တရုတ်နှင့် အလွန်အကျွံပေါင်းမိသည့် အခြေသို့ပင် ဆိုက်ခဲ့ကြပါတော့သည်၊
ရင်းမြစ်သယံဇာတတို့ကို အိုးရောင်းခွက်ရောင်း ရောင်းရခြင်း၊ နှစ်ရှည်စာချုပ်စာတမ်းများဖြင့် ရင်းနှီးမြှုပ်နှံမှုများ ခွင့်ပြုကြရခြင်းများအပြင် တရုတ်များမြန်မာပြည်ထဲတွင် အလွယ်တကူနေထိုင် စီးပွားရှာခွင့်များကိုပါ လိုက်လျှောရခြင်းများအထိ ပေးဆပ်ကြရ သည်အဖြစ်များပါ ဖြစ်နေပါ တော့သည်။
အမေရိကန်တို့အတွက် မြန်မာအတိုက်အခံများကလည်း သူတို့ဘက်ကိုမပါ၊
စစ်အစိုးရကလည်း တရုတ်ဘက်ကို ရောက်သထက်ရောက်သွားပြီး ကျွံသထက်ကျွံရတော့မည့် အခြေအနေတွင် အမေရိကန်၏ မြန်မာအပေါ် ဆက်ဆံရေးမူဝါဒကိုလည်း ပြန်လည်သုံးသပ်ရပါတော့သည်၊
ဒီအထဲမှာ အမေရိကန်တို့အတွက် ဦးစားပေးဆောင်ရွက်ရမည့် အာရပ်လှိုင်း ပြဿနာများ၊ အာဖဂန်ကိစ္စ စသည်များကလည်း မြန်မာ့အရေးကို နောက်ဆုတ်စေခဲ့ပါသည်၊ ၂၀၁၁ ခု နှစ်ကုန်ပိုင်းတွင် အာရပ်လှိုင်းအရေးမှာလည်း အမေရိကန်တို့အတွက် ရတက်မအေးဖြစ်စရာ မလိုတော့ပါ၊
အာဖဂန်နှင့် ပါကစ္စတန်ဘက်မှာလည်း ပြေလည်မှုတခု ရယူနိုင်သည့် အခြေအနေရှိနေပါသည်၊ ဒါကြောင့် အရှေ့တောင်အာရှက မြန်မာ့အရေး ကို ဂရုစိုက်ရန်ဖြစ်လာပါသည်၊
တပြိုင်နက်တည်းမှာ တရုတ်၏ ပင်လယ်ပြင်အငြင်းပွားမှုပြဿနာများနှင့် တရုတ်ငွေကြေးတန်ဖိုးချထားခြင်း ကိစ္စများနှင့် ကုန်သွယ်ရေး မညီမျှမှုတို့အပေါ် ပြန်လည်တုံ့ပြန်လာခြင်းများ ပေါ်ပေါက်လာပြီး တရုတ်အတွက် အခက်တခု ရင်ဆိုင်နေရတဲ့အချိန် ဖြစ်နေပါသည်။
မြန်မာအတိုက်အခံအဖွဲ့များထဲတွင် အကြီးဆုံးနှင့် အရေးပါဆုံးဖြစ်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် အမေရိကန်နှင့် အနောက်အုပ်စုဘက်သို့ မျက်နှာမမူဘဲ မိမိတို့ဖာသာ ရပ်တည် လှုပ်ရှားနေသည်မှာ နှစ်ပေါင်းနှစ်ဆယ်ကျော်ခဲ့ပါပြီ၊ ဤသို့ဖြစ်ရသည်မှာ ဒီချုပ် ပါတီ ဝင် လူကြီးများ၏ အယူအဆကြောင့်ဟု ဆိုလျှင် မှားမည် မထင်ပါ၊ ပါတီတွင်းတွင်လည်း လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်ရှိသည့်အတိုင်း အနောက်ဘက်ကို လှည့်ချင်သူနှင့် ဆန့်ကျင်သူတို့၏ အားပြိုင်မှုလည်း ရှိနေမည် အမှန်ဖြစ်ပါသည်။
မြန်မာ့နိုင်ငံရေးသမိုင်းသည် ဗမာကွန်မြူနစ်သမိုင်းနှင့် ခွဲလို့မရသည့်အတိုင်း နေရာတိုင်းအဖွဲ့တိုင်းမှာ လက်ဝဲအားသန်သူ၊ အနောက်ဆန့်ကျင်သူများရှိနေခြင်း၊ အဓိကကျသည့် နေရာများတွင်နေရာယူနိုင်ခြင်းများကိုလည်း တွေ့နေရပါသည်၊
ဗမာပြည်ကွန်မြူနစ်ပါတီကတော့ အင်အားချိနဲ့သွားသော်လည်း မြေအောက်ယူဂျီသဏ္ဍန်ဖြင့် အနောက်ဆန့်ကျင်ရေးကို ပြောင်ပြောင် တင်းတင်း ကြွေးကြော်လုပ်ကိုင်ပါသည်၊
အမေရိကန်တပ်ကြီး ဝင်လာလျှင် စစ်အစိုးရနှင့်ပေါင်းပြီး ပြန်တိုက်မည်ဟုပင် ဆိုခဲ့ကြပါသည်၊
ပြည်တွင်းပြည်ပအတိုက်အခံ အဖွဲ့အစည်း အသီးသီးတို့တွင်လည်း လက်ဝဲသန်သူများနှင့် ဗ.က.ပ ယူဂျီများသည် စစ်အာဏာရှင် စနစ် တိုက်ဖျက်ရေးသည် ဒုတိယ၊ အနောက်အုပ်စုမဝင်ရေးသည် ပထမ နေရာမှာထားပြီးလှုပ်ရှားနေခဲ့ကြပါသည်၊
မော်ဝါဒီလက်ကျန် ဗ.က.ပ တို့၏ သြဇာသက်ရောက်မှုသည်လည်း ထိရောက်သည်ကိုတွေ့ရှိနိုင်ပါသည်၊
အဖွဲ့အစည်းများသာမက မီဒီယာကြီးငယ်များထဲတွင်လည်း ထိုးဖောက်နိုင်သည်မှာ သိပ်တော့မဆန်းလှပါ၊
နှစ်ပေါင်းနှစ်ဆယ်လောက် အမေရိကန်နှင့် အနောက်အင်အားစုတွေ မဝင်နိုင်ဘဲ မြန်မာနိုင်ငံသည် တရုတ်၏ စီးပွားရေးနှင့် လူမျိုးရေး လွှမ်းမိုးမှု ကြီးထွားလာနေသည့်အပေါ် အဆိုးမြင်အဖြစ်မသုံးသပ်နိုင်ကြသည့် လက်ဝဲ ယိမ်းတို့သည် သူတို့ကိုင်စွဲထားသည့် လမ်းစဉ်သဘောတရား အတိုင်း ဖြစ်နေကြဟန်တူပါသည်၊
ဒါကြောင့်လည်း မည်သည့်အင်အားစု၏ အကူအညီမပါသည့် လူထုတိုက်ပွဲသက်သက် ဖော်ဆောင်ရေးကိုသာ မိုက်မဲစွာ စိတ်ကူးယဉ်လျှက် ရှိနေကြ ပါသည်။
အင်အယ်ဒီကို ဝိုင်းရံကြဆိုတဲ့ ဆိုင်းပုဒ်ရဲ့အောက်မှာ အင်အယ်ဒီသည် မည်သည့် အနောက်အင်အားစုနှင့်မှ မပူးပေါင်းရေး၊ မရောနှောရေးအတွက် ကြိုးပမ်းခဲ့သည့် လက်ဝဲယိမ်းအုပ်စုများသည် နှစ်ပေါင်းနှစ်ဆယ်လောက်အထိ အောင်မြင်သည်ဟု ဆိုရပါမည်၊ ရှစ်ဆယ့်ရှစ် နောက်ပိုင်း ကိုးဆယ်ခုနှစ်ရွေးကောက်ပွဲ မဝင်ရေးအတွက် ဗ.က.ပ တို့ ကြိုးပန်းမှု မအောင်မြင်ခဲ့ပေမယ့်၊ အင်အယ်ဒီကို လုံးဝမခွဲခွာတော့ပဲ နေခဲ့ပါသည်၊ စစ်အစိုးရ၏ Road Map ခုနှစ်ချက်ကိုလည်း တချက်တလေမှ ရိုက်ချိုးနိုင်ခြင်း မရှိခဲ့သည့်အပြင် တရုတ်နှင့်နီးစပ်လာမှု အပေါ် ဘာမျှပြောဆိုခြင်းလည်း မတွေ့ခဲ့ရပါ။
အာရပ်လှိုင်းတွေရိုက်ခတ်မှု၏ အောင်ပွဲများနှင့်အတူ မြန်မာ့ဒီမိုကရေစီရေးမှာလည်း တစ်ဆစ်ချိုးပြောင်းလဲမည့် အရိပ်အရောင်များ မြင်နေရပါပြီ၊ ရဲဘော်ကြီး ဖိုးသံချောင်းရဲ့ မချိတဲ့အသံနဲ့ ပြောလိုက်တဲ့ “ ဒီတခါ ထဘီလုပွဲမှာ အမေရိကန်တွေ ရသွားပြီ ” ဆိုတဲ့ စကားသည် မြန်မာ့ဒီမိုကရေစီရေးအောင်ပွဲအတွက် ပွဲဦးထွက်မင်္ဂလာစည်သံသဘွယ် ဖြစ်ရပါတော့သည်၊
အင်အယ်ဒီအတွင်းရေးမှူး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်တို့ ပလဲနံပတ်သင့် သွားခြင်းနှင့်အတူ လွတ်လပ်သည့် ဈေးကွက်စီးပွားရေးစနစ်ကို ဖော်ဆောင်ပါမည်ဟု ကြွေးကြော် အကောင်အထည် ဖော်ရာတွင် ထွက်ပေါက်ပိတ် အကြပ်ရိုက်လာသည့် အစိုးရ သစ်၏ ထွက်ပေါက်မှာလည်း အနောက်ဘက်မှာ သာရှိကြောင်း နားလည်လာချိန်တွင် သမတကြီးဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန် (စိန် စု ကန်) သဟဇာတဖြစ်သည့် ကိန်းကိုလည်း ဆိုက်နေပြန်ပါသည်၊
ဤအခြေအနေသည် ခိုင်မာမှုရှိခြင်း မရှိခြင်းကို စောင့်ကြည့်ရမည့် အချက်သည် အင်အယ်ဒီက ရွေးကောက်ပွဲဝင်ခြင်း မဝင်ခြင်းပင် ဖြစ်နေ ပါသည်။
အင်အယ်ဒီရွေးကောက်ပွဲ ဝင်ရေး မဝင်ရေးမှာလည်း သဘာဝအတိုင်း အားပြိုင်မှုများရှိနေမည် ဖြစ်ပါသည်၊ မဝင်ရေးဘက် က အမှန်အကန်ထောက်ပြကြမည့် အဓိကအချက်များမှာ စစ်အာဏာသက်ဆိုးရှည်စေမည့် ၂၀၀၈ အခြေခံဥပဒေ၊ မတရားသဖြင့် ရယူထားသည့် ၂၀၁၀ ရွေးကောက်ပွဲရလာဒ်၊ ၉၀ ခုနှစ်က စစ်မှန်သည့် ရွေးကောက်ပွဲရလာဒ်ကို မတရားဖျက်ဆီးထားခြင်းနှင့် ဥပဒေ အထက်က စစ်တပ်ရှိ နေခြင်းတို့ပင် ဖြစ်သည်။
အင်အယ်ဒီပါတီ ရွေးကောက်ပွဲဝင်ရန် မှတ်ပုံတင်ရေးဘက်က ထောက်ပြကြမည့်အချက်မှာ ၂၀၀၈ အခြေခံဥပဒေနှင့် အစိုးရသစ်သည် မည်သို့ပင်အထက်စီး အသာစီးမှာ ရှိနေစေကာမူ ဝင်၍ပြင်ရန် အလားအလာကောင်းများ ရှိနေပြီဆိုသည့် အချက် ပင်ဖြစ်ပါသည်၊
မြန်မာအစိုးရသစ်၏ ချမှတ်ပြဌါန်းထားသည့် မူဝါဒများကို မှန်ကန်စွာ အကောင်အထည်ဖော်ရန် အခက်အခဲကြီးများနှင့် ရင်ဆိုင်နေရခြင်း၊ ကိုယ်ဖော်သည့်ဆေးကို ကိုယ်မစားဝံ့သလို ဖြစ်နေချိန်တွင် ပြင်ပအကူအညီများ မရလျှင်မဖြစ်နိုင်တော့သည့်အခြေအနေဆိုက်နေချိန်လည်း ဖြစ်နေပါသည်၊ ဒါကြောင့် အတိုက်အခံတွေ မရဘူးတဲ့ လိုက်လျှောမှုများ လုပ်လာနေရတဲ့အခါမျိုးလည်း ဖြစ်နေပါသည်၊
တပြိုင်နက်တည်းမှာ အစိုးရနှင့် အတိုက်အခံများကို ထိရောက်စွာကူညီပံ့ပိုးပေးနိုင်သည့် နိုင်ငံတကာ အင်အားစုကြီးများ ကလည်း အစိုးရသစ်နှင့် အင်အယ်ဒီကို ပေါင်းစည်းညီညွတ်စွာ မြန်မာနိုင်ငံတော်သစ်ကို တည်ဆောက်ရန် လိုလား တောင်းတနေသည့် အတွက် အလွန်လှပ နုညံ့သည့် နိုင်ငံ ရေးအခင်း အကျင်းသစ် တခုဟု ဆိုနိုင်ပါသည်၊
မြန်မာပြည်ပြုပြင်ပြောင်းလဲရေးတွင် အတိုက်အခံဆိုသူများ အားလုံး၏ လက်လှမ်းမီနိုင်သည့် အကောင်းဆုံး အနေအထားဆိုလျှင် မှားမည် မဟုတ်ပါ၊
ဒီအခြေအနေကို အမိအရဆုတ်ကိုင်ပြီး ရွေးကောက်ပွဲဝင်ရန် မှတ်ပုံတင်ဖို့ လိုအပ်ပါသည်။
မအောင်မြင်သည့် ထာဝရတော်လှန်ရေးအယူအဆသည် ပြည်သူကို သတ်နေသည့် အယူအဆမှို့ လက်လွတ်ရန် လိုပါသည်၊
စစ်အာဏာရှင်ကို ယုံလို့ ပုံသည်မဟုတ်ဘဲ မယုံလို့ပေါင်းတာပင် ဖြစ်ပါသည်၊
စုတ်ပြတ်ပြီး အောက်တန်းကျသည့် ကိုယ့်ပြည်တွင်းရေး ကိုယ်ရှင်းမည့် အယူအဆကို မြောင်းပုတ်ထဲမှာ ထားရစ်ပြီး နိုင်ငံတကာ၏ အား၊ မဟာမိတ်တို့၏ အင်အားတို့နှင့်အတူ အကျိုးတူစီးပွားရေး၊ နိုင်ငံရေး တို့ကို ပူးပေါင်းဆောင်ရွက်နေသည့် ဂလိုဘယ်လိုက်ဇေးရှင်းခေတ်ကို အမှီလိုက်ရန်သာ ဖြစ်သည်။
ကြွေးပိနေသည့် ဂရိနိုင်ငံ ဝန်ကြီးချုပ်က နိုင်ငံတာကနှင့်အီးယူက ကူညီဖြေရှင်းသည့်မူကို ငြင်းပယ်လိုက်သဖြင့် ပြည်သူဆန္ဒခံယူပွဲ လုပ်မယ်လို့ ပြောလိုက်တဲ့အခါ နိုင်ငံတကာနှင့် သူ့ဝန်ကြီးတွေက ဆန့်ကျင်လိုက်တာကြောင့် ချက်ချင်းပြန်ပြီး ဆန္ဒခံယူပွဲကို ပယ်ဖျက်ကြောင်း ပြောခဲ့ရတာကို နမူနာအဖြစ် ကြည့်သင်ကြပါတယ်၊
နိုင်ငံတကာရဲ့ လိုလားချက်သည် ဘယ်လောက်အရေးကြီးတယ်ဆိုတာကို ပြသလိုက်တာပါ။
မြန်မာအတိုက်အခံတွေရဲ့ ကြားမှာလည်း အင်အယ်ဒီမှတ်ပုံတင်ရေး မတင်ရေးကိစ္စကြောင့် မကွဲသင့်ကြပါ၊
တိုက်ပွဲမှာ ကျဆုံးသူများ၊ စွန့်လွတ်အနစ်နာခံကြသူများ၏ မျက်နှာကို မကြည့်ဘဲ အစိုးရသစ်နှင့် ပေါင်းတယ်လို့လဲ မစွပ်စွဲသင့်ပါ၊
အစိုးရသစ်သည် အပေါ်ယံဟန်ပြ ပြုပြင်မှုများသာ လုပ်နေသေးသည်ကိုလည်း မငြင်းနိုင်သေးပါ၊
သို့သော် အတိုက်အခံတို့၏ အနုနည်းအကြမ်းနည်း စုံလင်လှသည့် တိုက်ပွဲသဏ္ဍန်အမျိုးမျိုး၏ ရလာဒ်များကိုလည်း မတွေ့ရသေးပါ၊
စစ်အစိုးရဟောင်းက ချမှတ်ခဲ့သည် ROAD MAP ခုနှစ်ချက်အတိုင်း အစိုးရသစ်၏ လက်ထက်အထိ မှန်မှန်ချီတက်နေသည်ကိုသာ တွေ့ရပါသည်။
ပြည်တွင်းပြည်ပ အတိုက်အခံတို့၏ သိသိသာသာတစ်မျိုး မသိမသာတစ်မျိုး ကိုင်စွဲကျင့်သုံးနေသည့် အယူဝါဒမှာ ပြည်ပအကူ အညီအပါဘဲ ကိုယ့်အားကိုယ်ကိုးရေး ဖြစ်နေသောကြောင့် မြန်မာ့ဒီမိုကရေစီရေးတိုက်ပွဲမှာ နှစ်ပေါင်းနှစ်ဆယ် ကျော်ကြာမြင့် ခဲ့ခြင်းပင် ဖြစ်ပါသည်၊
ဤအယူအဆမှာ အရင်းရှင်စနစ်နှင့် အနောက်မုန်း ဗမာကွန်မြူနစ်များ၏ အရိုးစွဲနေသည့် မှားယွင်းသည့် အယူအဆကြီးပါပေ၊
၎င်းအယူအဆမှားကြီးသည် ပြည်တွင်းပြည်ပ အတိုက်အခံအုပ်စုများနှင့် အင်အယ်ဒီပါတီကြီးထဲမှာပင် လွှမ်းမိုးချုပ်ကိုင် နိုင်စွမ်းရှိ နေပါသည်။
ဗိုလ်ချုပ်အောင်ဆန်းတို့ခေတ်က ပြည်ပကို ထွက်ပြီး ပရီပိုဇယ်မရှာပါ၊ ထိရောက်သည့် အကူအညီကိုသာ ရှာပြီး တိုက်ပွဲဝင်ပါသည်၊
ယနေ့ ပြည်ပထွက် အတိုက်အခံအဖွဲ့တွေကတော့ ထိရောက်မည့်အကူအညီမျိုးကို ရှောင်ပြီး ပရီပိုဇယ်စားကာ စစ်အာဏာရှင်ကို အကျိုးပြု သလို ဖြစ်ခဲ့ကြပါသည်၊
ပြည်သူလူထုအတွက် ဝမ်းနည်းဘွယ်ကောင်းလှပါသည်။
လက်ဝဲယိမ်း၊ အနောက်မုန်း၊ ကိုယ့်အားကိုယ်ကိုး အယူအဆရှင်များသည် မြန်မာ့ ဒီမိုကရေစီရေး လမ်းကြောင်းမှန်ကို မည်သို့ပင် အဟန့်အတားပြုနိုင်ကြ သည်ဖြစ်စေ အချိန်အကန့်အသတ် ကိုတော့ မကျော်နိုင်ကြ တော့ပါ၊
၂၀၁၁ ခု နှစ်ကုန်ပိုင်းကာလသည် အနောက်ဒီမိုကရေစီ အင်အားစုကြီးများ၏ ထဲထဲဝင်ဝင် ဝင်ရောက်ပြီး ဒီမိုကရေစီ စီးဆင်းရေး ရေစီးကြောင်း ဖောက်လုပ်နေကြပြီကို တွေ့နေရပြီဖြစ်ပါသည်။
အစိုးရသစ်ထဲမှာလည်းကောင်း အင်အယ်ဒီထဲမှာလည်းကောင်း နိုင်ငံတကာနှင့်အတူတူ ပူးပေါင်း ဆောင်ရွက်လိုစိတ် ရှိသူများသည်သာ ယနေ့မြန်မာ့ဒီမိုကရေစီရေး တိုးတက်ပြောင်းလဲမှုကို ဖော်ဆောင်နိုင်ပြီး လူထုကိုကယ်တင်ပါလိမ့်မည်၊
အစိုးရသစ်ထဲတွင်လည်းကောင်း အတိုက်အခံများထဲတွင်လည်းကောင်း နိုင်ငံတကာနှင့် ပူးပေါင်း ဆောင်ရွက်လိုစိတ် မရှိသူများနှင့် ခံစားချက်ကို ရှေ့တန်းတင်ပြီး အယူအစွဲကြီး သူများ ကိုယ်ကျိုးရှာသူများ ကတော့ တိုင်းပြည်နှင့်လူထုကို ကမ္ဘာနှင့် အဆက်ဖြတ်ပြီး နွံထဲသို့တွန်းပို့နေ သူများသာ ဖြစ်သွားပါ လိမ့်မည်။
သို့သော် သမိုင်းတစ်ခေတ် နောက်ကြောင်းပြန်မည် မဟုတ်တော့ပါ၊
အိုင်းပက်နှင့် မိုဘိုင်းခေတ်ကို လူငယ်တွေ ပိုင်ဆိုင်နေပါပြီ၊
သူတို့ ကမ္ဘာကို ပတ်ချင်နေကြပါပြီ၊
ဘယ်သူမှ မတားဆီးနိုင်ပါ၊ မြန်မာ့နိုင်ငံရေးမှာ နိုင်ငံတကာက မပါဝင်နိုင်အောင် နှစ်ပေါင်းနှစ်ဆယ်ကျော် တားဆီးနိုင်ခဲ့ကြသည့် အစိုးရနှင့် အတိုက်အခံထဲမှ မိုက်ခဲတို့ရေ “ မောင်မောင်နိုင်ပြီ ထင်လို့လား ” လို့ မေးခွန်းထုတ်ရပါတော့မည်။
ဒါကြောင့် ဒေါ်စုနှင့် အင်အယ်ဒီကို ရွေးကောက်ပွဲဝင်ရန် မှတ်ပုံတင်ဖို့ တိုက်တွန်းလိုပါသည်၊
လွှတ်တော်ထဲမှနေပြီး နိုင်ငံတကာနှင့် ဆက်ဆံ ဆက်သွယ်ခြင်းဖြင့် မြန်မာ့အရေးကို အကောင်းဘက်သို့တိုးတက် ပြောင်းလဲစေရန် ဆောင်ရွက် နိုင်ကြမည်သာ ဖြစ်ပါကြောင်း။ ။
- ဦးဖိုးသာအောင်
06.11.11၊
ပဋိပက္ခကြားက မြန်မာနိုင်ငံ - အာရှရဲ့ ဘော့စနီးယား ဖြစ်နိုင်သလား ။
Tuesday, 11 October 2011 08:55 လှရွှေ ။       
              ၁၉၉၈ ခုနှစ်က ကျနော် ခေတ်ဟောင်း ရခိုင်သမိုင်းကို လေ့လာနေတဲ့ အချိန်မှာ ဗမာ့သမိုင်းပ ညာရှင်ကြီး ဒေါက်တာသန်းထွန်းက နှစ်ပေါင်း ၃၀၀ ကျော် တည်တံ့ခဲ့တဲ့ မြောက်ဦးခေတ် ဘာကြောင့် ရုတ်တရက် ပျက်သုဉ်းသွားသလဲလို့ မေးပါတယ်။
အဖြေကို တစ်ခွန်းတည်းနှင့် ပေးပါတဲ့။ ကျနော်ရဲ့ အဖြေက စည်းလုံးမှု မရှိတဲ့အတွက် မြောက်ဦးခေတ် နိဂုံးချုပ်ရတဲ့ အကြောင်း ပြန်လည်ဖြေခဲ့ပါတယ်။  ရခိုင်ရဲ့ မြောက်ဦးခေတ်ဆိုတာ အေဒီ ၁၄၃၀ ကနေ ၁၇၈၄ ခုနှစ်အထိ နှစ်ပေါင်း ၃၅၄ နှစ် ကြာခဲ့ပါတယ်။ နှစ်ပေါင်း ၃၀၀ ကျော် အတွင်းမှာ တည် ဆောက်ခဲ့တဲ့ ကာကွယ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး စနစ်တွေဟာ မုဆိုးဖို ရွာသူကြီး စတင် တည်ထောင်ခဲ့တဲ့ ကုန်းဘောင် မင်းဆက် ၁၇၅၂ က နှစ်ပေါင်း ၃၂ နှစ် အကြာမှာ သိမ်းပိုက်နိုင်ခဲ့ပါတယ်။
ဒီနေ့ မြန်မာနိုင်ငံရဲ့ လက်ရှိအနေအထားကို ကြည့်ရင် စည်းလုံးမှု ပျက်ပြားနေတဲ့အချိန် ဖြစ်ပါတယ်။ စစ်အစိုးရ အဆက်အဆက်ကို လက်နက်ကိုင် တော်လှန်နေတဲ့ ရခိုင်၊ ချင်း၊ ကချင်၊ ရှမ်း၊ ကရင်နီ၊ ကရင်၊ မွန် စတဲ့ တိုင်းရင်းသားများ အပါအ၀င် အဖွဲ့ပေါင်း ၂၀ ကျော် ရှိပါတယ်။ အချို့သော လက်နက်ကိုင် အဖွဲ့တွေဟာ စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး လုပ်ထားကြသလို၊ အပစ်အခတ် ရပ်စဲရေး မလုပ်တဲ့ အဖွဲ့တွေလည်း ရှိနေပါသေးတယ်။ အပစ်အခတ် ရပ်စဲရေး လုပ်ခဲ့ကြတဲ့ အဖွဲ့တွေထဲမှာ UWSA၊ SSA-North၊ KIO တို့က အင်အားအကြီးဆုံးသော အဖွဲ့တွေ ဖြစ်ကြပါတယ်။ ၁၉၈၈ ခုနှစ် နောက်ပိုင်း စစ်အစိုးရရဲ့ ညံ့ဖျင်းတဲ့ နိုင်ငံရေး၊ စစ်ရေး မဟာဗျူဟာတွေကြောင့် အချို့သော လူမျိုးစု လက်နက်ကိုင် တပ်တွေဟာ အယင်ကထက် စစ်ရေး၊ နိုင်ငံရေးမှာ အင်အား တောင့်တင်းလာ ခဲ့ပါတယ်။
            အဲဒီ အထဲကမှ “၀” လူမျိုးစု လက်နက်ကိုင်တပ် UWSA ဆိုတာ တိုင်းရင်းသား လက်နက်ကိုင် တပ်တွေထဲမှာ အင်အားအကြီးဆုံး ဖြစ်ပါတယ်။ လက်နက်ကိုင် အင်အား (၂၅၀၀၀) နှစ်သောင်းခွဲနှင့် လက်နက် အပိုအလျှံ အရေအတွက်က (၃၀၀၀၀) သုံးသောင်းလောက် ရှိပါတယ်။ စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး လုပ်ပြီးတဲ့ နောက်ပိုင်း မြန်မာနိုင်ငံရဲ့ စီးပွားရေးလုပ်ငန်း များစွာမှာ ဒေါ်လာ ဘီလီယံနှင့် ချီပြီး ရင်းနှီး မြုပ်နှံထားတဲ့ လက်နက်ကိုင် အဖွဲ့ ဖြစ်ပါတယ်။ စက်တင်ဘာလမှာ ထွက်ပေါ်လာတဲ့ ၀ီကီလိ သတင်းဖွင့်ထုတ်ချက် အရ ဆိုရင် UWSA က ရင်းနှီးမြုပ်နှံမှုငွေ ဒေါ်လာ ၂ ဘီလီယံ ရှိပါတယ်။
ကျနော်တို့ သိခဲ့တဲ့ “၀” လူမျိုးဆိုတာ စာမတတ်၊ ပေမတတ် တောင်ပေါ်သားတွေ အဖြစ်သာ သိခဲ့ပါတယ်။ အခုအချိန်မှာတော့ လက်နက်ငယ် ထုတ်လုပ်တဲ့စက်ရုံတွေ၊ မြေပြင်မှ ဝေဟင်ပစ် ဒုံးလက်နက်တွေ ပိုင်ဆိုင် ထားတဲ့ “၀” တပ်မတော် ဖြစ်နေပါပြီ။
          ကချင်ဖက် ကြည့်မယ်ဆိုရင် ဌာနချုပ် “လိုင်ဇာ” ဆိုတာကလည်း မြို့ပြနိုင်ငံအဖြစ် တင်စား လို့ရတဲ့ အနေအထားကို ရောက်နေပါပြီ။ တာဝန် ထမ်းဆောင်နေတဲ့ တပ်သားအရေ အတွက်က (၁၀၀၀၀) တစ်သောင်းနှင့် အရန်တပ်သားက (၁၀၀၀၀) တစ်သောင်းရှိကြောင်း KIA တာဝန်ရှိသူတဦးမှ ပြောဆို ခဲ့ဖူးပါတယ်။ လက်နက်ငယ် ထုတ်လုပ်တဲ့ စက်ရုံတွေကို ပိုင်ဆိုင်ထားတဲ့ အဖွဲ့ ဖြစ်ပါတယ်။
         ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်ကလည်း တပ်မဟာ (၇) ခု၊ တပ်သား အရေအတွက် (၃၀၀၀) သုံးထောင်လောက် လှုပ်ရှားနေပြီး၊ လက်နက်ကိုင် အရေအတွက် (၇၀၀၀) လောက်ရှိတဲ့ သက်တမ်း အရင့်ဆုံး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ဖြစ်ပါတယ်။
ရှမ်းပြည်နယ်ဘက်ကို ကြည့်မယ်ဆိုရင် (SSA-South) တခုတည်းမှာတင် တပ်သား အရေအ တွက်က (၂၀၀၀၀) နှစ်သောင်း ၀န်းကျင်ရှိနေပါတယ်။ တိုင်းရင်းသားတွေရဲ့ လက်နက်ကိုင် တော်လှန်မှု သမိုင်းမှာ အင်အား အရေအတွက်အရ အများပြားဆုံး အချိန်လို့တောင် ပြောနိုင်ပါ တယ်။ လူမျိုးနွယ်စု များပြားလှတဲ့ နိုင်ငံတခုရဲ့ စည်းလုံးမှု ပြိုကွဲနေတဲ့ လက္ခဏာ အပြည့်ရှိတဲ့ နိုင်ငံတခု ဖြစ်တယ်ဆိုတာ ဘယ်သူမှ ငြင်းလို့ရမှာ မဟုတ်ပါဘူး။ ပုဂံခေတ်ကနေ ကုန်းဘောင် မင်းဆက်အထိ မြန်မာ့သမိုင်းကို ပြန်ကြည့်ရင် တိုင်းရင်းသားတွေရဲ့ နယ်မြေ အေးချမ်း တည်ငြိမ်မှု မရှိဘူးဆိုရင် ဗမာပဒေသရာဇ် ဘုရင်တွေရဲ့ အုပ်ချုပ်ရေးဟာလည်း ဘယ်တော့မှ တည်ငြိမ်လေ့ မရှိပါဘူး။ ထီးနန်းစွန့်ရတဲ့ အနေအထားမျိုးကိုတောင် ရောက်တတ်တာကို တွေ့နိုင်ပါတယ်။
          အခုလက်ရှိ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အခင်းအကျင်းကို ကြည့်မယ်ဆိုရင် စစ်အစိုးရဲ့ တိုင်းရင်းသား ပြည်သူတွေအပေါ် ဖိနှိပ်မှုက အမြင့်ဆုံးကို ရောက်နေပါတယ်။ ပြည်တွင်း စစ်မီးလျှံ တောက်လောင်နေဆဲ။ တိုင်းရင်းသားအရေးနှင့် ပတ်သက်ပြီး ဗမာအပါအ၀င် တိုင်းရင်းသားလူမျိုးတွေ အတွင်းမှာလည်း အမြင်မတူမှုတွေ၊ စိတ်ဝမ်းကွဲမှုတွေ ရှိနေပါတယ်။ တိုင်းရင်းသားတွေအပေါ် ရာသက်ပန် ဖိနှိပ်ထားလိုတဲ့ စစ်အုပ်စုတွေနှင့် တိုင်းရင်းသားတွေ အပေါ် နားလည်နိုင်မယ်လို့ ယူဆရတဲ့ လစ်ဘရယ် ဒီမိုကရက် အင်အားစုတွေရဲ့ စိတ်ဝမ်းကွဲမှု ကလည်း ညှိနှိုင်းလို့ ရနိုင်မယ့် အနေအထား မရှိဘူးဆိုတာ ကျနော်တို့ မြင်တွေ့မြင်နိုင်ပါတယ်။
          မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း နိုင်ငံများကို ကြည့်မယ်ဆိုရင် တရုတ်နိုင်ငံရဲ့ အနေအထားဟာ စစ်အစိုးရ အပေါ်မှာ နိုင်ငံရေး၊ စီးပွားရေးအရ လိုက်လျောပြီး အမြတ်ထုတ်ဝါဒနှင့် ပေါင်းနေပေမဲ့ တဖက်မှာ “UWSA” ကို အင်အား တောင့်တင်းတဲ့ လက်နက်ကိုင် တပ်မတော် တရပ် ပေါ်ပေါက် လာအောင် ကူညီခဲ့တယ်။ ဒီနေရာမှာ ကျနော်တို့ အနေနဲ့ တူညီတဲ့ အမျိုးသားရေးနဲ့ အမှတ်အသားသရုပ် လက္ခဏာဟာ ပေါင်းစည်းမှု သဘောကို ဆောင်တယ်လို့ မှတ်ချက်ချနိုင်ပါတယ်။ “၀” တွေဟာ တရုတ် စကားပြောတဲ့လူမျိုး ဖြစ်နေပြီး၊ တရုတ်ထုံးတမ်း အစဉ်အလာကို နှစ်သက်မြတ်နိုးတဲ့ တိုင်းရင်းသား လူမျိုးစု ဖြစ်လေတော့ တရုတ်ရဲ့ သြဇာကို တည်ထောင်လို့ ကောင်းတဲ့ လူမျိုးစု အဖြစ် တည်ရှိနေပါတယ်။ “၀” လက်နက်ကိုင်တပ်ဟာ သဘောအရ ပြောရရင် နဂါးကြီးရဲ့ “ကုတ်တံ” ဖြစ်နေပါတယ်။
ဘော့စနီးယားစစ်ပွဲဟာ မြန်မာနိုင်ငံအတွင်းမှာ နေထိုင်နေတဲ့ တိုင်းရင်းသား ပေါင်းစုံ လေ့လာသင့်တဲ့ စစ်ပွဲတခု ဖြစ်တယ်။ ဘာသာရေး၊ လူမျိုးရေး မုန်းတီးမှု၊ ရုရှားအနွယ်ဝင် “ဆာ့ဗ်” လူမျိုးစု အပေါ်မှာ ရုရှားရဲ့ မြှောက်ထိုး ပင့်ကော်ပေးမှုကြောင့် ပေါ်ပေါက်ခဲ့တဲ့ စစ်အနိဌာရုံ အပြည့်နဲ့ မျိုးဖြုတ် သန့်စင်ရေး စစ်ပွဲဖြစ်ခဲ့ပါတယ်။
          ကျနော့်နှင့် ဆွေးနွေးဖူးတဲ့ တိုင်းရင်းသား ခေါင်းဆောင်တချို့ဆိုရင် “၀” ရဲ့ အင်အား ကြီးထွားမှုကို အပြုသဘောဆောင်သော တိုင်းရင်းသားတွေရဲ့ အင်အားတစ်ရပ် အဖြစ် မြင်လေ့ရှိပါတယ်။ “၀” နယ်မြေဆိုတာ မြန်မာနှင့် တရုတ်ကြားမှာ ရှိတဲ့ ပြဿနာတွေ ပေါ်ပေါက်နိုင်တဲ့ အထိမခံတဲ့ နယ်မြေကော မဖြစ်နိုင်ပေဘူးလား။ ကမ္ဘာပေါ်မှာ ပေါ်ပေါက်ခဲ့တဲ့ စစ်ပွဲပေါင်း (၁၇၀၀) ကျော် ရှိတယ်လို့ ဟန်တင်တန်ရဲ့ “ယဉ်ကျေးမှုများ တိုးတိုက်မိခြင်း” စာအုပ်မှာ လေ့လာခဲ့ဖူးပါတယ်။ အများဆုံးကတော့ မတူညီတဲ့ ယဉ်ကျေးမှုတွေ အကြားမှာ ပေါ်ပေါက်ခဲ့တာလို့ ဆိုပါတယ်။ အထူးသဖြင့် “Fault Line” လို့ခေါ်တဲ့ နေရာတွေကနေ စတင် ပေါ်ပေါက်ခဲ့ကြောင်း တင်ပြထားပါတယ်။
          “၀” ဒေသဟာ မြန်မာနိုင်ငံရဲ့ အက်ကြောင်းတခု မဖြစ်နိုင်ဘူးလား။
“၀” ရဲ့ အချုပ်အခြာပိုင်မှုကို ကြည့်ရင် လက်ရှိ အခြေအနေမှာ စစ်အစိုးရရဲ့ ထိန်းချုပ်မှု အောက်က လုံးဝ လွတ်ကင်းနေတာကို တွေ့ရပါမယ်။ ဗဟို အစိုးရကို အဓိကစိန်ခေါ်မှုလုပ်တဲ့ ထင်ရှားတဲ့ ဖြစ်ရပ်ကတော့ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို လုံးဝ လက်မခံခြင်းနှင့် (၂၀၁၀) ရွေးကောက်ပွဲ ကို “၀” ဒေသမှာ လုံးဝ လုပ်ခွင့် မပေးခြင်းတို့ ဖြစ်ပါတယ်။ ခြုံကြည့်လိုက်ရင် “၀” ဒေသဟာ သီးခြားလွတ်လပ်တဲ့ နိုင်ငံတခုလို ဖြစ်နေပါတယ်။
           အခု ရက်ပိုင်း တက်လာတဲ့ သတင်းတွေ အရဆိုရင် မြန်မာ စစ်ခေါင်းဆောင်တွေဟာ (UWSA) ကို ဖိအားပေးနေခဲ့တဲ့ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို စွန့်လွတ်ခဲ့ကြောင်း တွေ့ရတယ်။ ဒီသတင်းကို ကြည့်ရင် စစ်အစိုးရက (UWSA) ကို သွယ်ဝိုက်သောနည်းဖြင့် မြန်မာနိုင်ငံထဲက သီးခြားနိုင်ငံတခုအဖြစ် အသိအမှတ် ပြုပေးလိုက်တာ ဖြစ်ပါတယ်။
မြန်မာ စစ်အာဏာပိုင်တွေဟာ ၂၀၀၉ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ သီရိလင်္ကာတပ်တွေက တမီးလ် လူမျိုးစုအပေါ် အပြတ်အသတ်၊ အမြစ်ပြတ် ချေမှုန်းလိုက်တာကို အလေးအနက်ထား လေ့လာခဲ့ကြတယ်လို့ အချို့သော မှတ်တမ်းတွေမှာ ဖတ်ရပါတယ်။ သိရိလင်္ကာ သင်ခန်းစာ အရဆိုရင် လက်ရှိ မြန်မာ့တပ်မတော်ရဲ့ အင်အားဟာ UWSA လို လက်နက်ကိုင် တပ်တွေကို အပြတ် ချေမှုန်းနိုင်ပါတယ်။ ဒါပေမယ့် မြန်မာစစ်ခေါင်းဆောင်တွေဟာ “၀” ကို မတို့မထိရဲ ဖြစ်နေတာကို ကြည့်ရင် သူရဲ့ နောက်ကွယ်မှာ ဘယ်သူတွေ ရှိနေလဲဆိုတာ ခန့်မှန်းနိုင် ပါတယ်။
          ပြည်ပနိုင်ငံကြီး တခုက မြန်မာပြည်တွင်းရေးကို ကစားလိုတဲ့အချိန် ဘယ်အချိန်မဆို ကစားလို့ရတဲ့ အနေအထားမျိုးကို ရောက်နေပါပြီ။ စစ်အစိုးရကို တိုက်ခိုက်နေတဲ့  တိုင်းရင်းသား လက်နက်ကိုင်တပ် စုစုပေါင်း အရေအတွက်ဟာ (၈၀၀၀၀) ရှစ်သောင်းနှင့် တသိန်း အကြား ရှိနေပါတယ်။ ပြည်ပနိုင်ငံကြီး တခုက အစိတ်အပိုင်း အနည်းငယ်လောက် ၀င်ရောက် စွက်ဖက်လိုက်ရုံနှင့် လက်ရှိ မြန်မာနိုင်ငံရဲ့ အနေအထားဟာ အာရှရဲ့ ဘော့စနီးယားလို ဖြစ်လာနိုင်ကြောင်း။       ။
လှရွှေ။
စာရေးသူ လှရွှေသည် ရန်ကုန်တက္ကသိုလ်တွင် ခေတ်ဟောင်းသမိုင်းကို လေ့လာခဲ့သည်။ နယ်စပ်ဒေသတွင် ရခိုင် သတင်းစဉ် အယ်ဒီတာ၊ ရခိုင်ပြည် အမျိုးသားကောင်စီ နိုင်ငံခြားရေး ကော်မတီအဖွဲ့ဝင်၊ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ကောင်စီရုံးတွင် လက်ထောက် ဒါရိုက်တာအဖြစ် တာဝန်ထမ်း ဆောင်ခဲ့သည်။ သမိုင်းနှင့်နိုင်ငံရေး သိပ္ပံဘာသာရပ်ကို CDC တွင် တာဝန်ယူ သင်ကြားလျက်ရှိသည်။
References:
Armed conflict report on Burma, Ploughshares
Human Rights Watch, Sold to Be Soldiers, The Recruitment and Use of Child Soldiers in Burma, October 2007 Report;
Reports of the Secretary General on Children and Armed Conflict, see the 2003, 2005, 2006 and 2007 reports.
တိုင်းရင်းသား ခေါင်းဆောင်များနှင့် တွေ့ဆုံမေးမြန်းချက်များ
နောက်ဆက်တွဲ။     ။
အပစ်အခတ်ရပ်အဖွဲ့များနှင့် လက်နက်ကိုင်တိုက်ပွဲဝင်နေဆဲ တိုင်းရင်းသား အဖွဲ့အစည်းများစာရင်း
Non-ceasefire groups
    * Arakan Liberation Party (ALP)
    * Karenni Army (KA)
    * Karen National Liberation Army (KNLA)
    * Karen National Defense Organization (KNDO)
    * Karen National Union (KNU)
    * Karenni National Progressive Party (KNPP)
    * Shan State Army - South (SSA-S)
    * Kachin Independence Army (KIA)
    * Democratic Karen Buddhist Army (DKBA)
    * Mon National Liberation Army (MNLA)
    * Mong Thai Army (MTA)
    * Rebellion Resistance Force
    * KNU-KNLA Peace Council
    * Chin National Front (CNF)
Ceasefire groups
    * United Wa State Army (UWSA)
    * Kachin Independence Organization (KIO)
    * New Mon State Party (NMSP)
    * New Democratic Army - Kachin (NDA-K)
    * Myanmar National Democratic Alliance Army (MNDAA)
    * Mongko Defense Army (MKO)
    * National Democratic Alliance Army (NDAA)
    * Kachin Defense Army (KDA)
    * Pao National Organization (PNO)
    * Palaung State Liberation Party (PSLP)
    * Kayan National Guard (KNG)
    * Karenni Nationalites People's Liberation Front (KNPLF)
    * Kayan New Land Party (KNLP)
    * Shan Nationalites People's Liberation Organization (SNPLO)
`စတုထ္ထမဏ္ဍိုင်ကို ချည်နှောင်ထားသေးသော အောက်ခြေမှ ကြိုးနီစလေးမျာ
နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်မှ စာနယ်ဇင်းများနှင့် သတင်းမီဒီယာများအား တိုင်းပြည်အတွက် စတုထ္ထမဏ္ဍိုင် အဖြစ် ထားရှိပြီး အားကိုးကြောင်း မိန်းခွန်းများမှာ ကြားသိနေရပါတယ်။ ဒီမိုကရေစီစနစ်ဖြင့် တိုင်းပြည်တိုးတက် ကောင်းစားရေး အတွက် ဥပဒေပြုရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင်ကြီးများ(၃)ခု အား စတုထ္ထမဏ္ဍိုင် ဖြစ်တဲ့စာနယ်ဇင်းသမားများမှတဆင့် (ပဉ္စမမဏ္ဍိုင်ဟု ခေါ်ဆိုနိုင်သော ပြည်သူများ)၏ အသံကို ကြားချင်ကြပါတယ်လို့ ဆိုထားပါတယ်။ ဒါကြောင့် ပြည်သူ့အသံ၊ လွှတ်တော်အသံ။ ပြည်သူ့ဆန္ဒ၊ လွှတ်တော်ဆန္ဒ။ ဖြစ်စေရမည်ဟု ယခုနိုင်ငံတော်အစိုးရသစ်အဖွဲ့ နှင့် ပြည်သူ့လွှတ်တော်များမှသံဓိဌာန်ချမှတ်ပြီး အကောင်အထည်ဖော်၍ ဆောင်ရွက်နေ ကြပါတယ်ခင်ဗျာ..။ ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒကို အလေးထားဆောင်ရွက်ပေးခြင်းဖြစ်တဲ့ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်မှ (ဧရာဝတီမြစ်ဆုံဆည် စီမံကိန်းကြီး) အား ရပ်ဆိုင်းပေးလိုက်ခြင်းက သက်သေပြနေပါတယ်။ သတင်းမီဒီယာလွတ်လပ်ခွင့်ကိုလည်း နေပြည်တော် ပြည်သူလွှတ်တော်များ အတွင်းအထိ ပြည်တွင်း၊ပြည်ပမှ သတင်းထောက်များကို တံခါဖွင့်ထားပါတယ်။ ယခုဆိုလျှင် နေပြည်တော်မှာ ပြည်ပသတင်းဌာနများဖြစ်တဲ့ ဗီအိုအေ သတင်းဌာနနှင့် ဘီဘီစီသတင်းဌာနများမှ အခြေစိုက်သတင်းထောက်များကိုပါ နေထိုင်ခွင့်ပြုပြီး သတင်းယူနိုင်ရန် သတင်းလွတ်လပ်ခွင့် များကို ဖွင့်ပေးထားတာ ကမ္ဘာသိဖြစ်ပါတယ်။
သို့သော်.. အထက်ပိုင်းအဆင့်များတွင် ပြောင်းလဲနေသော်လည်း အောက်ခြေအဆင့်များမှာ ယခင်ကအတိုင်း အချို့နေရာများမှာ ပြုပြင် ပြောင်းလဲမှု မရှိကြသေးပါ။ အရာရာကိစ္စများမှာ အကြောက်တရားများ စိုးမိုးနေကြသည် ထင်ပါတယ်။ စာရေးသူ သတင်းသွားယူစဉ်က အဖြစ်မှန် သာဓက တစ်ခုကို တင်ပြပါရစေ….။
ကျွန်တော် ၂၀၁၁၊ အောက်တိုဘာလထဲမှာ သဘာဝဘေးဒါဏ်ကျရောက်နေတဲ့ ဒေသများကို သွားရောက်သတင်းယူခဲ့ ပါတယ်။ သတင်းဓာတ်ပုံများရိုက်ပါတယ်။ တာဝန်ရှိသူ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများထံ သတင်းမေးမြန်းပါတယ်။ ဘေးအန္တရာယ် ဖြစ်ပေါ်၍ ပျက်စီးနေသော ဓာတ်ပုံများကို သတင်းမှတ်တမ်းတင်နေစဉ် ကျွန်တော့်ကို တာဝန်ကျ လုံခြုံရေးရဲတပ်သား တစ်ဦး မှ အထက်အရာရှိထံ တွေ့ဆုံရန်ဆိုပြီး လာရောက်ခေါ်ပါတယ်။ လိုက်သွားခဲ့ပါတယ်။ အနီးစပ်ဆုံး ကယ်ဆယ်ရေးစခန်းတစ်ခု ကို ရောက်သွားပါတယ်။ ကံကောင်းချင်တော့ ကယ်ဆယ်ရေးစခန်းက ဘုန်းကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော်ဘုရားမှာ ကျွန်တော်နှင့် ယခင်က ရင်းနှီးကျွမ်းဝင်ခဲ့တဲ့ ဆရာရင်း၊ ဒကာရှင်း ဖြစ်နေပါတယ်။ ဆရာတော်မှ ကယ်ဆယ်ရေးစခန်းမှာရှိနေကြတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးဆိုသူရယ်၊ ကျွန်တော့်ကို ခေါ်လာသောရဲတပ်သားနဲ့ ကယ်ဆယ်ရေးအဖွဲ့ရှိ ပုဂ္ဂိုလ်များကို ကျွန်တော့အား မိတ်ဆက်ပေးပါတယ်။ ကျွန်တော့်ထံပါလာတဲ့ နိုင်ငံသားစီစစ်ရေးကဒ်၊ မြန်မာနိုင်ငံ စာပေနှင့်စာနယ်ဇင်းအဖွဲ့ဝင်ကတ် ၊ ဂျာနယ်တိုက်က သတင်းထောက် သတင်းယူရန် ဂျာနယ်တိုက်မှ ထုတ်ပေးထားသော ဓာတ်ပုံပါ လည်ဆွဲကတ် စတာတွေကို ထုတ်ပြပါတယ်။ ဒါနဲ့ ..စာရေးသူလည်း အိုကေပြီထင်လို့ ကယ်ဆယ်ရေးစခမ်းက ကျေးရွာအုပ်ချုပ်ရေးမှူးကို သိလိုသော သတင်းအချက်အလက် များကို မေးမြန်းပါတယ်။ အင်း… ဟုတ်ကဲ့ ခဏနေပါအုံး။ ကျွန်တော်တို့ မြို့နယ်အုပ်ချုပ်ရေးမှူးထံ ဖုန်းဆက်ပါရစေ.. ဆိုပြီးထွက်သွားပါတယ်။ ကျောင်းထိုင်ဆရာတော်ကိုကပ်ပြောသွားပါတယ်။ ဆရာတော်ဧည့်သည်ကို ခေတ္တထိမ်းထားပေးပါ ဆိုပြီး မှာသွားပါတယ်။ တော်တော်လေးကြာတော့ ကျေးရွာအုပ်ချုပ်ရေးမှူးဆိုသူ ပြန်လာပါတယ်။ ဆရာတော်ရဲ့ မိတ်ဆွေဧည့်သည်လည်း ဖြစ်နေတော့ ကဲ.. သိလိုတာကို မေးပါလို့ သူကဆိုပါတယ်။ ကျွန်တော်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတို့ မေးမြန်းပြောဆိုပြီး နောက်ဆုံးစကားတခွန်းနဲ့ သူက ကျွန်တော့်ကို နှုတ်ပိတ်လိုက်ပြန်ပါတယ်..။ (ဆရာ.. ကျွန်တော့်မြို့နယ်အုပ်ချုပ်ရေးမှူးကမှာလိုက် ပါတယ်..။ သိပ်ပြီး ဆိုးဆိုးရွားရွားကြီးတွေကိုတော့ မရေးစေချင်ပါဘူး..) တဲ့။
သြော် သတင်းမီဒီယာဆိုတာ အဆိုးမြင်သမားများမဟုတ်ကြပါ။ တိုင်းပြည်တိုးတက်ချမ်းသာဖို့အရေး အဆိုး အကောင်းများ၏ အဖြစ်မှန်များကို အကျိုးအကြောင်းခိုင်လုံစွာဖြင့် ပြည်သူ လူထုရဲ့အသံများအား(ဂျာနယ်များမှာ) ထုတ်ဖော်ရေးသားနေသူများသာ ဖြစ်ကြပါတယ်။ ဒါမှလည်း ယခုလို ကျရောက်ခံစားနေရတဲ့ သဘာဝဘေးဒုက္ခများအတွက် အချိန်မှီ လိုအပ်သည်များကို ၀ိုင်းဝန်းကယ်ဆယ်ကူညီ လှူဒါန်းဆောင်ရွက်နိုင်ကြမည် မဟုတ်ပါလား?။ တိုင်းပြည်တိုးတက် ကောင်းစားရေးအတွက် တစ်ဖက်တစ်လမ်းမှ ဆောင်ရွက်ပေးနေသော စတုထ္ထမဏ္ဍိုင်ဖြစ်တဲ့ ကျွန်တော်တို့သတင်းမီဒီယာများ ကို ၀ိုင်းဝန်းကူညီစေချင်ပါကြောင်း တောင်းဆိုလိုက်ရပါတယ်..။
ရွှေလမ်းငွေလမ်းဝင်းကြည်
မော်နီတာ သတင်းဂျာနယ်
အတွဲ(၁) အမှတ်(၇၇)
၂၀၁၁၊ နိုဝင်ဘာ(၆)ရက်ထုတ် တွင် ဖော်ပြထားပါသည်။
ဦးရာဇတ်မှသည် ကိုမြအေးအထိ သို့သော် တံခါးလာခေါက်ပြီ
ritten on November 9, 2011 at 3:32 am by Arakan Review
Filed under ဆောင်းပါး no comments
လွန်ခဲ့တဲ့ တနှစ်ကျော်ကပင် ဒီဆောင်းပါးရေးမယ်လို့ စိတ်ကူးခဲ့ပေမယ့် မရေးဖြစ်ခဲ့ဘူး။ ဒီဆောင်းပါး အကြောင်းကို ကျနော့်ရဲ့ မိတ်ဆွေတဦးကို ရှင်းပြခဲ့ဖူးတယ်။ သူကတော့ အဲဒီဆာင်းပါးရးပြီးရင် သူ့ဆီကိုပို့ပေးဖို့ သူ့ဆိုဒ်မှာ ဖော်ပြဖို့ပြောပါတယ်။ ကျနှော် မရေးဖြစ်ပါဘူး။ ဒါပေမယ့် ဒီဆောင်းပါးကို ပြန်ရေးဖို့ တွန်းအားတွေပေးလာတာကြောင့် နှစ်ပါတ်လောက်နာက်ကျပြီးမှ ရေးဖြစ်ပန်တယ်။ ဆိုတော့ ခုတလောဖြစ်ပျက်နေတဲ့ ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီအဖြစ်အပျက်တွေအပေါ်မှာ ၀ုန်းဒိုင်းထကြဲခြင်း မဟုတ်ဘူးဆိုတာ ထင်ရှားစချင်လို့  ပြောတာဖြစ်တယ်။
လွန်ခဲ့တဲ့ ဆယ်နှစ် ၀န်းကျင်က မိတ်ဆွေတဦး ကျနော့်ကို မေးဖူးတယ်။ ခင်ဗျားတို့ ပြောနေတဲ့ ဘင်္ဂလီတွေဟာ သူတို့ကို သူတို့  ရိုဟင်ဂျာလို့ ပြောင်း ပိုင်ခွင့် မရှိဘူးလား။ သူတို့ ကိုသူတို့  ရိုဟင်ဂျာတွေ ဖြစ်တယ်လို့ ပြောတာကို ခင်ဗျားတို့ အနေနဲ့  ငြင်းပယ်ခွင့် ဟန့်တား ပိုင်ခွင့် မရှိဘူး ထင်တယ် လို့ ပြောပါတယ်။ အဲဒီကိစ္စကို ခင်ဗျား ဘယ်လို မြင်သလိုပေါ့။ ကျနော့် မိတ်ဆွေ ပြောတာ ကတော့ အများကြီးပါ။ နိုင်ငံတကာမှာ နိုင်ငံ အမည်တွေ ပြောင်းတဲ့ ကိစ္စတွေနဲ့  ဝေေ၀ဆာဆာ ပြောပါတယ်။ ကျနော့် မိတ်ဆွေဟာ (၈၈) ကာလတုန်းက ဗမာ နိုငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂရဲ့ ခေါင်းဆောင်တွေထဲ ခေါင်းဆောင် တဦးဖြစ်သလို ကျောင်းသားတွေ လက်နက်ကိုင် တော်လှန်ရေး ထဲမှာလည်း ခေါင်းဆောင် တဦးပါ။ သူ့နာမည် ဖော်ပြခြင်း မဖော်ပြခြင်းထက် သူ့ ဆွေးနွေးချက်ကိုသာ ပြောလိုခြင်းကြောင့် သူနာမည်က အရေးမကြီးသလို  သူကိုယ်တိုင်က ရိုဟင်ဂျာ ကိစ္စကို ထောက်ခံသူ မဟုတ်ဘူးလို့ ထင်ပါတယ်။ သူ့ရဲ့အမေး သူ့ရဲ့ဆွးနွေးချက်တွေကို  စကားပြော မကောင်းတဲ့ ကျနော့်အစား ကိုကျော်ထင် (ယခု VOA သတင်းထောက်) ၀င် ပြောပါတယ်။ ဆိုတော့ ကျနော့် မိတ်ဆွေပြောလိုက်တဲ့ သူတို့ ကို သူတို့  နာမည် ပြောင်းပိုင်ခွင့် ကိစ္စအပါအ၀င် တချို့  ဆောင်းပါးတွေထဲက အချို့ကိစ္စတွေဟာ ကျနော့် အယူအဆတွေနဲ့  လွဲကောင်း လွဲနိုင်ပါတယ်။
ဒီနေရာမှာ မြင်နိုင်ရမှာက နာမည်ကိစ္စ အပေါ်မှာ ငြင်းပယ်နေခြင်း မဟုတ်ဘူး ဆိုတာပါဘဲ ။ နာမည်ရဲ့ နောက်ကွယ်က ရည်ရွယ်ချက်ကို မြင်နိုင်စွမ်း ရှိရပါမယ်။ နာမည်ရဲ့ နာက်ကွယ်က ရည်ရွယ်ချက်တွေဟာ မြန်မာနိုင်ငံအတွက် သိပ်ကြီးမားတဲ့ အန္တရာယ်တွေ ဖြစ်ပါတယ်။ ဒီ အန္တရာယ် အပေါ်မှာ ငြင်းပယ်ခြင်း လက်မခံခြင်းဟာ ရိုဟင်ဂျာ အမည်ခံ ဘင်္ဂလီတွေကို လက်မခံခြင်း ဖြစ်တယ်။ ဆိုတော့  ရိုဟင်ဂျာ အမည်ခံ အုပ်စုတွေ အနေနဲ့  တိုင်းပြည်အပေါ်မှာ တကယ်တမ်း သစ္စာရှိရင် ကျုပ်တို့ ဘင်္ဂလီများကို ယနေ့ မှစ၍ ရိုဟင်ဂျာဟု ပြောင်းလိုက်ကြောင်း ထုတ်ပြန်ဖို့ လိုပါလိမ့်မယ်။ ခု ဒီလိုမဟုတ်ဘူး ။ ရိုဟင်ဂျာ အမည်ဟာ ပြောင်းထားတဲ့ နာမည် မဟုတ်သလိုလို ရခိုင်ပြည် ဘက်မှာ နှစ်ထောင်နဲ့ ချီပြီး နေခဲ့သလိုလို ၀ါဒဖြန့် လုပ်ဆောင်ချက်တွေဟာ မြန်မာနိုင်ငံထဲက တိုင်းရင်းသား လူမျိုးတမျိုး ဖြစ်ရေးကို ကြိုးပမ်းခြင်း ဖြစ်ပြီး ယင်းကတဆင့် သူတို့ရဲ့ ရည်ရွယ်ချက်တွေ အတိုင်း တဆင့်ပြီး တဆင့် လုပ်သွားမယ့် စီမံကိန်းတွေဟာ မြန်မာနိုင်ငံအတွက် ကြီးမားတဲ့ အန္တရာယ်တွေ ဆိုတာကို မြင်နိုင်စွမ်းဖို့ လိုပါတယ်။ ဒီလို တိုင်းပြည်ရဲ့ အန္တရာယ်တွေကို ကာကွယ်ဖို့ အတွက် မည်သည့် အဖွဲ့အစည်း မည်သည့် ပုဂ္ဂိုလ်နဲ့ မဆို ပူးပေါင်း ဆောင်ရွက်သွားဖို့ လိုအပ်ပါတယ်။ ဒါဟာ တိုင်းပြည်ရဲ့ အကျိုးစီးပွါး အတွက်ဖြစ်ပါတယ်။ တဘက်မှာလည်း ရိုဟင်ဂျာ အမည်ခံ အုပ်စုတွေကို အားပေး ကူညီနေတဲ့ မည်သည့်အဖွဲ့အစည်း မည်သည့် ပုဂ္ဂိုလ်မဆို တိုင်းပြည်ရဲ့ ရန်သူအဖြစ် သတ်မှတ်ရပါလိမ့်မယ်။ ထို့ အတူ သမိုင်း တရားခံတွေ တိုင်းပြည်ရဲ့ သစ္စာဖောက်တွေ အဖြစ်လည်း သတ်မှတ် ရပါလိမ့်မယ်။
ဆိုတော့ ရိုဟင်ဂျာ အမည်ခံ အုပ်စုတွေကို တိုင်းပြည်ရဲ့ အဆိပ်အတောက်တွေ တိုင်းပြည်ကို ဖဲ့ထုတ်သွားမယ် (သို့မဟုတ်) တိုင်းပြည်ကို လွှမ်းမိုး သွားနိုင်တယ် ဆိုပြီး နိုင်ငံတကာ အဖြစ်အပျက်တွေကို ချပြရင်း ရိုဟင်ဂျာ အမည်ခံ အုပ်စုတွေရဲ့ လုပ်ဆောင်ချက်တွေကို ဟန့်တား ကာကွယ်ခြင်း တွေဟာ မူဆလင် ဆန့်ကျင်ရေးတွေဖြစ်တယ်လို့  မမြင်ဖို့ အထူး လိုအပ်ပါတယ်။  မူဆလင်အချို့က  ရိုဟင်ဂျာကိစ္စဟာ ရခိုင်ပြည်ထဲမှာ လက်ရှိ ရှိနေတဲ့ ကိစ္စဖြစ်တယ်။ သူတို့ ကို တယောက် မကျန် သတ်ပစ်မယ်။ သို့ မဟုတ် မောင်းထုတ်ပစ်မယ် ဆိုတာ မဖြစ်နိုင်ဘူးလို့  ထောက်ပြတယ်။ ငြိမ်းချမ်းစွာ အတူနေထိုင်ရေး ကိစ္စ အပါအ၀င်  တကယ့် ဒီမိုကရေစီ နိုင်ငံတော် အဖြစ် တက်လှမ်းတဲ့ ကာလတွေမှာလည်း ဒီကိစ္စကို မဖြစ်မနေ ဆွေးနွေး ဖြေရှင်းရမယ်ပေါ့ စသည်ဖြင့် ရေးတာတွေ ဖတ်ရတယ်။ အကြမ်းအားဖြင့် ကြည့်ရင် ဒီကိစ္စဟာ ဟုတ်သလို ထင်ရပေမယ့် ရိုဟင်ဂျာ ကိစ္စကို လက်ခံလာအောင် ကျုံးသွင်းခြင်း ဖြစ်တယ်ဆိုတာကို တွေ့ ရမှာဖြစ်တယ်။ ဒီနေရာမှာ မြင်နိုင်တာက မြန်မာပြည် တနံတလျား (ရန်ကုန်၊ မန္တလေး၊ ဘားအံ စသည်ဖြင့်) နေရာ အနှံ့ အပြားမှာ နေထိုင်ကြတဲ့ အချို့သော (အားလုံးကို မဆိုလို) မူဆလင် ဘာသာဝင်အချို့ဟာ ရခိုင်ပြည်ထဲက ရိုဟင်ဂျာ အမည်ခံ အုပ်စုတွေရဲ့ မြန်မာနိုင်ငံ တိုင်းရင်းသားဖြစ်ရေး လုပ်ဆောင်မှုတွမှာ မသိမသာ အားပေး အားမြှောက် ရှိနေတာတွေကို တွေ့ ရပါတယ်။ တနည်းအားဖြင့် တစုံတရာ ကူညီတာတွေ ရှိကောင်း ရှိမှာပါ။
ခေတ်သစ် မြန်မာ့သမိုင်းမှာ မြန်မာပြည်ဖွား မူဆလင် ဘာသာဝင်အချို့ဟာ တိုင်းပြည်အပေါ်မှာ သစ္စာ ရှိခဲ့ဖူးတယ်။ ဦးရာဇတ်မှသည် ကိုမြအေး အထိလို့ ပြောရမယ် ထင်တယ်။ ကိုမြအေးဆိုလို့  ဝေနှင်းပွင့်သုန် ကိစ္စဟာ မပြောမဖြစ်တဲ့ ကိစ္စတခုအနေနဲ့ ပြောရပါလိမ့်မယ်။ ရိုဟင်ဂျာအမည်ခံ အုပ်စုခေါင်းဆောင် အချို့နဲ့ ပတ်သက်တဲ့ ဓာတ်ပုံတွေကို ကျနော် လက်ခံရရှိပါတယ်။ ဝေနှင်းပွင့်သုန်အနေနဲ့  ဘယ်လောက် ပတ်သက်မှုရှိ မရှိ  ကျနော် အတိအကျမသိပါ။ ရှိတယ် မရှိဘူး စသည့် ဝေဖန်သံတွေ ကြားရပါတယ်။ ဆိုတော့ (တကယ်လို့ ) ဝေနှင်းပွင့်သုန်ဟာ ရိုဟင်ဂျာ အမည်ခံ အုပ်စုတွေရဲ့ မြန်မာနိုင်ငံ တိုင်းရင်းသားဖြစ်ရေး လုပ်ဆောင်တဲ့ ရေစီးကြောင်းထဲမှာ ပါဝင်မှု ရှိရင်တော့ ကျနော် အထက်က ပြောခဲ့သလို မည်သည့် အဖွဲ့ အစည်း မည်သည့်ပုဂ္ဂိုလ် ဖြစ်ပါစေ တိုင်းပြည်ရဲ့ မျက်နှာကိုကြည့်ပြီး ဆန့်ကျင်ရပါလိမ့်မယ်။ ဒေါက်တာစိန်ဝင်းပဲ ဖြစ်ဖြစ် ဟန်ညောင်ဝေပဲ ဖြစ်ဖြစ် ဒေါက်တာဇာနည်ပဲ ဖြစ်ဖြစ် တိုင်းပြည်ရဲ့ အကျိုးစီးပွါး တိုင်းပြည်ရဲ့ အနာဂတ် ဆိုးကျိုး ကောင်းကျိုးစတဲ့ အချက်အလက်တွေကိုသာ ကြည်ပြီး ဆန့်ကျင်ရပါလိမ့်။ တိုင်းပြည်ရဲ့ ရန်သူအဖြစ် သတ်မှတ်သင့်ရင် သတ်မှတ်ရပါလိမ့်မယ်။ ဆိုတော့ ဝေနှင်းပွင့်သုန် ကိုတော့ ဘာဖြစ်တယ် စသည်ဖြင့် ကျနော် အတိအကျ မသိဘဲ မပြောလိုပါ။ (တကယ်လို့များ) ဝေနှင်းပွင့်သုန်ဟာ ရိုဟင်ဂျာ အမည်ခံ အုပ်စုတွေရဲ့ မြန်မာနိုင်ငံ တိုင်းရင်းသား ဖြစ်ရေးကိစ္စမှာ တစုံတရာ ပါဝင်ပတ်သက်မှု ရှိခဲ့ရင်တော့ အပွင့်လင်းဆုံးပြောမယ် ဒါဟာ တံခါး လာခေါက်ပြီလို့။
ပြန်ဆက်ရရင် ခေတ်သစ် မြန်မာပြည်အပေါ် သစ္စာရှိခဲ့တဲ့ မြန်မာပြည်ဖွား မူဆလင်တွေရှိတယ်။ ဦးရာဇတ်ဆိုရင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ အတူ တိုင်းပြည် အတွက် အသက်ပေးပြီး သစ္စာ ရှိပြခဲ့တယ်။ သခင်ဘသောင်း၊ ဦးဖေခင်၊ ဒဂုန်ဦးဘတင်၊ ဘကြီးဘဖေ၊ ဒေါက်တာမောင်ဒီ၊ ဗိုလ်မှူးကြီး ဘရှင် စတဲ့ ပုဂ္ဂိုလ်တွေဟာ တိုင်းပြည် အတွက် သစ္စာ ရှိပြခဲ့တယ်။ (၁၉၃၁ )ခုက ဖွဲ့စည်းခဲ့တဲ့ ရန်ကုန် တက္ကသိုလ် ကျောင်းသူ ကျောင်းသားများ သမဂ္ဂရဲ့ ဥက္ကဋ္ဌ ဦးကျော်ခင်ဟာ မူဆလင် တဦးဖြစ်သလို အဲဒီသမဂ္ဂရဲ့ အလုပ်အမှုဆောင်ရွေးကောက်ပွဲက ဦးစိန်ထွန်းကို ဥက္ကဋ္ဌအဖြစ် တင်မြှေက် ခဲ့ဖူးတယ်။ သူဟာလည်း မူဆလင်တဦးပါပဲ။ ဆိုတော့ တိုင်းပြည် အပေါ်မှာ သစ္စာ ရှိခဲ့ကြတဲ့ မူဆလင်တွေဟာ ခေတ်သစ် မြန်မာနိုင်ငံမှာ ဦးရာဇတ်မှသည် ကိုမြအေးအထိလို့ ပြောရ ပါလိမ့်မယ်။ သို့ သော် မြန်မာပြည် အပေါ်မှာ သစ္စာဖောက်ချင်တဲ့ ရိုဟင်ဂျာ အမည်ခံ အုပ်စုတွေ ပေါ်လာပြီ ဒီအပေါ်မှာ ရပ်တည် ထောက်ခံတဲ့ မည်သူ့ကို မဆို  တိုင်းပြည်မျက်နှာ ထောက်ပြီး ဆန့်ကျင် ရပါလိမ့်မယ်။ ရိုဟင်ဂျာ အမည်ခံ အုပ်စုတွေကို လက်မခံခြင်းကို အစွန်းရောက်တွေ ဖြစ်တယ်လို့  ရိုဟင်ဂျာ အမည်ခံ အုပ်စုတွေ ချေပတာကိုလည်း ကြဖူးတယ်။ အစွန်း မရောက်ပါဘူးဗျာ တို့  ရယ်လို့ ပြောပြီး တိုင်းပြည်ရဲ့ နေရာအချို့ကို ဖဲ့ပေးရမှာလားဆိုတာ မေးရလိမ့်မယ်။ ကိုယ့်တိုင်းပြည်ကို အနာဂတ်မှာ ကျရောက် လာမယ့် ဘေးအန္တရာယ်ကို ကာကွယ်ခြင်းဟာ အစွန်းရောက်ပြီး ကိုယ့်တိုင်းပြည်အပေါ်မှာ လာနေပြီး တိုင်းပြည်ကို ဖဲ့ပေးရမယ် (သို့မဟုတ်) အပိုင်စီးမယ့် လုပ်ရပ်ကျတော့ အစွန်း မရောက်ဘူးဆိုရင်တော့ သိပ် မလွန်လွန်းဘူးလား နည်းနည်းပါးပါး လျော့ပေါ့ပြီး ပြောစေချင်တယ်။
ဆိုတော့ မြန်မာပြည်ကို အသက်ပေးပြီး သစ္စာရှိခဲ့တဲ့ ဦးရာဇတ်ရဲ့ မျိုးဆက်တွေအနေနဲ့  ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီတွေရဲ့ မြန်မာ တိုင်းရင်းသား ဖြစ်ရေးမှသည် နိုင်ငံကို ဖဲ့ထုတ်ရေးအား ထောက်ခံ၏ မထောက်ခံဆိုတာ မြန်မာနိုင်ငံအတွက် စိန်ခေါ်မှု တရပ် ဖြစ်နေတယ်လို့ မြင်တယ်။ ဒီနေရာမှာ ဦးရာဇတ် မျိုးဆက်တွေဆိုတာ မြန်မာနိုင်ငံရှိ မူဆလင် ဘာသာဝင်တွေကို ညွန်းလိုတာဖြစ်တယ်။ တဆက်တည်း ပြောချင်တာက ရခိုင်ပြည်ထဲရှိ မူဆလင်တွေ ဟာလည်း ရိုဟင်ဂျာဆိုတဲ့ အမည်ဟာ အသစ်အဆန်း ဖြစ်နေလိမ့်မယ်လို့  ပြောရဲ ပါတယ်။ ဒါကြောင့် ရခိုင်တွေနဲ့ အေးအတူ ပူအမျှ နေထိုင်ချင်တဲ့ မူဆလင် ဘာသာဝင်တွေအနေနဲ့ လည်း ရိုဟင်ဂျာ အမည်ခံ အုပ်စုတွေရဲ့ လုပ်ရပ်တွေကို ဆန့် ကျင်ဖို့ လိုအပ်မယ် ထင်တယ်။ ရိုဟင်ဂျာ အမည်ခံသူတွေဟာ နိုင်ငံရေး တက်ကြွ အစွန်းရောက်သူတွေ ဖြစ်ပြီး မြန်မာနိုင်ငံ ရခိုင်ပြည်ထဲက နေမြေအချို့ကို ဖဲ့ထုတ်ရေးအတွက် လုပ်ဆောင် နေကြတာဖြစ်တယ်။ ဒ်ီလုပ်ရပ်ဟာ ရခိုင်ပြည်ထဲရှိ အေးအတူ ပူအမျှ နေထိုင်ကြတဲ့ မူဆလင်တွေနဲ့ မြန်မာပြည်တလွှားမှာ နေထိုင်ကြတဲ့ မူဆလင်တွေရဲ့ ဘ၀တည်ငြိမ်မှုကို ဂယက် ရိုက်နိုင်ပါတယ်။ ပြည်တွင်းရှိ မူဆလင်တွေကို သားကောင် အဖြစ် အသုံးချနိုင်တယ် ဆိုတာကိုလည်း သတိထားကြပါ။
နိုင်ငံသားအဖြစ် သတ်မှတ်ရေး မသတ်မှတ်ရေး စတဲ့ လိုအပ်ချက်တွေအပေါ်မှာ ပြောဆို ဆွေးနွေးရမယ့်အစား တိုင်းရင်းသား အဖြစ် လက်ခံရေးအဆင့်ကို ကျော်ပြီး လုပ်ဆောင်မှုတွေရဲ့ ရည်ရွယ်ချက်တွေဟာ ဘာတွေ ဖြစ်နိုင်မလဲ ဆိုတာ သူတို့ရဲ့ ဆုံးဖြတ်ချက်တွေကို ကြည့်စရာ မလိုဘဲ တွေးပြီး သိနိုင်ပါတယ်။ တက္ကသိုလ်နေ၀င်းရေးတဲ့ စာအုပ်တအုပ် ရှိပါတယ်။ ဒီစာအုပ်က ကျနော့်အနားမှာ မရှိတော့ အတိအကျ ကိုးကားခွင့် မရဘူး။ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်လောက်က ဖတ်ဖူးတဲ့ စာအုပ်ပါ။ တက္ကသိုလ်နေ၀င်းဟာ ဗိုလ်ချုပ် အောင်ဆန်းရဲ့ ကိုယ်ရေးအရာရှိအဖြစ် အမှုထမ်းခဲ့သူပါ။ သူရေးတဲ့စာအတိုင်း အတိအကျ မပြောနိုင်ပေမယ့် သူရေးတာကို မှတ်မိသလောက် ပြန်ပြောရရင်  ဗိုလ်ချုပ် အောင်ဆန်းဟာ အောင်ဆန်း-အက်တလီစာချုပ်ချုပ်ဖို့ သွားတုန်းက အန္ဒိယ ပါကစ္စတန်ဘက်ကို လှည့်ဝင်ခဲ့တယ် ။ ပါကစ္စတန်ရောက်တော့ ပါကစ္စတန်ရဲ့ လွတ်လပ်ရေးဖခင် အလီဂျင်းနားက ဗိုလ်ချုပ်ကို ပြောတယ်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရရင် မြန်မာနိုင်ငံထဲမှာ ရှိတဲ့ ဘူးသီးတောင်၊ မောင်တောကို ပါကစ္စတန်နိုင်ငံဘက်ကို ပေးရမယ်လို့ ပြောသတဲ့။ အဲဒီတုန်းက အလီဂျင်းနားရဲ့ တာင်းဆိုမှုဟာ မူဂျာဟစ် မှသည် ယခု ရိုဟင်ဂျာ အမည်ခံ ဘင်္ဂလီ အုပ်စုတွေ အတွက် တိုင်းပြည် ဖဲ့ထုတ်ရေး အိပ်မက်ရှည်ကို မက်စေခဲ့တာ ဖြစ်တယ်လို့  ပြောရမှာ ဖြစ်ပါတယ်။ လွတ်လပ်ရေး အကြို ကာလကလိုပဲ  ယခု ဒီမိုကရေစီ နိုင်ငံတော် တည်ဆောက်ရေး ကြိုပမ်းမှု ကာလမှာလည်း အချိန်နဲ့ တပြေးညီ  မြန်မာနိုင်ငံ တိုင်းရင်းသား ဖြစ်ရေး လှုပ်ရှားမှုဟာ တိုင်းပြည်အတွက် အလွန် အန္တရာယ်ကြီးတယ် ဆိုတာ သတိထား စေချင်တယ်။
နိဂုံးချုပ် အနေနဲ့ ပြောရရင် ရိုဟင်ဂျာ လူမျိုးလို့ပဲ ပြောင်းပြောင်း မဟာဂျာလူမျိုးလို့ပဲ ပြောင်းပြောင်း ကိစ္စမရှိပါ။ ပြောင်းပိုင်ခွင့် ရှိပါတယ်။ ဒါပေမယ့်  အဲဒီ နာမည်ရဲ့ နောက်ကွယ်က ရည်ရွယ်ချက် ပန်းတိုင်ဟာ တိုင်းပြည် အတွက် ဆိုးကျိုးကို ဖြစ်စေမယ်ဆိုရင် အမျိုးသား အကျိုးစီးပွါးကို ကာကွယ်တဲ့ အနေနဲ့ ဆန့်ကျင်ရမယ်။ အမျိုးသား အကျိုးစီးပွါးကို ကြည့်ပြီး မည်သည့်အဖွဲ့အစည်း မည်သည့် ပုဂ္ဂိုလ်နဲ့ မဆို ပူးပေါင်းကာကွယ်ရမယ်။    ။
ခိုင်လင်း (မေဃ၀တီ)
ည (၁၁း ၀၄)၊ နိုဝင်ဘာလ (၇) ရက်၊ (၂၀၁၁)။
(စာရေးသူ ခိုင်လင်း (မေဃ၀တီ) သည် (၂၀၀၂) တွင် စတင်ထုတ်ဝေခဲ့သည့် Voice of Arakan သတင်းစာ၏ အယ်ဒီတာတဦး အဖြစ် တာဝန် ထမ်းဆောင်ခဲ့ပြီး ယခုအခါ ရခိုင်ဒီမိုကရေအဖွဲ့ ချုပ် (အမေရိကန်) ၏ ဥက္ကဋ္ဌ အဖြစ် တာဝန် ထမ်းဆောင်နေသူ ဖြစ်ပါသည်။)
ဒေါ်စု ဖက်ကို မျှားဦး လှည့်ချင်သူများ
ဒေါ်စု ဖက်ကို မျှားဦး လှည့်ချင်သူများ
by Ko Kyi Win on Wednesday, November 9, 2011 at 10:05am
ဒေါ်အောင်ဆန်းစုကြည်ကို မျှားဦး လှည့်ပြီး တိုက်ခိုက် ဝေဖန်ဖို. စတင် ခြေလှမ်းတွေ ပြင်ဆင်နေပါပြီ။။ ယခုအခါ ဒေါ်အောင်ဆန်းစုကြည်ကို မျှားဦးလှည့်ပြီး ဝေဖန် တိုက်ခိုက်မည့်သူတွေဟာ လူတချို. ထောက်ပြနေသည့် သမ္မတဦးသိန်းစိန်အစိုးရ အဖွဲ.ထဲက သဘောထား တင်းမှာတဲ့ Hard Liners အုပ်စုတွေတွေ စစ်ဗိုလ်ချုပ်တွေ မဟုတ်ပဲ ဒေါ်စုကို တချိန်က ပွဲထုတ်ပြီး ရှေ.တန်းတင်ကာ လုပ်စားခဲ့သည့် အတိုက်အခံ အုပ်စုတွေဖက်က ဖြစ်ပါသည်။ အများစုကတော့ ပြည်ပ အခြေအစိုက် အဖွဲ.အစည်းတွေနဲ. သတင်း မီဒီယာတွေက များပါမည်။
ရန်ကုန်မှာ လုပ်တဲ့ ဘဏ္ဍာရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်တာဟာ “ ဟန်ပြသက်သက် လုပ်တာ မဟုတ်လားလို.” BBC မြန်မာပိုင်း သတင်းထောင် ကိုချိုက မေးခွန်း ထုတ်လာပါသည်။
ဒီမေးခွန်းကို ခင်မောင်ညို( ဘောဂဗေဒ)ကို မမေးသင့်ပဲ သတင်းထောက်အနေဖြင့် သတ္တရှိရင် ကာယကံရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အဖွဲ.က ထိပ်ပိုင်း ခေါင်းဆောင်တွေကို မေးကြည့်ပါလား။ ဟန်ပြသက်သက်လုပ်တာလား။ ဘာလားဆိုတာ သူများကို တဆင့်ခံပြီး စကားလုံးနဲ. ထောက်မည့်အစား။
ပြည်ပ အခြေစိုက် Mizzima သတင်းဌာနကလဲ  “The Fall of a Symbol, The Rise of the Politician” ဆိုတဲ့ ခေါင်းစဉ်တခုနဲ. နိုင်ငံခြားသူ ဒိန်းမတ် ကျောင်းသူတဦး- Lea Friedberg ရေးတဲ့ ဒေါ်စု၏ အနာဂတ်ကို ခပ် ဖွဖွလေးနဲ. စကားလုံးတွေနဲ. ခြေထိုးလိုက်ပြန်ပါသည်။ တကယ်လို. လက်ရှိ အစိုးရနဲ. ပူးပေါင်းဆောင်ရွက်ပြီး လုပ်မယ်ဆိုရင် ရွေးကောက်ပွဲတွေ ၀င်မယ်။ အစိုးရ ၀န်ကြီးတာဝန်တွေ ယူလာမယ်ဆိုရင် နိုင်ငံရေးသမားတဦးအနေဖြင့်တော့ မြင့်တက်လာနိုင်ပေမယ့် တချိန်းတည်းမှာ ဒေါ်စုဟာ တိုင်းပြည်အတွက် သင်္ကေတ တခုအဖြစ်ကနေ ကျဆုံးသွားမယ်လို. သုံးသပ်လာတာပါ။ ဒါဟာလဲ ဒေါ်စုကို Democracy Icon & Freedom Icom အဖြစ် တင်စားပြီး နိုင်ငံတကာ ဈေးကွက်မှာ ပြစား လုပ်စားခဲ့သူတွေအတွက် တကယ်လို.သာ ဒေါ်စုက ဦးသိန်းစိန် အစိုးရနဲ. လက်တွဲပြီး ပူးပေါင်းသွားမယ်ဆိုရင် အခုလိုမျိုးနဲ. ဆွဲချဖို. Icon တခုအဖြစ် ဆက်မထားချင်တဲ့ မမြင်လိုတဲ့သူတွေရဲ့ ခပ်ပါးပါး လမ်းကြောင်းပေး ပြောဆိုရေးသားချက်တွေပါ။ ဒီအထဲမှာ နိုင်ငံခြားသားတွေ မြန်မာ့အရေး လုပ်နေပါတယ်ဆိုတဲ့အဖွဲ.တွေ NGOs တွေဟာလဲ ဒေါ်စုကို လက်ရှိ အစိုးရနဲ. တစားထဲ ထားပြီး တန်းညိကာ အိုက်ကွမ်-ICOM စံပြ သင်္ကေတာ-Symbolic Leader နေရာကနေ ဖယ်ရှားလိုတဲ့ သဘောထားတွေကို ထင်ဟတ်နေပါသည်။
“မြန်မာနိုင်ငံအနေဖြင့် ပုဂ္ဂိုလ်ရေးကို အခြေခံတဲ့ နိုင်ငံရေးကနေ ပေါ်လစီ မူဝါဒကို အခြေခံတဲ့ နိုင်ငံရေးကို ပြောင်းလဲဖို. လိုတယ်” လို. NCGUB ပြည်ပရောက် အစိုးရအဖွဲ.၏ ကုလသမဂ္ဂဆိုင်ရာ ကိုယ်စားလှယ်ဆိုတဲ့ ဒေါက်တာ သောင်းထွန်းကလဲ ပြည်ပ သံလွင့်ဌာနတခုကနေ စတင်ပြီး ဒေါ်စုကို ဗဟိုပြုတဲ့ နိုင်ငံရေးကို ဝေဖန်လာပါပြီ။ သူကိုယ်တိုင်ကတော့ ပြည်ပ အစိုးရအဖွဲ.၏ ကုလသမဂ္ဂဆိုင်ရာ ကိုယ်စားလှယ်ဆိုတဲ့ ရာထူးကို ရာသက်ပံ ရယူထားတဲ့အပြင် တကယ်ဆိုရင် UN အထွေထွေ အတွင်းရေးမှူးချုပ်တွေသာ ပြောင်းသွားတယ် သူကတော့ ဒီရာထူး UN Shadod Ambassador နေရာကို NCGUB အစိုးရအဖွဲ. စပြီး ဖွဲ.ကတည်းက ယူထားသူပါ။
ဒီထက် စိတ်ဝင်စားဖို.ကတော့ လက်ရှိ NGGUB အစိုးရအဖွဲ.၏ ၀န်ကြီးချုပ်ရာထူးကို ဒေါက်တာ စိန်ဝင်းဟာ စပြီးဖွဲ.စည်းခဲ့တဲ့ ၁၉ ၉ ၀ ကနေ ၂၀၁၁ ခုနှစ်အထိ ပေးထားခဲ့ ယူထားခဲ့ ခန်.ထားခဲ့တာကရော ဒေါက်တာ စိန်ဝင်းက ထွက်သွားတဲ့ အမတ်တွေထဲမှာ အတော်ဆုံး အရည်အချင်း အရှိဆုံးမို. NCGUB ၀န်ကြီးချုပ်ရာထူးကို ရာသက်ပံ ပေးထားတာလား ဒေါက်တာ သောင်းထွန်းတို. ပြောသလို လူပုဂ္ဂိုလ်အရ ပေးထားတာလား ရှင်းပြဖို. လိုပါမည်။ ဒေါက်တာ စိန်ဝင်းဟာ ဗိုလ်ချုပ် အောင်ဆန်း၏ တူ၊ အာဇနည် ဦးဘ၀င်း၏ သား၊ ဒေါ်အောင်ဆန်းစုကြည်၏ မောင်ဝမ်းကွဲတော်သူ ဖြစ်တယ်ဆိုတဲ့ ပုဂ္ဂိုလ်ရေး အစဉ်အလာ ကြီးမားမှုကြောင့် ပုဂ္ဂိုလ်ရေးကို အခြေခံပြီး နေရာ ပေးထားခြင်း မဟုတ်ပါလား။ တကယ်လို. ဒေါက်တာ သောင်းထွန်းအနေဖြင့် မြန်မာ့နိုင်ငံရေးမှာ ပုဂ္ဂိုလ်ရေး အခြေခံတဲ့ နိုင်ငံရေးကနေ ပေါ်လစီ မူဝါဒကို အခြေခံတဲ့ နိုင်ငံရေး လုပ်သင့်တယ်လို. တကယ် ယုံကြည်လိုက်ခံနေရင် တခြားသူတွေကို ထောက်ပြတာထက် ကိုယ့်အဖွဲ.အစည်း ကိုယ် ကိုယ်တိုင် ကိုယ်စားပြုနေတဲ့ အဖွဲ.အစည်းကို ဒီအတိုင်းဖြစ်အောင် အရင် လုပ်ပြလိုက်ပါ။
မြန်မာနိုင်ငံရှေ.နေများကောင်စီ-BLC အဖွဲ.က ခေါင်းဆောင်ဆိုတဲ့ ဦးအောင်ထူးက လက်ရှိ အစိုးရ အဖွဲ.ကနေ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ရေး ပြင်ဆင်ချက်တွေနဲ. ပတ်သက်ပြီး ဝေဖန် ထောက်ပြရာမှာလဲ  “ဥပဒေမှာ မပါတဲ့အချက်အလက်တွေကို ပြောဆိုရာ ရောက်တယ်”လို. NLD အဖွဲ.၏ ပြောရေးဆိုခွင့်ရှိသူ ရှေ.နေ ဦးဥာဏ်ဝင်းက ပြည်ပ သတင်းဌာနတခု၏ အပြန်အလှန် ဆွေးနွေးမှုမှာ ထောက်ပြခဲ့ပါသည်။ BLC  ဦးအောင်ထူးရဲ့ အဆိုရ ပြောရင်တော့ အခု ပြောင်းလဲ ပေးလိုက်တဲ့ အချက်တွေဟာ ဘာမှ မထူးခြားတဲ့အပြင် ၂၀၀၈ ကို လေးစားလိုက်နာမယ်လို. ခံဝန် လက်မှတ်ထိုးလိုက်တာကြောင့် မြန်မာပြည်၏ ဒီမိုကရေစီ လူ.အခွင့်အရေးနဲ. တရားဥပဒေ စိုးမိုးရေးတွေကို ဥက္ခာပြုလိုက်ရာရောက်တယ် ဆိုပြီး နိုင်ငံရေးအရ ကြည့်ကာ ဥပဒေကြောင်းအရ မသုံးသပ်ဖဲ ကိုယ်လိုရာကို ဆွဲပြောသွားပြန်ပါတယ်။
ဒါကြောင့် NLD အဖွဲ.နှင့် ဒေါ်အောင်ဆန်းစုကြည်တို. ပါတီ တရားဝင် မှတ်ပုံတင်ပြီး ကြားဖြတ် ရွေးကောက်ပွဲ ၀င်မယ်လို. ဆုံးဖြတ်လိုက်ရင်ဖြင့် ဒေါ်စုကို မျှားဦးလှည့် ပြီး ဝေဖန် တိုက်ခိုက်ကာ နိုင်ငံရေး နယ်ပယ်ကနေ စွန်.ခွာအောင် လုပ်မည့်သူတွေဟာ ၂၀၁၀ ရွေးကောက်ပွဲကို ဆန်.ကျင်ခဲ့ပြီး အစိုးရ လုပ်သမျှ NO NO NO လုပ်ခဲ့တဲ့ ပြည်ပ အခြေစိုက် အတိုက်အခံ အဖွဲ.တွေက ခေါင်းဆောင်တွေက ပိုများမည် ဖြစ်ပါသည်။ လူတွေ ပြောတဲ့ ဦးသိန်းစိန်အစိုးရ အဖွဲ.ထဲက သဘောထား တင်းမာသူတွေရဲ့ ထိုးနက်ချက် ဝေဖန် တိုက်ခိုက်မှုတွေထက် ဒေါ်စုကို အကြောင်းပြုပြီး လုပ်စားခဲ့သူ လုပ်စားနေသူ လုပ်စားဖို. ဆက် ကျိုးစားနေသူ နေရာ ရရှိနေတဲ့ Status Quote ဖြစ်နေသူတွေသာ ဖြစ်ပါမည်။ မကြာခင် စောင့်သာ ကြည့်ပါ ဒီ ခန်.မှန်း ပြောဆိုချက်တွေ မှန် မမှန်ကိုပေါ့။
ဒါကြောင့် ဒေါ်စုကို မျှားဦးလှည့်ပြီး ဝေဖန် တိုက်ခိုက်မည့် နိုင်ငံရေး ပြိုင်ဖက်တွေဟာ အစိုးရအဖွဲ.အတွင်းက သဘောထား တင်းမာသူ စစ်ဗိုလ်ချုပ်တွေ စစ်ဗိုလ်ချုပ်ဟောင်းတွေ မဟုတ်တော့ပဲ ဒေါ်စုကို တချိန်က ခေါင်းပေါ်တင်ခဲ့ပြီး ကမ္ဘာ ပတ် လုပ်စားသူတွေ ဒေါ်စု မျက်နှာ စွပ်ပြီး နိုင်ငံတကာမှာ အကူအညီတွေ အထောက်အပံ့တွေ ယူခဲ့သူတွေဟာ ဒေါ်စုနဲ. အဖွဲ.ချုပ်ကို ပစ်မှတ်တွေထားပြီး ဖယ်ရှားဖို. စတင် ခြေလှမ်းလာခြင်း ဖြစ်ပါသည်။
အဲဒီ အုပ်စုတွေထဲမှာ သေခြာပေါက် ပါလာမည့်သူတွေကတော့ အစိုးရ လုပ်သမျှကို NO  လုပ်တာပဲ သိတဲ့ NO အုပ်စုက သဘောထား တင်းမားသူတွေ၊ လက်ရှိ ပြည်ပ နိုင်ငံရေးကို အနှစ် ၂၀ ကျော် ဦးဆောင်မှု ခေါင်းဆောင်ပိုင်းနေရာကို ရရှိထားတဲ့ နယ်စပ်နဲ. ပြည်ပ အခြေအစိုက် မြန်မာအတိုက်အခံ အဖွဲ. တချို.နဲ. အဲဒီ အဖွဲ.တွေက ခေါင်းဆောင်ဆိုသူတွေ။ NDDP ဒေါ်ခင်ဥမ္မာတိုလို၊ အမျိုးသမီးအဖွဲ.ချုပ်က ဒေါ်သင်းသင်းအောင်တို.လို၊ နောက်တခုကတော့ တိုင်းရင်းသား လက်မှတ် ကိုင်ပြီး ကမ္ဘာပတ်နေသူတချို. ဇိုရာဖန်တို. နမ်း ချန်ထောင်းတို. အုပ်စုတွေ၊ မြန်မာ့အရေး လုပ်နေတယ်ဆိုတဲ့ နိုင်ငံခြားသား အဖွဲတွေ=AlterAsean က မလေးရှားသူ ဒေဗီစတောဟတ်တို.အုပ်စု၊ Burma Campaign For UK က Mark Fermanar Anna Robertတို.၊ US Campaign For Burma က နိုင်ငံခြားသား ၀န်းထမ်းတချို.၊ မြန်မာ့ရေးရာ ကျွမ်းကျင်သူ ပညာရှင်လို. ဆိုတဲ့ ဒေါက်တာ ဇာဏီတို. လို မကြက် တကြက် ပေါင်မုန့်အုပ်စုတွေ၊ ပြည်ပ သတင်းဌာနနဲ. အသံလွင့်ဌာနက လခစား ဖားတပိုင်း ငါးတပိုင်း သတင်းထောက် လိုလိုနဲ. နိုင်ငံရေး လုပ်နေတဲ့ အုပ်စုတွေ ဖြစ်ပါမည်။
ဒီလူတွေက တချိန်က ပြောခဲ့သလိုပဲ ဒေါ်စုဟာ ဗိုလ်ချုပ်အောင်ဆန်း၏ သမီးလဲ ဖြစ် ကိုယ်တိုင်လဲ အရည်အချင်းရှိတဲ့ နိုင်ငံတကာနဲ. ပြည်သူတွေ၏ ထောက်ခံမှုကို ရရှိထားတဲ့ အမျိုးသမီးဖြစ်လို. ဦးနေ၀င်းတို. ဦးသန်းရွှေတို.ဟာ ဒေါ်စုကို ပုဂ္ဂိုလ်ရေးကို မနာလိုဖြစ်ပြီး အခုလို နေရာ မပေးပဲ ဖယ်ရှားထားတာ ဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည် တဦးတည်းသား မြန်မာပြည်က ပြသာနာတွေ အမျိုးသား စည်းလုံးညွတ်ညွတ်ရေးတွေကို ဖြေရှင်းပေးနိုင်မည့် တိုင်းရင်းသားတွေပြည်သူတွေ၏ ယုံကြည်မှုကို ရရှိထားတဲ့ Burma Trusted Icon Leader ဆိုပြီး ချီးမြှောက်ခဲ့ ဂုဏ်ပြုခဲ့သူတွေပါ။  အခုတော့ အဲဒီ လူတွေပဲ ဒေါ်စုကို ဆွဲချဖို. အရောင် ဆိုးဖို. ဘေးခြောင်ထိုးဖို. ကျိုးစားမည့်သူ ဝေဖန် တိုက်ခိုက် ထိုးနက်မည့်သူတွေ ဖြစ်ပါသည်။ 2010 ရွေးကောက်ပွဲတုန်းက အဖွဲ.ချုပ်က NO လုပ်ခဲ့လို. သဘောကျပြီး အားပေး လက်ခုတ် တီးခဲ့သော်လဲ အခု တချိန် ပါတီ ပြန်ပြီး မှတ်ပုံတင်မယ် ကြားဖြတ် ရွေးကောက်ပွဲ ၀င်မယ်ဆိုရင် ဒေါ်စုနဲ. အဖွဲ.ချုပ်ကို အရင်ဆုံး အပြစ်တင်ပြီး ဆဲချင်သူတွေကတော့ သဘောထား တင်းမာတဲ့ ထိပ်ပိုင်း အတိုက်အခံ ခေါင်းဆောင်တွေပဲ ဖြစ်ပါသည်။
ထိပ်ပိုင်းလောက်သာ နိုင်ငံရေးအရ အပြောင်းအလဲ ဖြစ်ယုံနဲ. မရဖူး။ ဒေါ်စုတို. အဖွဲ.ချုပ် NLD  တို.လောက်နဲ. အစိုးရတို.အကြား ရင်ကြားစေ့ ပူးပေါင်းဆောင်ရွက်ယုံဖြင့် မပြီးဘူး ဆိုတဲ့ အရာတွေနဲ. ထောက်ပြကာ ဒေါ်စုကို ကြပ်ဖို. အဖွဲ.ချုပ်ကို မီးကင်မည့်သူတွေသာ ဖြစ်လာမည်။  နောက်တခုကတော့ လူအခွင့်အရေးဆိုတဲ့ အချက်တွေနဲ. ဘင်္ဂါလီကိစ္စတို. အမျိုးသမီးအရေးတို. ပြည်တွင်း စစ်ရပ်စဲရေး စတဲ့ ပြောဆိုချက်တွေနဲ.ပဲ ဒေါ်စုတို. အစိုးရနဲ. အတူတူ လက်တွဲ လုပ်သွားပေမည့် အဖွဲ.ချုပ် NLD တို. ပါလီမန်ထဲသာ ရောက်သွားပေမယ့် မြန်မာပြည် ပြဿနာတွေ လူ.အခွင့်အရေးတွေ ဒီမိုကရေစီနဲ. ငြိမ်းချမ်းတွေက ဘာမှ မတိုးတက်လာဖူး မပြောင်းလဲ လာဘူး။ သာမန် ပြည်သူတွေ၏ လူနေမှုဘ၀ ဆင်းရဲ မွဲတွေမှုတွေ ၀န်ထမ်းတွေ၏ အဂတိလိုက်စားမှုတွေက အရင်အတိုင်းပဲ ရှိနေသေးတယ်ဆိုတဲ့ အချက်တွေကို ကိုင်ပြီး ဒေါ်စုကို ချိုင်ဖို. ခြေလှမ်း စတင်နေပါပြီ။ ပါတီအတွင်းမှာ ဒီမိုကရေစီ မရှိဘူး။ ဒေါ်စု ဘေးမှာ အနီးကပ် ၀ိုင်းရံနေသူတွေဟာ အောက်ခြေ လူထု၏ အသံတွေကို နားမထောင်ဘူး စတဲ့ စွပ်စွဲချက်တွေ ဝေဖန်ချက်တွေ မကြာခင် ဒီထက် ပိုပြီး ညံလာတော့မည် ဖြစ်ပါသည်။
 ဒေါ်စုနဲ. အဖွဲ.ချုပ်ကို သူတို.အတွက် ဈေကွက်ဝင်ပြိုင်မည့် ဈေးကွက် ၀င်လုမည့် သူတွေလို. ယူဆလာမည် ဖြစ်ပါသည်။ အစိုးရအနေဖြင့် နိုင်ငံတကာ Market ကို လက်ရှိ ပြည်ပ အဖွဲ.အစည်းတွေ ခေါင်းဆောင်တွေ ချုပ်ကိုင်ထားတာတွေကို ၀င်ပြိုင်ဖို. ၀င်ပြိုင်နိုင်စွမ်း မရှိပါ။ သို.သော် ဒေါ်စုနဲ. အဖွဲ.ချုပ်သာလျင် နိုင်ငံတကာ ဈေးကွက်ကို လက်တွေ. ထိုးဖေါက်လာမယ် နေရာယူလာမယ် ပြည်တွင်းကနေ တိုက်ရိုက် လူငယ်တွေ ကိုယ်စားလှယ်တွေ စေလွတ်ပြီး နိုင်ငံတကာ စင်ကို ၀င်လာနိုင်တာမို.လဲ ဒီလို ဖြစ်လာမှာကို သိနေတဲ့ ကြောင်ပါးတွေက စားကျက် ပျောက်မယ်ထင်ပြီး ကန်.ကွက်တာလဲ ဖြစ်နိုင်ပါသည်။ ဒေါ်စုအရှိန် အဖွဲ.ချုပ် အရှိန်နဲ. ပြည်တွင်းမှာ တရားဝင် နေထိုင်ပြီး တရားဝင် ရပ်တည်နိုင်တဲ့ ပါတီလဲ ဖြစ်မယ် အစိုးရကလဲ နှောက်ယှက်တာ ဟန်.တားတာတွေ မလုပ်ဖူးဆိုရင် အခုအခါ ပြည်ပမှာ မင်းမူနေတဲ့ ကြက်ဆူပင် ခေါင်းဆောင်များဟာ ပြည်တွင်းက လာမည့် ဒေါ်စုနဲ. အဖွဲ.ချုပ်ကို ဘယ်လို လုပ်ပြီး နိုင်အောင် လုပ်နိုင်မှာလဲ။ ဒီတော့ ထိပ်တိုက် တွေ.ပြီပေါ။ ဒါကြောင့်လဲ လက်ဦးမှု ရအောင် စကားတွေ လမ်းကြောင်းပေးပြီး ခပ် ပါးပါးလေးနဲ. ထိုးစစ် ဆင်လာတဲ့သဘောပါ။
ဒါကြောင့် ဒေါ်စုကို မျှားဦးလှည့်ပြီး နိုင်ငံရေးအရ စင်ပေါ်ကနေ ဆွဲချဖို. လုပ်နေတဲ့ ပြည်ပ အခြေစိုက် အင်အားစု တချို.နဲ. ခေါင်းဆောင်တချို.၏ သံစဉ်တီးဝိုင်းရဲ့ ဖျော်ဖြေမှုတွေ မကြာခင် ဆူဆူညံညံ အသံဗလံတွေ ပေးပြီး တီးခတ်လာတောမည်မှာ မုတ်ချအမှန် ဧကန် မြင်ရတော့မည့် အခြေအနေ ဖြစ်ပါကြောင်း နိုင်ငံရေး ဗေဒင် ဟောလိုပါသည်။
(UDP Myanmar)
"အပျိုရည် အဖျက်ခံရတဲ့ မန္တလေးနဲ့ ဂန္ဓရာဇ်မျော့ဖြူကြီးများ"
ကျောက်ဆည်ကိုကျော်ပြီး... စစ်ကိုင်း၊ ပုလိပ် တစ်ဝိုက်ရောက်ပြီဆိုရင် ရထားပေါ်ကနေ ထုံးဖွေးဖွေးနဲ့
စစ်ကိုင်းတောင်ကို လှမ်းမြင်နေရပြီ။ မြစ်ငယ်တံတားကျော်ပြီးလို့ တစ်အောင့်လောက် ရှိရင် ရေဖွေးဖွေးနဲ့ တောင်သမန်အင်းလယ်ထဲမှာ ဦးပိန်တံတားကို မှုန်ပြပြ မြင်ရပြီ။ တန်ခွန်တိုင်ရွာ၊ မြို့ဟောင်း၊ ရှမ်းစု အစဉ်အတိုင်း အမြန်ရထားကြီး တဂျိုင်းဂျိုင်း ဝင်လာသံနဲ့အတူ ကျွန်တော့် နှလုံးသားလည်း တဒိန်းဒိန်း ခုန်လာခဲ့ပြီ။ ဪ မန္တလေးရောက်တော့မှာကိုး။
ကျွန်တော် လူမှန်းသိတတ်စအထိတော့ မန္တလေးက အပျိုစင် စစ်စစ်ပါ။ မြန်မာမှု၊ မြန်မာ့ ဓလေ့ တွေနဲ့ ထုံမွှမ်းခဲ့တဲ့မြို့။ မြန်မာ့ယဉ်ကျေးမှု သုခုမ အနုပညာ ဝတ်ရုံကို တခမ်းတနားခြုံပြီး လှချင်တိုင်း လှခဲ့တဲ့မြို့၊ ဗုဒ္ဓသာသနာရောင်ဝါ ထိန်ထိန်သာလို့ ရှုမညီးအောင်လှတဲ့မြို့၊ ရှမ်းရိုးမ၊ ငရံ့ပင်းတောင်၊ မန္တလေးတောင်၊ မင်းဝံတောင်တန်းကြီးတွေက ငုံ့ကြည့်ပြီး ငေးယူရလောက်အောင် အပျိုသွေး သန့်သန့်နဲ့ လှလွန်းတဲ့မြို့၊ ယဉ်ကျေးဖော်ရွေ၊ ပျူပျူငှာငှာ ပီယဝါစာ ဆိုတတ်တဲ့မြို့၊ သဒ္ဓါ့တရား ထက်သန်ပြီး အလှူအတန်း ရက်ရောတဲ့မြို့ပါ။
အဲ့ဒီလောက် အဆင်းရော အချင်းရော ပြည့်စုံတဲ့ အပျိုစင် မန္တလေးဟာ စစ်အာဏာရှင် ခေတ်တစ်လျှောက်လုံး၊ ကျွန်တော်တို့ မျက်စိရှေ့မှာတင် တစတစ အပျိုရည်အဖျက်ခံရတာကို ရင်နာနာနဲ့ အံကြိတ်ကြည့်ခဲ့ရတယ်။
ရဟန်းရှင်လူ မြို့ခံလူထုကြီး စုဝေးပေါင်းစုံလေ့ရှိတဲ့ မန်းရာပြည့်ကွင်းကြီးဆိုတာ အခုတော့ ရတနာပုံတိရိစ္ဆာန်ဥယျာဉ်ဖြစ်သွားပြီ။ ကျောက်တော်ကြီးဘုရားပွဲဆိုရင် မန္တလေးအနီးတဝိုက် ရွာတွေက ပွဲလာသူတွေနဲ့ လှည်းဝိုင်းကြီးတွေ၊ ပွဲဈေးတန်းတွေနဲ့ စည်ကားလေ့ရှိခဲ့တဲ့ မင်းတုန်းမင်းကြီး ကောင်မှုတော် သုဓမ္မာဇရပ်တန်းတွေဆိုတာ ပက်ပက်စက်စက် လစ်လျူရှုခံရတော့ မြက်ရိုင်းတောတွေကြားမှာ ဆွေးမြေ့ယိုယွင်းနေခဲ့ပြီ။ အရင်တုန်းက ကြာမျိုးစုံ၊ ဗေဒါပြာ၊ ဘဲစာတွေနဲ့ ပန်းချီကားတစ်ချပ်လို မှုန်နေအောင်လှခဲ့ဘူးတဲ့ ရေ ကျုံးဆိုတာ အင်္ဂတေတွေ မံ၊ ထုံးတွေရန် ထားတော့ နဂိုအလှပျက်သွားပြီ။ နန်းမြို့ရိုးနဲ့ ပြအိုးပြသာဒ်တွေဆိုတာလည်း ရှေးမူမပျက် မထိန်းသိမ်းဘဲ ပြိုကျတဲ့ နေရာတွေသာ အခုခေတ်သုံး အပေါစားအုပ်ချပ်တွေနဲ့ ဖာထေးထားတော့ အပျိုမလေး မျက်နှာမှာ ပွေးဝဲယားနာ စွဲနေသလိုမျိုး ဖြစ်သွားတော့တာပေါ့။
မန္တလေးမြို့ကြီး သိသိသာသာ အပျိုရည် ပျက်စေတဲ့ အဖြစ်အပျက်တွေကတော့ ၁၉၈၁ နဲ့ ၁၉၈၄ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ မီးလောင်မှုကြီးနှစ်ခုဘဲ။ မြို့လည်ခေါင်တစ်ခုလုံးနီးပါး ပြောင်တလင်း ခါသွားစေတဲ့အပြင် ၊ မန္တလေး မြို့နေရွာခံ ဇာတိသားစစ်စစ်တွေ မြို့ပြင် အရှေ့တောင်အရပ်က ပဲဖြူကုန်း သိုးခြံ စတဲ့ မြို့သစ်ဘက် ရောက်ကုန်စေခဲ့တယ်။ အဲ့ဒီအချိန်ကစလို့ မန္တလေးမြို့လယ်မှာ မျော့ဖြူကြီးတွေ စရောက်လာခဲ့တော့တာဘဲ။ မြို့လယ်က ကောင်းပေ့ ညွန့်ပေ့ဆိုတဲ့ တိုက်မြင့်ကြီး တွေ ကြည့်လိုက်ရင် အဲ့ဒီမျော့ဖြူကြီးတွေဘဲ ကပ်နေတာ တွေ့ရလိမ့်မယ်။
မန္တလေး အပျိုရည် အဖျက်ခံရတာ နဝတနဲ့ နအဖ လက်ထက်မှာ အဆိုးဆုံးဘဲ။ တစ်မြို့လုံး နေရာအနှံ့ မာလာငါးဟင်းဆိုင်၊ ယူနန်အသားကင်နဲ့ ဟော့ပေါ့ဆိုင်တွေဆိုတာ မမြင်ချင်အဆုံး။ မနက်ခင်းစောစော ကျုံးဘေးဖက် လမ်းလျှောက်လျှောက်၊ ၆၂ လမ်းဘေးပဲ ပြေးပြေး၊ အသားနီ စပ်စပ် ခေတ်ပျက်မှာ သူဌေးဖြစ်လာပုံရတဲ့ မျှော့ဖြူကြီးတွေဆိုတာ မနည်းရှောင်ယူနေရပြီ။ ၂၆ ဘီလမ်း အတိုင်း အရှေ့ဖက်ကို ထောင်တက်လိုက်တော့ အောင်ပင်လယ်ဖက် မရောက်ခင် ဘေးလမ်းတွေထဲ ဝင်ကြည့်လိုက်ပါ။ သံတံခါးအမြင့်ကြီးတွေ၊ အုတ်တံတိုင်းအမြင့်ကြီးတွေ ကာရံ ထားတဲ့ ဝင်းကြီးတွေ အများအပြား တွေ့ရလိမ့်မယ်။ သိန်းပေါင်း သောင်းဂဏန်းထိ ပေါက်နေတဲ့ အဲ့ဒီလို နေရာမျိုးတွေကို လွယ်လင့်တကူ ဝယ်နိုင်တဲ့ ငွေကြေးတွေ ဒီမျော့ဖြူကြီးတွေ ဘယ်ကရ ကြသလဲ။ ကျွန်တော်တို့ တိုင်းပြည်ရဲ့ အသွေးအသား၊ အဆီအနှစ်တွေကို အာဏာပိုင်တွေနဲ့ ပေါင်းပြီး စုပ်ယူနေကြတာ အားလုံးအသိပဲ။
မြေပေါ် မြေအောက် သယံဇာတဆို ရေနံ၊ ဓါတ်ငွေ့၊ ကျောက်မျက်ရတနာက စလို့ ပယဆေး၊ မန်ကျီးစေ့၊ ဆီးစေ့တောင်မချန်ဘူး။ ထိန်းသိမ်းအပ်တဲ့ သဘာဝတောကောင်ကြီးတွေတင်မက ဖွတ်၊ ပတတ်၊ ဖား၊ မြွေ၊ ကင်း၊ လိပ် တောင် ချမ်းသာမပေးကြဘူး။ အခုဆို အကုန်ရှားပါးကုန်ပြီ။
ကိုယ့်နိုင်ငံက အဖိုးတန် အသွေးအသားတွေကို ပေါချောင်ကောင်း စုပ်ယူနေတဲ့ ဒီမျော့ဖြူ ကြီးတွေဆီက ဘာတွေရသလဲ။ ပြန်ကြည့်လိုက်ပါဦး။ စားသုံးဖို့ သင့်တော်ခြင်း ရှိ-မရှိ။ ရေတို ရေရှည် ကျန်းမာရေးအတွက် သင့်တော်မှု ရှိ-မရှိ မသေချာတဲ့ အခြေခံ စားသောက်ကုန်နဲ့ ဆေးဝါးတွေ၊ အရည်အသွေးနိမ့်တဲ့ ကျီးအာသီးလို လူသုံးကုန်ပစ္စည်းတွေ ပြန်ရတာပဲ။ အဆိုးဆုံးကတော့ အာဏာပိုင်တွေကို ပေးကမ်းပြီး စိတ်ကြွဆေး၊ မူးယစ်ဆေးဝါးတွေ တစ်ခေါက်သယ်လာရုံနဲ့ သိန်းသောင်း ဂဏန်းချီ ပွနိုင်တော့ မန္တလေးမြေကွက်တွေ မတန်မဆ ဈေးပေး ဝယ်နိုင်တာ မဆန်း လှပါဘူး။ ဒီမျော့ဖြူကြီးတွေဟာ မသာအိမ် ဖဲလိမ်ရိုက်နေကြတာပဲ။
ဗမာတွေ ကိုယ့်အရိုးနဲ့ ကိုယ်ပြန်အထိုးခံနေကြရတာ။ ကိုယ့်ဆီကထွက်တဲ့ ကုန်ကြမ်းနဲ့ လုပ်ထားတဲ့ ပစ္စည်းတွေ ဈေးကြီးပေးဝယ်သုံးနေရတာ မဟုတ်လား။ အုပ်ချုပ်သူတွေ အသုံးမကျ တော့၊ တိုင်းပြည်မှာ ကုန်ထုတ်လုပ်မှု (production) မယ်မယ်ရရ မရှိဘူး။ ကုန်ချောတွေ မထုတ် နိုင်ဘူး မဟုတ်လား။
အိုသွားတဲ့ဈေးချို
မန္တလေးရဲ့ အဝေးရောက်သားဖြစ်တဲ့ ကျွန်တော့်အဖို့တော့ အခွင့်သာလို့ အလည် တစ်ခေါက် ပြန်တိုင်း ဈေးချိုတော့ မရောက်ရောက်အောင် သွားတယ်။ ရုံကြီးတွေထဲ ဟိုဝင် ဒီထွက်နဲ့ မောသွားအောင်ကြည့်ပြီးမှ မန္တလေးနန်းကြီးသုတ် (သို့) ခိုတောင်မုန့်တီသုတ်စား၊ ရွှေရင်အေး သောက်၊ အုန်းနို့ကျောက်ကျောစားပြီးရင် အရီးတောင်း လက်ဖက်သုတ်လေး ဝယ်ပြီးမှ အိမ်ပြန်တာ ထုံးစံလို ဖြစ်နေခဲ့တယ်။
ဒါပေမယ့် တစ်ခေါက်ထက် တစ်ခေါက် မန္တလေးဈေးချိုဟာ ပိုပိုပြီး ရုပ်ပျက်လာခဲ့တာ သတိ ထားမိတယ်။ အခုဆို မှတ်မိစရာ ဆိုလို့ မန္တလေးနာရီစင်တစ်ခုပဲ ကျန်တော့တယ်။ အဲ့ဒီ နာရီစင် ဟောင်းလေးတော့ မဖျက်ပါစေနဲ့လို့ဘဲ ဘုရားတနေမိတယ်။ ဈေးချိုဟာ အပြင်ပန်းတင် ရုပ်ပျက် သွားတာ မဟုတ်ဘူး။ အတွင်းအနှစ်သားရတွေဖြစ်တဲ့ ယဉ်ကျေးဖော်ရွေမှု၊ ပီယဝါစာ ပြောဆိုတတ်မှု စတဲ့ ဂုဏ်ဒြပ်တွေပါ ယုတ်လျော့ ပျောက်ဆုံးကုန်တာ ဝမ်းနည်းဖွယ် တွေ့မြင်ခဲ့ရတယ်။
“ယဉ်ယဉ်ကျေးကျေး မြန်မာဆန်သူ၊ အစဉ်မနှေး ဖော်ရွေသူ''
ပျူပျူငှာငှာ ချစ်စရာဈေးချိုသူ” ဆိုတဲ့ သီချင်းစာသားလေးနဲ့ “မောင်ကြီးနှမ ကျားကိုက်ခံရ ပါစေ ရှင်၊ ဈေးမပိုစေရပါဘူး” ဆိုတဲ့ ဈေးဝယ်သူ မောင်ကြီးကို ဖမ်းစားနိုင်တဲ့ အပြောအဆိုလေးတွေ ဒဏ္ဍာရီထဲမှာ ကျန်ရစ်ခဲ့ပြီ။
ပြီးခဲ့တဲ့နှစ် ဈေးချိုရောက်ခဲ့တုန်းက ထုံးစံအတိုင်း အရီးတောင်းလက်ဖက် ဝင်ဝယ်ဖြစ်တော့ မျက်နှာခြင်းဆိုင်က အခြားဆိုင်တစ်ဆိုင်ရဲ့ ဆဲဆိုကြိမ်းမောင်းပြီး သူခိုးယိုးစွပ်နေတာ စိတ်မချမ်း မြေ့ဖွယ် ကြုံခဲ့ရတယ်။ ဈေးရောင်းသူက ဈေးဝယ်ယူ (Customer) ကို ဒီလိုပြောဆို ဆက်ဆံတာဟာ ဟိုအရင်ခေတ် ဂုဏ်သတင်းကျော်ဇောတဲ့ ဈေးချိုသူရဲ့ ပုံရိပ်ကို ရိုက်ချိုးနင်းချေပစ်လိုက်တာပဲ။
မန္တလေးရဲ့ ဓလေ့ထုံးစံများစွာနဲ့ အထင်ကရ ပွဲတော်ကြီးတွေ သမိုင်းဝင်နေရာ ဌာနကြီး တော်တော်များများဟာ တိမ်မြှုပ်ပျောက်ကွယ်လု နီးနေပြီ။ အထင်ရှားဆုံး သာဓကကတော့ မန္တလေး သင်္ကြန်ဘဲ။ ကျွန်တော်တို့ခေတ်တုန်းက သင်္ကြန်ဆိုတာ ယဉ်ကျေးစွာ ရေပက်သူကပက်၊ စတုဒီသာ ကျွေးသူက ကျွေး၊ ဇီဝိတဒါန ပြုသူကပြု၊ သက်ကြီးရွယ်အိုတွေ ခေါင်းလျှော် ခြေသည်းလက်သည်း လှီးသူက လှီး၊ သံချပ်ဆိုသူကဆိုနဲ့ တစ်မြို့လုံး ယဉ်ကျေးပျော်ရွှင်စွာ စည်ကားခဲ့တယ်။ အခုခေတ် မန္တလေးသင်္ကြန်ဆိုတာ ကျုံးဘေးပတ်လည် တစ်ဝိုက်မှာသာ ရိုင်းစိုင်းယုတ်မာသူတွေ၊ နှမချင်း မစာနာ မူးရစ် ရမ်းကားတဲ့ ပွဲတော်ကြီး ဖြစ်သွားပြီ။ လူကောင်းသူကောင်းတွေနဲ့ ယဉ်ကျေးသူတွေ မန္တလေး သင်္ကြန်ကို ရင်မခုန်ကြတော့ဘူး။
နိဂုံးချုပ် ပြောရရင် မန္တလေးဟာ အပျိုရည်အဖျက်ခံခဲ့ရပြီ။ ပညာမဲ့ပြီး အမျှော်အမြင်မရှိ၊ ကိုယ်ကျင့်သိက္ခာ မတည်ကြည်တဲ့ အုပ်ထိန်းသူရဲ့ လက်အောက်မှာ အမျိုးကောင်း သားသမီးတွေ အဖျက်ဆီးခံရတတ်တာ ဓမ္မတာဆိုပေမယ့် ဖွတ်သထက် မညစ်ဖို့၊ အပျိုရည် ဆုံးပေမယ့် ပြည့်တန်ဆာအဆင့် မရောက်ဖို့ ထိန်းသိမ်း စောင့်ရှောက်ရမှာ ကျွန်တော်တို့အားလုံးရဲ့ တာဝန် ဖြစ်တယ်။ မျှော့ဖြူကြီးတွေရဲ့ သွေးစုပ်တာ မခံရဖို့ အုပ်ချုပ်သူတွေမှာ အဓိက တာဝန်ရှိသလို ပြည်သူ ပြည်သားတိုင်း ဝံသာနုရက္ခိတတရားတွေ လက်ကိုင်ထားကြဖို့ လိုတယ်။ ကိုယ့်သမီးကို အပျိုရည် ပျက်စေရုံမက ပြည့်တန်ဆာဘဝ ရောက်အောင် ရောင်းစားမယ့် ပထွေးဆိုးလို အုပ်ချုပ်သူ အစိုးရ မင်းဆိုးမင်းညစ်တွေကို ရဲရဲဝံ့ဝံ့ ဆန့်ကျင်တွန်းလှန်ရမှာ နိုင်ငံသားတိုင်းရဲ့ မွေးရာပါ တာဝန်တစ်ရပ်ဘဲ ဆိုတာ တင်ပြတိုက်တွန်း လိုက်ပါတယ်။
တာဝန်ကျေပွန်သော နိုင်ငံသားတိုင်းအား ဦးညွတ်လျက်
လေးစားစွာဖြင့်
မင်းကောင်းချစ်
Tuesday, November 8, 2011
ကျားသစ်ရဲ့ကိုယ်ပေါ်က အပြောက်တွေပျောက်နေပြီလား (ဗသြ)
ကြံ့ဖွတ်အစိုးရတက်တာ တနှစ်ပြည့်တဲ့အကြောင်းနဲ့ပတ်သက်ပြီး အင်တာဗျူးတွေလုပ်၊ ဆွေးနွေးမှုတွေလုပ်နေကြတယ်။ တချို့မီဒီ ယာကဆိုရင် ကောင်းလာတယ်လို့ပြောလာအောင် စကားဦးသန်း ပြီး ရေလာမြောင်းလုပ်ပေးကြတယ်။ ပြောကြတာကတော့ အမျိုး မျိုးပဲ။ ဒါပေမဲ့ ဒီအထဲမှာ သာမန်ဆင်းရဲသားပြည်သူတွေ မပါဘူး။ သူတို့အဖို့က ဘာမှမထူးဘူး။ ဒါ ကြောင့် ဒီအပြောင်းအလဲကိုလည်း စိတ်မ၀င်စားဘူး။ (ပြည်သူလူထုရဲ့စားဝတ်နေရေးမှာ မထူးခြားပါ ဘူး ဆိုတာကို သမတရဲ့ အကြံပေးပုဂ္ဂိုလ်ဆိုသူကတောင် ၀န်ခံ တာကြားလိုက်ရတယ်)။
နိုင်ငံရေးအကျဉ်းသား ၁၀ ပုံ ၁ ပုံ လောက်လွှတ်တာကို ထောက်ပြ သူက ထောက်ပြခဲ့တယ်။ ဗိုလ်နေ၀င်းလက်ထက်မှာ ထောင်ခါသ လိုအားလုံးကို လွှတ်ခဲ့တာနှစ်ခါထက် မနည်းဘူး။ တခါက ၁၉၆၃ ခုနှစ်မှာ ဟန်ပြငြိမ်းချမ်းရေးခေါ်တုန်းက၊ နောက်တခါက ၁၉၇၄ မဆလအစိုးရ ဖွဲ့စည်းပုံဥပဒေကျေညာကာနီးမှာ။ အဲဒီတုန်းက ဦးနေ၀င်းကြီး စိတ်ကောင်းဝင်လာပြီလို့ ဘယ်သူကမှ မပြောခဲ့ပါ ဘူး။ နောက်တော့လည်း ဖမ်းချင်တိုင်းဖမ်းနေခဲ့တာပဲမဟုတ်လား။
မီဒီယာတွေထဲမှာ အရင်ကဖော်ပြခွင့်မရတာတွေ ဖော်ပြခွင့်ပေးလာတယ်လို့လည်းပြောကြတယ်။ မဆလခေတ်က ခွင့်ပြု တဲ့ရေချိန်ကို မီပြီလား။ ဝေးပါသေးတယ်။ ဒါပေမဲ့ မဆလခေတ်ကိုတော့ စစ်အစိုးရခေတ်၊ အခုခေတ်ကိုတော့ ဒီမို ကရေစီ ရောင်ခြည်သန်းလာတဲ့ခေတ်လို့  မွှန်းချင်နေကြတယ်။
အစိုးရတရပ်ကို စစ်အစိုးရလို့ဘာကြောင့်ခေါ်တာလဲ။
အလွယ်လေးပြောရရင် တိုင်းပြည်ရဲ့အာဏာကို စစ်ဗိုလ်တွေက (သဏ္ဌာန်အမျိုးမျိုးနဲ့) ချုပ်ကိုင်ထားလို့ ဖြစ်တယ်။ အထူး သဖြင့် စစ်တပ်အာဏာ၊ အုပ်ချုပ်ရေးအာဏာနဲ့ စီးပွားရေးအာဏာတို့ ဖြစ်တယ်။ အစိုးရတရပ်မှာ နိုင်ငံ့အကြီးအကဲ၊ ကာ ကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးနဲ့ စီးပွားရေးဆိုင်ရာ ၀န်ကြီးတွေကို စစ်ဗိုလ်(ပုဆိုးပဲဝတ်ဝတ်၊ ဘောင်းဘီပဲဝတ်ဝတ်) တွေက ကိုင်ထားတာဟုတ်မဟုတ်စစ်ကြည့်လိုက်ပါ။ အထင်းသား တွေ့ရမယ်။
ဗမာနိုင်ငံသမိုင်းမှာ ၁၉၅၈ ခုနှစ်မှာ ဗိုလ်နေ၀င်းနဲ့ ဆိုရှယ်လစ်စစ်ဗိုလ်တွေက အိမ်စောင့်အစိုးရရယ်လို့ ပထမဆုံးအာ ဏာသိမ်းတော့ ဗိုလ်နေ၀င်းက၀န်ကြီးချုပ်လုပ်တယ်။ ကာကွယ်ရေးဌာနနဲ့ အမျိုးသားစီမံကိန်းဌာနတို့ကို ၀န်ကြီးအဖြစ်နဲ့ ချုပ်ကိုင်ထားတယ်။ ကျန်တဲ့ဝန်ကြီးနေရာတွေကိုတော့ လက်ရှိရှိနေတဲ့ ဗြူရိုကရေစီယန္တရားထဲက အရပ်သားတွေကိုပဲ ခန့်ထားတယ်။ ဒါပေမဲ့ ထောက်လှမ်းရေးကိုတော့ စစ်တပ်ကအသေကိုင်ထားတယ်။ အဲဒီတုန်းကတော့ နိုင်ငံ့အာဏာကို ရေရှည်ဆုပ်ကိုင်ဖို့ မဆုံးဖြတ်နိုင်သေးတာက တကြောင်း၊ သူတို့စစ်ဗိုလ်တွေအတွက် ၀န်ကြီးအလုပ်တွေက စိမ်းနေလို့ တကြောင်းဖြစ်တယ်။ အဲဒီနောက် ၁၉၆၂ အာဏာသိမ်းပွဲမှာကစလို့ ဒီနေ့အထိ အစိုးရအဖွဲ့ရဲ့ အရေးပါတဲ့နေရာမှန်သမျှ ကို စစ်ဗိုလ်နဲ့ဗိုလ် “ထွက်” တွေချည့်ပဲ အပိုင်ချုပ်ကိုင်ထားတယ်။ ဒီချုပ်ကလွှတ်တော်ထဲရောက်လာရင် (အာဏာကိုမထိ ပါးနိုင်တဲ့) ၀န်ကြီးတနေရာ၊ နှစ်နေရာပေးကောင်းပေးပါလိမ့်မယ်။ ဒါဆိုရင် အမေရိကန်ကို မျက်နှာပြလို့ ပိုကောင်းတာ ကိုး။ ဒါပေမဲ့ ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ နယ်စပ်ဒေသ၀န်ကြီးတို့ကတော့ “ကန်တော့ဆွမ်း” ပဲဖြစ်မယ်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအောက်က စစ်ဗိုလ်ချုပ်တွေရဲ့နိုင်ငံရေး၊ စစ်ဗိုလ်ချုပ်တွေရဲ့လွှတ်တော်တွေထဲမှာ ၀င် လုပ်နေသူတွေဟာ “နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်ကပါဝင်ထမ်းဆောင် နိုင် ရေးတို့ကို အစဉ်တစိုက်ဦးတည်သည်” ဆိုတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁) ပါ အခြေခံမူများအတိုင်း အစဉ်တစိုက် ဦးတည်လုပ်ပေးကြရမှာသာဖြစ်တယ်ဆိုတာ မမေ့ဖို့လိုတယ်။
လွတ်လပ်ရေးရပြီးနောက် ဗမာပြည်ရဲ့မြေပေါ်နိုင်ငံရေးမှာ စစ်ဗိုလ်တွေလောက်အာဏာလက်ကိုင်ထားနိုင်တာ၊ နိုင်ငံရေး ပါးဝတာ၊ အာဏာပါးဝတာ မရှိဘူးဆိုတာသတိရကြသင့်တယ်။ သူတို့ဟာ ဘယ်လိုနေရာမှာ ဘယ်လိုကွန်ပစ်၊ ဘယ်လို ငါးစာကိုချရမယ် ဆိုတာကိုသူတို့တတွေ နောကြေနေအောင်သိကြတယ်။ ပြည်တွင်းကိုရော ပြည်ပကိုပါ ဘယ်လိုချူဆီ ထည့်ရမယ်ဆိုတာလည်း သူတို့သိကြတယ်။
အထက်မှာရေးခဲ့တဲ့ ပြည်သူလူထုကတော့ စားဝတ်နေရေးမတိုးတက်လို့ အပြောင်းအလဲဖြစ်လာတယ်လို့ မထင်ကြောင်း သဘောထားတာကို စံထားသင့်တယ်။ ပြည်သူလူထုအတွက် မထူးခြားဘဲ နိုင်ငံရေးလုပ်သူတွေအတွက်ပဲ အကောင်း ဘက် ဦးတည်လာတယ်ဆိုတယ်လို့ ပြောတာဟာ ဟုတ်ပါ့မလား။ ကောင်းစားစရာရှိရင် နိုင်ငံရေးလုပ်သူတွေက အရင်၊ ပြည်သူလူထုက နောက်မှတဲ့လား။
ဗသြ http://www.naytthit.net/?p=21659
မဟာဗျူဟာမြောက် အတက်နှင့် အဆုတ်
by Lu Cifer on Monday, November 7, 2011 at 7:40am
၁၅ ရာစုတုန်းက ဥရောပတွင် ဥရောပပြဿနာကို အရင် ဖြေရှင်းရေး ကြွေးကြော်သံကိုသာ စွဲကိုင် ထားခဲ့ချေလျှင် ကိုလံဘတ်စ်သည် အမေရိကတိုက်ကိုပင် တွေ့နိုင်ခဲ့လိမ့်မည်မဟုတ်၊ ဥရောပ သည်လည်း
ဥရောပ ပြဿနာများအကြာတွင် မြုပ်ခဲ့ချေတော့မည်။ (ဟင်နရီကစ်ဆင်ဂျာ)*
လွန်ခဲ့တဲ့ တနှစ်က ရွေးကောက်ပွဲဝင် အပေါ် ယုံကြည်သူတွေက ရွေးကောက်ပွဲဟာ စစ်တပ် စနစ်တကျ ထွက်ပေါက်ပေးသင့်တယ်လို့ တင်ပြကြတယ်။ တနှစ်အကြာမှာတော့ နောက်ထပ် ပြဿနာတရပ် ပေါ်လာပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဂုဏ်သိက္ခာရှိရှိ ဘယ်လို ထွက်ပေါက်ပေးမလဲ ဆိုတဲ့ ပြဿနာဖြစ်ပါတယ်၊ ဒီတခါအဆုံးအဖြတ်က အာဏာရသူတွေ လက်ထဲမှာ ရှိနေပါတယ်။
ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မနှစ်မတ်လက မှတ်ပုံမတင်ရေး၊ ရွေးကောက်ပွဲ မ၀င်ဖို့ ကန့်ကွက်သူမရှိတခဲနက် ဆုံးဖြတ်ခဲ့ကြတယ်၊ ရွှေဂုံတိုင် ကြေညာ စာတမ်းအပေါ် ရပ်ခံခဲ့တယ်။ တနှစ်အကြာမှာ ဂငယ်ကွေ့ကွေ့တော့မယ်ဆိုရင် ရွှေဂုံတိုင် ကြေညာစာတမ်းကို ဘယ်လို သဘောထားမလဲ။ တလျှောက်လုံးကိုင်စွဲလာတဲ့ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို ဘယ်လို သဘောထားမလဲ၊ ရှေ့စကားနဲ့ နောက်စကားညီဦးပါ့မလား ဆိုတဲ့ ပြသနာပေါ်လာပါတယ်။
အကယ်၍ ရွှေဂုံတိုင် ကြေညာ စာတမ်းပါ အဓိက တောင်းဆိုချက်တွေထဲက အပြောင်းအလဲတွေ မမြင်ရဘဲ၊ (ဥပမာ ယုံကြည်ချက်ကြောင့်ကျတဲ့ အကျဉ်းသားတွေကို မလွှတ်ပေးဘဲ၊ ဖွဲ့စည်းပုံထဲက ဒီမိုကရေစီနည်းလမ်း မကျတာတချို့တွေကို မပြုပြင်ဘဲ၊ ၁၉၉၀ ရွေးကောက်ပွဲကို တစုံတရာ အသိအမှတ်မပြုဘဲ) ရွေးကောက်ပွဲဝင်မယ်ဆိုရင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အတွက် ဂုဏ်သိက္ခာရှိတဲ့ ထွက်ပေါက် မဖြစ်နိုင်ပါဘူး။
ဒီအပေါ်မှာ ပါတီဝင်တွေကြားမှာတင် စိတ်ဝမ်းကွဲမှု ဖြစ်နိုင်ပါတယ်။ ရေရှည်မှာလည်း ရှေ့နောက် မညီမှုတွေအတွက် ပါတီစည်းရုံးရေးကအစ ပြဿနာ ကြုံနိုင်ပါတယ်၊
ပါတီများမှတ်ပုံတင်ခြင်း ဥပဒေထဲက အချက်သုံးချက်ကို ပြင်ဆင်လိုက်တာ၊ နိုင်ငံရေး အကျဉ်းသားတချို့ ပြန်လွတ်လာတာတွေဟာ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည်တို့ တွေ့ဆုံဆွေးနွေးမှုရလဒ်ဆိုတာ သံသယ ဖြစ်စရာမရှိပါဘူး။ တွေ့ဆုံဆွေးနွေးရေးဆိုတဲ့ အဓိပ္ပါယ်ကိုက နှစ်ဖက်အပေးအယူလုပ်ရတဲ့ ကိစ္စဖြစ်ပါတယ်။ တဖက်ဖက်က လိုချင်တာ အကုန်မရနိုင်တာ လူတိုင်း သဘောပေါက်ပြီးသား ကိစ္စဖြစ်ပါတယ်။
ဒါပေမယ့် ဘယ်အချက်တွေတော့ အနည်းဆုံး ရသင့်တယ်ဆိုတဲ့အပေါ်မှာတော့ ဂုဏ်သိက္ခာနဲ့ ဆိုင်လို့ အလေးအနက် စဉ်းစားရမယ့် ကိစ္စဖြစ်ပါတယ်။ ဥပမာ ရွေးကောက်ပွဲမ၀င်ခင် ကျန်နေတဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းသားတွေကို အကုန်လွှတ်ပေးဖို့၊ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို တနည်းနည်းနဲ့ အသိအမှတ်ပြုတာမျိုး လိုအပ်ပါတယ်။ ဒီအနည်းဆုံးလိုအပ်ချက်တွေကို ဒီအချိန်မှာ မရရင် ဘယ်အချိန်မှာ ရမလဲဆိုတဲ့ ကတိက၀တ်နဲ့ သဘော တူညီချက်လိုအပ်ပါလိမ့်မယ်။
မျိုးဆက်နဲ့ချီတဲ့ ပဋိပက္ခအတွက် အားလုံးလက်ခံနိုင်ငံတဲ့ အဖြေဆိုတာ ချက်ချင်းလက်ငင်း မရှိနိုင်ပါဘူး၊ ဒါပေမယ့် တဦးချင်း တဖွဲ့ချင်းအတွက် အသေးစိတ်ကိစ္စတွေကို အချိန်ယူ ဖြေရှင်း ရမယ့်ကိစ္စ၊ ချက်ချင်းဖြေရှင်းရမယ့် ကိစ္စတို့ကိုတော့ ခွဲခြား နားလည်ရမှာတွေရှိနိုင်ပါတယ်။ တချိန်တည်းမှာ အသေးစိတ်ကိစ္စတွေမှာ ချောင်ပိတ်မိနေတာ မျိုးမဟုတ်ဘဲ လက်တွေ့ကျဖို့ လည်း လိုပါမယ်။
ဥပမာ ဒီမိုကရေစီအရေးနှင့် ပြည်ထောင်စု အရေးနဲ့ပတ်သက်လို့ ရှိခဲ့တဲ့ ရွှေဂုံတိုင် ကြေညာစာတမ်း၊ ကလေးမြို့ ကြေညာစာတမ်း အစ၊ မာနယ်ပလောစာချုပ် အလယ်၊ ပင်လုံ စာချုပ်အဆုံး အချိန်ကာလနဲ့ အခြေအနေအရ ချုပ်ဆိုသဘောတူညီခဲ့တဲ့ စာချုပ်စာတမ်းတွေမှာ ပိတ်မိမနေဖို့ လိုပါတယ်။
တချိန်တည်းမှာ အရာရာကို အလွန်အကျွံ ယေဘုယျပြုတာမျိုးလည်း မဖြစ်ဖို့ လိုပါတယ်၊ ဥပမာ (၁) မနှစ်က ရွေးကောက်ပွဲမ၀င်ဖို့ ပြောပြီး၊ ဒီနှစ်ရွေးကောက်ပွဲမယ်ဆိုရင် မနှစ်ကတည်းက ၀င်လိုက် ပါတော့လား၊ (၂) ငါမပြောလား၊ နဂိုကတည်းက ရွေးကောက်ပွဲကိုဝင်ပါဆိုတာ၊ နောက်ဆုံးတော့လည်း ဒီလမ်းပဲ ရွေးရတယ် မဟုတ်လား ဆိုတဲ့ ယေဘုယျပြုချက်မျိုးကို ဆိုလိုတာပါ၊ အခြေအနေတွေ ပြောင်းလဲသွားတာကို လက်ခံဖို့ လိုပါတယ်။
"နောက်ထပ်တခုကလည်း ရထားကြီးကတော့ ထွက်သွားပြီး၊ မလိုက်ချင်နေခဲ့" ဆိုတဲ့ နိုင်လိုမင်းထက် စဉ်းစားချက်မျိုးဖြစ်ပါတယ်။ မနက်ရထားနဲ့ မလိုက်နိုင်သူတွေကို ညရထားနဲ့ လိုက်လာနိုင်အောင် အခြေအနေတွေကို ဖန်တီးပေးဖို့ လိုအပ်ပါတယ်။
မြန်မာပြည် လွတ်လပ်ရေးရတဲ့ အချိန်ကနေ ယနေ့အထိ ရှိနေတဲ့ ပြသနာတွေကို ကြည့်ရင် ဒီစဉ်းစားချက် အပေါ် အခြေခံခဲ့ပါတယ်။
လက်တွေ့မှာ ဘယ်လောက်သေးငယ်တဲ့ တိုင်းရင်းသား အုပ်စု၊ နိုင်ငံရေး အုပ်စုကိုမျှ အပြီးတိုင် မချိုးနှိမ်နိုင်ခဲ့ပါဘူး။ တချိန်ချိန်မှာ အုပ်စုတခုက အနိုင်ရကောင်းရ နေနိုင်ပေမယ့် ရေရှည်ခံတဲ့ အဖြေမဖြစ်နိုင်ပါဘူး။ အာဏာရအုပ်စုထဲက ဖြစ်စေ၊ အတိုက်အခံ အုပ်စုထဲကဖြစ်စေ၊ သေးငယ်တဲ့ အစိတ်အပိုင်းကြောင့် အပြောင်းအလဲတွေ ရှေ့မတိုးနိုင်တာ၊ သို့မဟုတ် နောက်ပြန်လှည့် သွားနိုင်စရာရှိပါတယ်။
အတိတ်သင်ခန်းစာအရ မြန်မာပြည်မှာ သူ့ဘက်ကိုယ့်ဘက် သဘောတရားနဲ့ ဘယ်သူမှ ဘယ်သူ့ကို မချေမှုန်းနိုင်ခဲ့ပါဘူး။ နောင်ကိုလည်း ဖြေရှင်းနိုင်စရာအကြောင်းမမြင်ပါဘူး။ ဒါကြောင့် အင်အားစုအားလုံးအတွက် ဂုဏ်သိက္ခာရှိတဲ့ ထွက်ပေါက်တခုကို ၀ိုင်းဝန်းအဖြေရှာဖို့ လိုတယ်လို့ ယူဆပါတယ်။
တနည်းအားဖြင့် အာဏာရအုပ်စုကို ဂုဏ်သိက္ခာရှိရှိ ဘယ်လို ထွက်ပေါက် ပေးမလဲ၊ ဒီမိုကရေစီ အင်အားစုတွေကို ဘယ်လိုထွက် ပေါက်ပေးမလဲ၊ တိုင်းရင်းသားအုပ်စုတွေကို ဘယ်လို ထွက်ပေါက်ပေးမလဲ ဆိုတဲ့ (win-win-win solution) ကိစ္စဖြစ်ပါတယ်။ ချောင်ပိတ်ပြီးမှပေးတဲ့ ထွက်ပေါက်တာမျိုးမဟုတ်ဘဲ၊ ဂုဏ်သိက္ခာရှိတဲ့ ထွက်ပေါက်မျိုးဖြစ်ရပါမယ်။ ပြသနာတွေရဲ့ အဖြေဟာ သီးခြားစီမဟုတ်ပါဘူး။
ဒါကြောင့် အင်အားစုတိုင်းမှာ မဟာဗျူဟာမြောက် စဉ်းစားချက်နဲ့ အမျိုးသားအကျိုးစီးပွားအပေါ် အခြေခံတဲ့ စဉ်းစားချက်ရှိမှ လက်ရှိအပြောင်း အလဲတွေကို ရေရှည်ထိန်းထားနိုင်မယ်လို့ ယူဆပါတယ်။
ညီစောလွင်
Sunday, 06 November 2011 09:00
(*ဆရာမောင်ဝံသ ရေးသည့် ကစ်ဆင်ဂျာ၏ အိမ်ဖြူတော်နှစ်များ စာအုပ်မှ ကောက်နှုတ် ဖော်ပြပါသည်)
http://www.maukkha.org/index.php?option=com_content&view=article&id=1950:2011-11-06-09-10-07&catid=131:essay&Itemid=384
သမိုင်း တကွေ့ မှ ၀ါအရင့်ဆုံး နိုင်ငံရေးသမားကြိး ဘကြီးဘဘေ
Than Win Hlaing – သမိုင်းတကွေ့မှ ၀ါအရင့်ဆုံး နိုင်ငံရေးသမားကြီး ဘကြီးဘဘေ
နိုဝင်ဘာ ၆၊ ၂၀၁၁
အောင်ဆန်း – အက်တလီစာချုပ်မှာ တွေ့ရတဲ့ ဦးဘဘေ၊ မစ္စတာ ကဲမဲန့်လ် အက်တလီ၊ ဗိုလ်ချုပ် အောင်ဆန်း၊ ဦးတင်ထွဋ်
ဘကြီးဘဘေ(ခေါ်) ဦးဘဘေသည် ၁၉၀၆ ခုနှစ်တွင် ၀ိဇ္ဇာဘွဲ့အောင်သည်မှစ၍ နိုင်ငံရေး စတင်ဆောင်ရွက်ခဲ့သူဖြစ်သည်။ သူသည် ၀ိုင်အမ်ဘီအေအသင်း၊ သူရိယသတင်းစာတို့ကို စတင် တည်ထောင်၍ ကိုလိုနီခေတ်တွင် လူထုအား နိုင်ငံရေးမျက်စိဖွင့်ပေးခဲ့သော ၀ါရင့် နိုင်ငံရေးသမားဖြစ်သည်။ သူ၏၀ါဒမှာ ဒီမိုကရေစီဝါဒဖြစ်သည်။ မဇ္ဈိမ ပဋိပဒါလမ်းစဉ်ဖြစ်သည်။ ဦးဘဘေသည် ပြည်သူပိုင် လုပ်သောစနစ်ကို မကြိုက်နှစ်သက်ပေ။ ပြည်သူပိုင်လုပ်ငန်းသည် ပြည်သူ့လက်မှအလုပ်ကို အစိုးရလုယူခြင်းသာဖြစ်သည်ဟု ခံယူထားသည်။ ထိုနည်းတူစွာ သမ၀ါယမစနစ်နှင့် ဖက်ဆစ်စနစ်မှာလည်း လူထုကိုကောင်းကျိုးမပေးဘဲ လူတစုသာ အကျိုးများစေသည်ဟု ဆိုခဲ့သည်။ ထို့ပြင် လုပ်ခ စားလုပ်ကိုင်သူတို့ ၀င်ငွေနှင့်ထွက်ငွေ မျှတအောင်မဖန်တီးပေးနိုင်ပါက တနေ့ တိုင်းပြည်အကျပ်တွေ့မည်ဟု ကြိုတင်နိမိတ်ဖတ်ခဲ့သည်။
ဘကြီးဘဘေ (ခေါ်) ဦးဘဘေကို ၁၈၈၃ ခုနှစ်၊ ဧပြီလ ၁၆ ရက် တနင်္လာနေ့တွင် သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့၌ ဖွားမြင်ခဲ့သည်။ မိဘများမှာ အဖ မြေပိုင်ရှင် ကုန်သည်ဦးအို၊ အမိ ဒေါ်မှင်တို့ဖြစ်ပြီး အထွေးဆုံးသားဖြစ်သည်။ ဖခင်မှာ ကြို့ပင်ကောက် မြူနီစပယ်လူကြီးအဖြစ် ဆောင်ရွက်ခဲ့သည်။
ငယ်စဉ်က ကြို့ပင်ကောက်မြို့ အာစီအမ်သာသနာပြုကျောင်း၊ ရန်ကုန် အစိုးရဟိုက်စကူးကျောင်းနှင့် ရန်ကုန်ကောလိပ်တို့တွင် ပညာ သင်ကြားခဲ့သည်။ အသက် ၁၉ နှစ်တွင် ဘင်္ဂလားအင်ထရင့်စာမေးပွဲကို စကောလားရှစ်ဖြင့် အောင်မြင်သည်။ ၁၉၀၄ခုနှစ်တွင် ရန်ကုန်ကော လိပ် အက်ဖ်အေတန်း (ဒုတိယနှစ်) ကို စကောလားရှစ်ဖြင့်အောင်မြင်၍ ၁၉၀၆ ခုနှစ်တွင် ဘီအေ (၀ိဇ္ဇာ) ဘွဲ့ရရှိခဲ့သည်။ ထို့နောက် ရန်ကုန် ကောလိပ်တွင် ဥပဒေပညာဆက်လက်သင်ယူသည်။
၁၉၀၄ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့တွင် ရန်ကုန်ကောလိပ်၌ ဗုဒ္ဓဘာသာအသင်းတည်ထောင်ရာတွင် ပါဝင်ခဲ့သည်။ ထိုမှတဖန် ၁၉၀၆ ခုနှစ် မေလ ၁၀ ရက်နေ့တွင် ဦးဘဘေသည် သူငယ်ချင်းများ ဖြစ်ကြသော ကိုဘရင်(ဒေါက်တာဘရင်)၊ ကိုမောင်ကြီး(ဆာမောင်ကြီး) တို့နှင့်အတူ ‘၀ိုင်အမ်ဘီအေ’(Y.M.B.A)ခေါ် ‘ဗုဒ္ဓဘာသာကလျဏယုဝ’ အသင်းကို စတင်တည်ထောင်ခဲ့သည်။ အသင်းကို စတင်တည်ထောင်စဉ်က ကိုမောင်ကြီး၏နေအိမ် (အမှတ် ၈၆၊ ၂၈လမ်း၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်) တွင် ကျောင်းသား ၂၀ ခန့်ဖြင့် စတင်ဖွဲ့စည်းခဲ့သည်။ ထိုအချိန်က ၀ိုင်အမ်ဘီအေ တည်ထောင်ရခြင်းမှာ စွန့်စားခန်းကြီးတခုပင်ဖြစ်သည်။ ၀ိုင်အမ်ဘီအေကိုတည်ထောင်ခဲ့သော ကိုဘဘေ၊ ကို မောင်ကြီး၊ ကိုဘရင်တို့ကို အာဏာပိုင်တို့က ‘ထောင်စာလေးတွေ’ဟု ပြောခဲ့ကြသည်။ ဦးဘဘေသည် ၀ိုင်အမ်ဘီအေအသင်းတွင် အသင်း ၏ အကျိုးဆောင်၊ ဒုတိယဥက္ကဌ၊ အမှုဆောင်လူကြီး စသည့်တာဝန်များကို ထမ်းရွက်ခဲ့သည်။
ထို့နောက် ၁၉၁၁ ခုနှစ်၊ ဇူလိုင်လ ၄ ရက် အင်္ဂါနေ့တွင် ဦးဘဘေသည် ဦးလှဖေ (နောင်မြင်းခြံ ချည်မျှင်အထည် စက်တည်ထောင်သူ) နှင့် အတူ သူရိယသတင်းစာကို စတင်တည်ထောင်ခဲ့သည်။ ထိုစဉ်က ဦးဘဘေသည် ဆေးမင်းကြီးရုံး၌ အလုပ်လုပ်နေစဉ် မျက်နှာဖြူများနှင့် မသင့်တင့်၍အလုပ်မှထွက်ခဲ့ပြီးနောက် သတင်းစာထုတ်ရန်စိတ်ကူးရှိခဲ့ရာ စိန်ပေါကျောင်းတွင် ကျောင်းဆရာအတူလုပ်ခဲ့ဖူးသော ဦးလှဖေ နှင့်တွေ့ဆုံရာမှ သတင်းစာထုတ်ရန် အကြံရခဲ့သည်။ ထိုစဉ်ကဦးလှဖေသည် ဦးမေအောင်၏ The Burman အင်္ဂလိပ်သတင်းစာ၌ အယ်ဒီ တာလုပ်ခဲ့ဖူးသည့်အတွက် အတွေ့အကြုံရှိသူဖြစ်သည်။
သို့ရာတွင် နှစ်ဦးပေါင်းမှ ငွေ ၅၀ သာရှိသည်။ ထို့ကြောင့် ပြည်ကြီးမဏ္ဍိုင်ပုံနှိပ်တိုက်တွင် “သူရိယသတင်းစာ ထုတ်တော့မည်။ ဘာသာရေး၊ နိုင်ငံရေးပါမကျန် မိမိတို့သန်ရာကိုဖတ်ရတော့မည်”ဟု ကြော်ငြာရိုက်နှိပ်၍ ခင်မင်ရာမိတ်ဆွေများကို သတင်းစာဖိုး တနှစ်စာအတွက် ၁၅ ကျပ်စီ ကောက်ခံရာ ငွေ ၅၀၀၀ ကျော်ရခဲ့သည်။ ထိုငွေဖြင့် သူရိယသတင်းစာကို စတင်မွေးဖွားလိုက်လေ သည်။ ဦးဘဘေသည် သူရိယ သတင်းစာ၏ အယ်ဒီတာအပြင် နတ်ကြီးသုံးပါးစကားပြောခန်းကို အပတ်စဉ်ရေး၍ ‘နတ်ကြီးဘဘေ’ အဖြစ် ထင်ရှားခဲ့သည်။ ထိုမှတဖန် အင်္ဂလိပ်ဘာသာဖြင့် The Burma Observer သတင်းစာကိုလည်း သူရိယသတင်းစာတိုက်မှပင် ထုတ်ဝေခဲ့သည်။ သံတော်ဆင့် ဦးသိမ်း မောင်၊ ဟံသာဝတီ ဦးစိန်၊ ထွန်းနေ့စဉ် ဦးထွန်းဖေ၊ သမာဓိအမ် ဘိုးချိန်၊ ဦးဘသန်း (ယူပီအိုင်) နှင့် ဇ၀နတို့သည် သူရိယတိုက်မှမွေးထုတ်ပေး လုက်သော သတင်းစာဆရာများပင် ဖြစ်ကြသည်။
၁၉၁၄ ခုနှစ်တွင် ဦးဘဘေသည် ဒေါ်ဖွားမျှင်နှင့်လက်ထပ်ထိမ်းမြား၍ သားနှစ်ယောက်ထွန်းကားခဲ့သည်။
၁၉၁၇ ခုနှစ်၊ သြဂုတ်လ ၂၀ ရက်နေ့တွင် ဗြိတိသျှအစိုးရ အိန္ဒိယနိုင်ငံဆိုင်ရာဝန်ကြီးမွန်တေဂူ (Edwin Montagu 1879-1924)က ဗြိတိသျှ ပါလီမန်အောက်လွှတ်တော်၌ မြန်မာပြည်အပါအ၀င် အိန္ဒိယနိုင်ငံအား ဗြိတိသျှအင်ပါယာအတွင်းမှ တဖြေးဖြေး ကိုယ်ပိုင်အုပ်ချုပ်ရေးပေး မည်ဟု ကြေညာခဲ့သည်။ ထို့ကြောင့် မွန်တေဂူ၏ ပြုပြင်ပြောင်းလဲသောအုပ်ချုပ်ရေးစနစ်ကို စုံစမ်းရန်အတွက် ၀ိုင်အမ်ဘီအေအသင်းမှ ကိုယ်စားလှယ်များဖြစ်ကြသော ဦးဘဘေ၊ ဦးဘဖေ၊ ဦးမေအောင်၊ ဦးစုတို့အား ၁၉၁၇ခုနှစ် အောက်တိုဘာလတွင် ကလကတ္တားမြို့သို့ စေလွှတ်ခဲ့သည်။ သို့ရာတွင် ၁၉၁၈ ဇွန်လ တွင် မွန်တေဂူချမ်းစဖို့စီမံကိန်းအရအိန္ဒိယကို ဒိုင်အာခီအုပ်ချုပ်ရေးပေးသောအခါ မြန်မာကိုချန် ထားသည့် အစီရင်ခံစာထွက်ပေါ်လာသည်။ ယင်းနောက် ၁၉၁၇ ခုနှစ်၊ ဒီဇင်ဘာ ၁၈ တွင် ဗြိတိသျှအစိုးရက မြန်မာနိုင်ငံဒုတိယ ဘုရင်ခံ အဖြစ် ဆာရယ်ဂျီနယ်ကရက်ဒေါက်အားခန့်အပ်ပြီး နောက် ၁၉၁၈ ခုနှစ်၊ ဒီဇင်ဘာ ၁၇ ရက်တွင် မြန်မာပြည်အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲ စီမံကိန်း (Craddock Scheme) ကို ထုတ်ပြန်ခဲ့သည်။
ထို့ကြောင့် ၀ိုင်အမ်ဘီအေအသင်းချုပ်၌ အထူးအစည်းအဝေးကိုကျင်းပ၍ ကရက်ဒေါက်စီမံကိန်းကိုတိုက်ဖျက်၍ မြန်မာပြည်သူတို့ လိုလား သောအုပ်ချုပ်ရေးတောင်းဆိုရန်အတွက် ၀ိုင်အမ်ဘီအေ ကိုယ်စားလှယ်များဖြစ်ကြသော ဦးဘဘေ (သူရိယ)၊ ဦးပု (၀တ်လုံတော်ရ-ရွှေကျင်)၊ ဦးထွန်းရှိန် (ကျောင်းအုပ်ကြီး၊မန္တလေး) (ဘေ၊ ပု၊ ရှိန်) တို့ကိုရွေးချယ်၍ ၁၉၁၉ ခုနှစ်၊ ဇူလိုင်လ ၇ ရက်တွင် အင်္ဂလန်သို့ စေလွှတ်ခဲ့သည်။ ကိုယ်စားလှယ်အဖွဲ့သည် ဗြိတိသျှအစိုးရကဖိတ်၍ သွားသောအဖွဲ့မဟုတ်ဘဲ ကိုယ့်အစီအစဉ်ဖြင့် ကိုယ်အရေးဆိုရန် သွားသောအဖွဲ့ဖြစ်၍ ပထမတွင်လက်ခံတွေ့ဆုံမည့်သူပင်မရှိချေ။ ထို့နောက် ဘေ၊ ပု၊ ရှိန်ကိုယ်စားလှယ်အဖွဲ့သည် ၁၉၁၉ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့တွင် အိန္ဒိယနိုင်ငံဆိုင်ရာ အတွင်းဝန် မွန်တေဂူနှင့်တွေ့ဆုံခဲ့ရပြီး မြန်မာတို့ရေးဆွဲထားသော မြန်မာနိုင်ငံဆိုင်ရာအုပ်ချုပ်ရေး ပြုပြင်ရေးစီမံကိန်းကို ဗြိတိသျှအစိုးရထံ တင်ပြနိုင်ခဲ့သည်။ သို့သော် အိန္ဒိယပြည်နယ်ကြီးများနှင့်တန်းတူထား၍ မြန်မာနိုင်ငံကို ဒိုင်အာခီအုပ် ချုပ်ရေးတိုးပေးမည့်ကတိကို မရခဲ့ချေ။ ဗြိတိသျှအစိုးရ၏ နောက်ဆုံးအဖြေမှာ မြန်မာနိုင်ငံအတွက် သီးခြားစဉ်းစားပေးမည်ဟုသာ ဖြစ်သည်။ ဘေ၊ ပု၊ရှိန်ကိုယ်စားလှယ်အဖွဲ့သည် မူလရည်ရွယ်ချက်ဖြစ်သော ဒိုင်အာခီအုပ်ချုပ်ရေးတိုးပေးရေးကိစ္စ မအောင်မြင်ခဲ့သော်လည်း ရွှေတိဂုံ ဘုရားကုန်းတော် အနောက်ဘက်ခြမ်းတွင် တပ်စွဲထားသော အင်္ဂလိပ်တပ်သားများ ရုပ်သိမ်းပေးရန်သဘောတူခဲ့မှုနှင့်၊ ပထမကမ္ဘာစစ်အတွင်း က မြန်မာနိုင်ငံထွက် ဆန်များရောင်းရသည့် အမြတ်ငွေ (၉) ကုဋေကျပ်ကို အိန္ဒိယအစိုးရထံမှ ပြန်လည်ရရှိခဲ့သည်။ ဘေ၊ ပု၊ ရှိန် ကိုယ်စား လှယ်အဖွဲ့၏ခရီးစဉ်သည် ကိုလိုနီခေတ်အဖိနှိပ်ခံဘ၀ကျရောက်နေသော မြန်မာပြည်သူလူထုအား နိုင်ငံရေးအသိတရား နိုးကြားစေရန်တပ် လှန့်နှိုးဆော်မှု ဖြစ်ခဲ့သည်။
၁၉၂၀ ပြည့်နှစ် မေလ ၂၉ ရက်နေ့တွင် ၀ိုင်အမ်ဘီအေအသင်းနှင့် နိုင်ငံလုံးဆိုင်ရာအသင်းအဖွဲ့များ၏ ဆုံးဖြတ်ချက်အရ မြန်မာနိုင်ငံအား ဒိုင်အာခီ (ခေါ်) ပူးတွဲတာဝန်ခံအုပ်ချုပ်ရေးရရှိအောင်တောင်းဆိုရန် ဦးဘဘေနှင့်အတူ ဦးပုနှင့် ၀တ်လုံတော်ရဦးသိမ်းမောင် (ဘေ၊ ပု၊ မောင်) ပါဝင်သော ကိုယ်စားလှယ်အဖွဲ့ကို ဒုတိယအကြိမ်အင်္ဂလန်သို့ စေလွှတ်ခဲ့ပြန်သည်။ ဘေ၊ ပု၊ မောင် ကိုယ်စားလှယ်အဖွဲ့သည် မစ္စတာမွန်တေဂူကို မြန်မာပြည်မှ ပေးပို့လိုက်သော စာတမ်းကိုတင်သွင်း၍ အိန္ဒိယနိုင်ငံထက် မနိမ့်ကျသောအဆင့်ဖြင့် မြန်မာနိုင်ငံအား ကိုယ်ပိုင်အုပ်ချုပ်ရေးပေးရန် တင်ပြနိုင်ခဲ့သည်။ ဗြိတိသျှတို့က အိန္ဒိယနှင့် တန်းတူအုပ်ချုပ်ရေးပေးမည်ဟု ကတိပေးခဲ့သည်။
၁၉၂၂ ခုနှစ် သြဂုတ်လတွင် ဂျီစီဘီအေအတွင်း၌ ဦးဘဘေဦးဆောင်သော ၂၁ ဦးဂိုဏ်းသားတို့သည် ဒိုင်အာခီစနစ်ကိုလက်မခံဟု ဆုံးဖြတ် ချက်ချကြသော ဂျီစီဘီအေအသင်းသားများ၏ဆန္ဒကို ဖီလာပြု၍ ဂျီစီဘီအေမှခွဲထွက် ဂိုဏ်းသီးခြားထောင်ခဲ့သည်။ ထိုဂိုဏ်းသားများကို ဂျီစီဘီအေအ ဖွဲ့သားများက ‘ဒိုင်သမား’ဟူ၍ ရှုတ်ချကဲ့ရဲ့ကြသည်။ ဦးဘဘေအဖွဲ့ကမူ ယင်းတို့အဖွဲ့အား ၂၁ဦး အဖွဲ့(ခေါ်)ပြည်သူပြည်သား ပါတီဟုခေါ်ဝေါ်ခဲ့ကြသည်။ ထိုအချိန်မှစ၍ ဂျီစီဘီအေအဖွဲ့ချုပ်ကြီးသည် ဦးဘဘေဦးစီးသော ၂၁ ဦး ဂျီစီဘီအေနှင့် ဦးချစ်လှိုင်၊ သာယာ ၀တီဦးပု၊ ဦးထွန်းအောင်ကျော်တို့ကြီးမှူးသည့် ‘လှိုင်၊ပု၊ ကျော်’ ဂျီစီဘီအေ (၀ံသာနုဂျီစီဘီအေ) ဟူ၍ နှစ်ဂိုဏ်းကွဲသွားလေသည်။
ထို့နောက် ၁၉၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်နေ့တွင် ဒိုင်အာခီဥပဒေပြုကောင်စီ၏ ပထမဆုံးရွေးကောက်ပွဲကိုကျင်းပရာ ဦးဘဘေ၏ ပြည်သူပြည်သားပါတီနှင့် ဆာဂျေအေမောင်ကြီး (၁၈၇၂- ၁၉၅၅) ၏ ပရိုဂရက်ဆစ် (Progressive) ခေါ် ရွှေတောင်ကြားပါတီက ၀င်ရောက် ယှဉ်ပြိုင်၍ ရာထူးယူခဲ့ကြသည်။ ၁၉၂၃ ခုနှစ်၊ ဇန်န၀ါရီ ၂ ရက်နေ့တွင် ဒိုင်အာခီအုပ်ချုပ်ရေးစတင်ခဲ့သည်။ ဦးဘဘေ၏ ၂၁ ဦးအဖွဲ့သည် ဒိုင်အာခီအုပ်ချုပ်ရေးကိုလက်ခံခြင်းမှာ နယ်ချဲ့အစိုးရကို လွှတ်တော်၌ ပူးပေါင်းရန်ဟုအကြောင်းပြခဲ့သည်။ သို့သော် လက်တွေ့တွင်မူ နယ်ချဲ့အစိုးရပေးခဲ့သော ငါးထောင်စားရာထူးကိုလက်ခံ၍ နိုင်ငံအကျိုးကို ထိထိရောက်ရောက်မဆောင်ရွက်နိုင်ခဲ့ဟု ဝေဖန်ခဲ့ရသည်။
ထို့နောက် ၁၉၃၆ ခုနှစ်၊ ဧပြီ ၃၀ မှ မေလ ၂ ရက်နေ့အထိ မန္တလေးမြို့တွင် ညီညွတ်ရေးအစည်းအဝေးကျင်းပရာ ဦးဘဘေဦးစီးသည့် ပြည်သူပြည်သားအဖွဲ့၊ အမ်အေဦးမောင်ကြီးဦးစီးသည့် ခွဲခွာရေးအသင်းကို အမည်ပြောင်းထားသည့် မြန်မာပြည်လွတ်လပ်ရေးအဖွဲ့(Free Burma) ၊ရေဦး ဆရာတော်ကြီးမှူးသည့် ဗဟိုဂျီစီဘီအေအဖွဲ့၊ ဦးဘစီဦးစီးသည့် သပိတ်မှောက်ဂျီစီဘီအေအဖွဲ့၊ ဦးဘဦး ဦးစီးသည့် မန္တလေး ၂၁ ဦးအဖွဲ့တို့ တွေ့ဆုံဆွေးနွေး၍ အဖွဲ့ငါးဖွဲ့ကိုစုပေါင်း၍ ‘ညီညွတ်ရေးမူ လ ဂျီစီဘီအေအဖွဲ့ချုပ်’ကို ဖွဲ့စည်းခဲ့သည်။ ယင်းအဖွဲ့ကို နိုင်ငံရေးအဖွဲ့ငါးဖွဲ့စုစည်းထားခြင်းကို ငါးပွင့်ဆိုင်အဖွဲ့(Five Flower Party) ဟု ခေါ်ခဲ့ကြသည်။ ငါးပွင့်ဆိုင်အဖွဲ့၏အကြီးအမှူးအဖြစ် ရေဦး ဆရာတော် ဦးသြဘာသ၊ ဥက္ကဌအဖြစ် မက္ခရာမင်းသားနှင့် ခင်လေးတို့၏သားတော်အငယ် ထိပ်တင်ဝမင်းသားအား ရွေးချယ်တင်မြှောက် သည်။
၁၉၃၆ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်မှ ၁၄ ရက်အထိ မြန်မာနိုင်ငံစီရင်အုပ်ချုပ်မှုအက်ဥပဒေ (၉၁ ဌာနအုပ်ချုပ်ရေး) အရ ပထမဆုံးအကြိမ် အောက်လွှတ်တော်အမတ်ရွေးကောက်ပွဲကျင်းပရာ ရွေးကောက်ပွဲတွင် အောက်လွှတ်တော်အမတ် ၁၃၂ ဦးရှိသည့်အနက် ငါးပွင့်ဆိုင်ပါတီမှ ၄၆ ဦး၊ ဒေါက်တာဘမော်၏ ဆင်းရဲသားဝံသာနု (ဓါးမ) ပါတီမှ ၁၆ ဦး၊ ဦးချစ်လှိုင်ဂျီစီဘီအေမှ ၁၂ ဦး၊ ကိုယ့်မင်းကိုယ့်ချင်းအဖွဲ့မှ ၃ ဦး ဖေဘီယံပါတီမှ နှစ်ဦး၊ သက်ပန်းဂျီစီဘီအေမှ တဦးနှင့် တသီးပုဂ္ဂလအမတ် ၁၇ ဦးအရွေးခံရသည်။
သို့သော် ငါးပွင့်ဆိုင်အဖွဲ့သည် ရွေးကောက်ပွဲတွင် အမတ်လောင်းများရာထားစဉ်ကပင် ပါတီအတွင်းအားဖြင့် စိတ်ဝမ်းကွဲပြားနေကြရာ (၄၆) ဦးမျှ အရွေးခံရသည့်အတွက် အားအကြီးဆုံးပါတီအဖြစ် ဦးဘဘေအားဦးဆောင်၍ အစိုးရအဖွဲ့ဖွဲ့ရန် ဘုရင်ခံကအပ်နှင်းသည်။ ဦးဘဘေသည် ငါးပွင့်ဆိုင်ပါတီဝင်တို့နှင့် စေ့စပ်ပြီးဝန်ကြီးရာထူးများရွေးချယ်၍ အစိုးရအဖွဲ့ကို ကြိုးစားဖွဲ့သော်လည်း ညီညွတ်မှုကို မရဘဲ အစိုးရမဖွဲ့နိုင်ချေ။
ဤသည်နှင့်ပတ်သတ်၍ ဒေါက်တာဘဦးက သူ၏ My Burma (ကျွန်ုပ်၏ မြန်မာပြည်) စာ အုပ်တွင် အောက်ပါအတိုင်းရေးသားထားလေသည်။
“ဦးဘဘေ၏ပါတီမှာ အကြီးဆုံးနှင့်အင်အားအတောင့်တင်းဆုံးဖြစ်သည့်အားလျော်စွာ ဘုရင်ခံက ဦးဘဘေအား အစိုးရဖွဲ့ခိုင်း၏။ သို့သော် ဦးဘဘေပါတီထဲတွင် ၀န်ကြီးရာထူးဝေခြမ်းမှုအပေါ် သဘောထားကွဲကြသည်ဟု ကောလဟလကြားရပါသည်။ ကျွန်ုပ်သည် ဦးအေး (နောင် ဦးစောအစိုးရအဖွဲ့တွင် ပြည်ထဲရေးဝန်ကြီးဖြစ်လာသူ) အား အခေါ်လွှတ်ပြီး၊ သူ၏ခေါင်းဆောင်ဖြစ်သည့် ဦးဘဘေအားပါတီ၏ ထိပ်ပိုင်းပုဂ္ဂိုလ်အချို့ကို ၀န်ကြီးများအဖြစ်ခန့်အပ်ပြီး၊ ရခိုင်အမတ်တဦးအား ၀န်ကြီးတနေရာပေးကာ၊ အခြားဝန်ကြီးတနေရာကို ကရင် အမတ်များအားပေးခြင်းဖြင့် အစိုးရအဖွဲ့ကို မြန်နိုင်သမျှမြန်မြန်ဖွဲ့စည်းရန် ပြောခိုင်းလိုက်၏။ ‘တကယ်လို့ ဦးဘဘေက မကြာမီအတော အတွင်း အစိုးရမဖွဲ့နိုင်ရင် ဘုရင်ခံက တခြားပါတီကိုဖွဲ့ခိုင်းလိမ့်မယ်။ ဦးဘဘေ အခုဖွဲ့ရင် ဥရောပလူမျိုး၊ အိန္ဒိယလူမျိုးအမတ် တွေရဲ့ ထောက်ခံမှုကိုရလိမ့်မယ်’ ဟု ကျွန်ုပ်က ထပ်ပြောလိုက်ပါသည်။ ဦးအေးက ကျွန်ုပ်ပြောသည့်စကားကို ဦးဘဘေထံသယ်ဆောင်သွားမည်ဖြစ် ကြောင်း၊ ဦးဘဘေ၏တုံ့ပြန်မှုကို ကျွန်ုပ်အားရက်ပိုင်းအတွင်း ပြန်လည်အသိပေးမည်ဖြစ်ကြောင်း ပြောသွားပါသည်။
ကျွန်ုပ်ကြားဝင်လိုက်ရသည်မှာ ဦးဘဘေ၏ နိုင်ငံရေးသမားဘ၀ကိုစိတ်ဝင်စားသောကြောင့်မဟုတ်။ တည်ငြိမ်သော အစိုးရအဖွဲ့ကောင်း တခုကို လိုချင်သောကြောင့်ဖြစ်ပါသည်။ ဦးဘဘေပါတီတွင် အကင်းပါသော၊ ဖြောင့်မတ်သော်၊ ပညာတတ်လူငယ်တချို့ ပါဝင်ပါသည်။
သီတင်းတပတ်ခန့်ကြာပြီးနောက် ဦးအေးပြန်လာပြီး ‘ဦးဘဘေရဲ့အမြင်က အာဏာရှိနေတဲ့ပါတီတွေအနက် ဘယ်ပါတီကမျှ တည်ငြိမ်တဲ့ အစိုးရအဖွဲ့တခုကို သူတို့ဘာသာမဖွဲ့နိုင်ကြဘူး။ ဒါကြောင့် နောက်ထပ်ရွေးကောက်ပွဲတခုလုပ်ပေးရင် တိုင်းပြည်အကျိုးရှိမယ် ရွေးကောက် ပွဲအသစ်ကျင်းပလျှင် သူ့ပါတီအနိုင်ရပြီး အခုထက် အင်အားတောင့်တင်းလာလိမ့်မယ်လို့ ဦးဘဘေက ထင်နေပါတယ်’ ဟူ၍ပြောကြားသည်။
ကျွန်ုပ် ဘာမျှမပြောလိုက်တော့ပါ။ စိတ်ထဲတွင် ဦးဘဘေအား လက်တွေ့မကျသော အရှည်အားဖြင့် မကြည့်တတ်သော နိုင်ငံရေးသမား တယောက်အဖြစ်သာ သတ်မှတ်လိုက်ပါတော့သည်။ တဘက်မှတည်းမှာပင် ဦးဘဘေသည် ဘယ်သောအခါမှ မြန်မာပြည်တွင် ၀န် ကြီး ချုပ်ဖြစ်မလာနိုင်ဟု ကျွန်ုပ်သိလိုက်၏။ သူ၏ နည်းဗျူဟာအမှားများကြောင့် ဦးဘဘေသည် ကိုယ့်ကိုယ်ကို နိုင်ငံရေးဟာရာကီရိလုပ်သည့် အဖြစ်သို့ ရောက်ရှိသွားပါတော့သည်။”
ဦးဘဘေသည် ရွေးကောက်ပွဲတွင် အနိုင်ရရှိသော်လည်း ပါတီတွင်းညီညွတ်မှုကို မတည်ဆောက်နိုင်သောကြောင့် အစိုးရမဖွဲ့နိုင်ဘဲရှိရာ ဒေါက်တာဘမော်သည် ငါးပွင့်ဆိုင်ပါတီတွင် သဘောထားကွဲပြားနေသော အမ်အေမောင်ကြီး၊ ၀တ်လုံဦးပု၊ ဒေါက်တာသိန်းမောင်၊ မိတ္ထီလာ ဦးဘရင်၊ မန္တလေးဦးဘဦးစသည့်တို့နှင့် အိန္ဒိယတိုင်းရင်းသားအမတ်များ၊ ကရင်အမတ်များ၊ ဦးချစ်လှိုင်အဖွဲ့၊ တသီးပုဂ္ဂလများနှင့် ညှိနှိုင်း၍အစိုးရဖွဲ့ရန်စည်းရုံးခဲ့ရာ အမတ်ဦးရေ ၇၀ မျှပင် ရရှိသွားတော့သည်။ ထို့ကြောင့် ၁၉၃၇ ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင် မြန်မာပြည်ဘုရင်ခံ ကော့ကရိန်းက ဒေါက်တာဘမော်အားတွေ့ဆုံ၍ အစိုးရအဖွဲ့ဝင် ၀န်ကြီးစာရင်းကို အမြန်တင်ပြခိုင်းသည်။ မတ်လ ၁၁ ရက်နေ့တွင် ဒေါက်တာဘမော်တင်ပြသောအစိုးရအဖွဲ့ဝင်အမည်စာရင်းကို ဘုရင်ခံက အတည်ပြု ပြီးနောက် ထိုနှစ်မတ်လ ၁၂ ရက်နေ့တွင် မြန်မာအစိုးရအဖွဲ့ ကို ၁၉၃၇ ခုနှစ် ဧပြီနေ့မှစ၍ တာဝန်ထမ်းဆောင်ရန် အတည်ပြုပေးလိုက်လေသည်။
သို့သော် ၁၉၃၇ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့တွင် ဦးဘဘေဦးဆောင်သော ငါးပွင့်ဆိုင်အဖွဲ့က ညွန့်ပေါင်းအစိုးရတဖွဲ့လုံးကို အယုံအကြည် မရှိအဆိုကိုတင်သွင်းရာ လွှတ်တော်ဥက္ကဌဦးချစ်လှိုင်က ၀န်ကြီးအဖွဲ့သစ်ကို မတ်လ ၁၁ ရက်နေ့တွင် ရွေးချယ်ခဲ့ပြီးဖြစ်သော်လည်း ဧပြီ ၁ ရက်နေ့မှ တာဝန်ထမ်းဆောင်ကြရမည့်သူများဖြစ်သောကြောင့် ယခုတင်သွင်းသောအဆိုသည် ဘောင်လွတ်ပြီး အချိန်မကျသေးဟု အကြောင်းပြကာ အဆိုကိုပယ်ချလိုက်သည်။
ထို့နောက် ဒေါက်တာဘမော်ဦးဆောင်သော ညွန့်ပေါင်းအစိုးရသည် အစိုးရသက်တမ်း၌ ဒုတိယကျောင်းသားသပိတ်၊ ကုလားဗမာ အဓိက ရုဏ်း၊ ၁၃၀၀ ပြည့်နှစ်အရေးတော်ပုံ၊ ဗိုလ်အောင်ကျော်ကျဆုံးခဲ့ရသည့် ကျောင်းသားအရေးအခင်းများနှင့် မန္တလေးအာဇာနည် ၁၇ ဦးကျဆုံး ခဲ့ရသည့်အရေးများကြောင့် ၁၉၃၉ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁၆ ရက်နေ့တွင် မျိုးချစ်ပါတီခေါင်းဆောင် ဂဠုန်ဦးစောတင်သွင်းသည့် ညွှန့်ပေါင်း အစိုးရအပေါ် အယုံအကြည်မရှိအဆိုကို ရှုံးနိမ့်ပြီးနောက် ပြုတ်ကျသွားခဲ့သည်။ ဤသို့ဖြင့် ဖေဖေါ်ဝါရီလ ၂၇ ရက်နေ့တွင် အတိုက်အခံ ပါတီခေါင်းဆောင် ရွှေကျင် ဦးပု ဦးဆောင်သော ညွန့်ပေါင်းအစိုးရတက်လာရာ ဦးဘဘေသည် ဦးပုညွန့်ပေါင်းအစိုးရအဖွဲ့၌ ပြည်ထဲရေး ၀န်ကြီးဖြစ်လာသည်။ သို့သော် ၁၉၄၀ ပြည့်နှစ် ဇန်န၀ါရီလ ၂၀ ရက်နေ့တွင် နန်းရင်းဝန်ဦးပုနှင့် အဆင်မပြေသဖြင့် ဦးဘဘေနုတ်ထွက် သွားခဲ့ရသည်။
၁၉၄၀ ပြည့်နှစ် ဇန်န၀ါရီ ၂၁ ရက်နေ့တွင် ငါးပွင့်ဆိုင်ညီညွတ်ရေးအဖွဲ့အစည်းအဝေးကိုကျင်းပ၍ ဦးပုအား အယုံအကြည်မရှိ၍ အဖွဲ့ခေါင်းဆောင်အဖြစ်မှ ဖယ်ရှာပြီး ဦးဘဘေအား ခေါင်းဆောင်အဖြစ် ပြန်လည်တင်မြှောက်ခဲ့သည်။
တဖန် ၁၉၄၀ ပြည့်နှစ်၊ စက်တင်ဘာလ ၇ ရက်နေ့တွင် အောက်လွှတ်တော်အစည်းအဝေး၌ ဦးပုကြီးမှုးသော ညွန့်ပေါင်းအစိုးရအဖွဲ့သည် အယုံအကြည်မရှိအဆိုတင်သွင်းခံရပြီးနောက် ပြုတ်ကျသွားသဖြင့် ထိုနှစ်စက်တင်ဘာ ၉ ရက်နေ့ ဂဠုန်ဦးစော နန်းရင်းဝန်အဖြစ် ဦးဆောင် သော ညွန့်ပေါင်းအစိုးရ တက်လာပြန်သည်။
၁၉၄၁ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့တွင် အောက်လွှတ်တော်၌ ဦးဘဘေသည် ဦးစောဦးဆောင်သည့်အစိုးရအပေါ် အယုံအကြည် မရှိအဆိုကိုတင်သွင်းရာ ထောက်ခံမဲ ၄၇ မဲ၊ ကန့်ကွက်မဲ ၇၂ မဲ ရရှိသဖြင့် ဦးဘဘေ၏အယုံအကြည်မရှိအဆို ရှုံးနိမ့်သွားသည်။
ထို့ကြောင့် ဂဠုန်ဦးစောသည် ဦးဘဘေအား အညှိုးအတေးထားကာ ၁၉၄၁ ခုနှစ်တွင် နိုင်ငံတော်ကာကွယ်ရေးဥပဒေ ပုဒ်မ ၂၆ အရ ဖမ်းဆီး ၍ သရက်အကျဉ်းထောင်၌ အကျဉ်းချခံခဲ့ရသည်။ ၁၉၄၂ ခုနှစ်တွင် သရက်ထောင်မှလွတ်မြောက်၍ ဂျပန်ခေတ်၌ ‘ဗမာပြည်အုပ်ချုပ်ရေး’ ရေးဆွဲရာတွင် ပါဝင်ခဲ့သည်။ ထို့နောက် ကျန်းမာရေးကိုအကြောင်းပြု၍ ဂျပန်ခေတ်အုပ်ချုပ်ရေးမှ ရှောင်နေခဲ့သည်။
စစ်ကြီးပြီးနောက် ၁၉၄၅ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့တွင် မြန်မာပြည်အနာဂတ်အုပ်ချုပ်ရေးနှင့်ပတ်သတ်သော ‘ကင်ဘာလင်’ ဆွေးနွေးပွဲသို့ အဖွဲ့ဝင်အဖြစ်လည်းကောင်း တက်ရောက်ခဲ့သည်။ ၁၉၄၅ခုနှစ်တွင် ဖဆပလဗဟိုဦးစီးအဖွဲ့ဝင်အဖြစ်တင်မြှောက်ခံရပြီး ၁၉၄၅ခုနှစ် စက် တင်ဘာလ ၆ ရက်နေ့မှ ၇ ရက်နေ့တွင် သီရိလင်္ကာနိုင်ငံ ကန္ဒီမြို့၌ကျင်းပသည့် မြန်မာ့တပ်မတော်ဖွဲ့စည်းရေးနှင့်ပတ်သတ်သည့် ကန္ဒီ စာချုပ်ဆွေးနွေးပွဲ ကိုယ်စားလှယ်အဖွဲ့အဖြစ်လည်းကောင်း၊ ၁၉၄၇ ဇန်န၀ါရီလ ၂၇ ရက်နေ့တွင် အောင်ဆန်း-အက်တလီစာချုပ် ချုပ်ဆိုရေး ၌ မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်အဖြစ်လည်းကောင်း တက်ရောက်ခဲ့သည်။
၁၉၄၇ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့ ဖဆပလ အလုပ်အမှုဆောင်အဖွဲ့ဝင် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးအဖြစ် ရွေးချယ်ခံရသည်။ ထို့နောက် ၁၉၄၇ ခုနှစ်၊ မေလ ၈ ရက်နေ့တွင် ဖဆပလအဖွဲ့ချုပ် အလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးကျင်းပ၍ ဘုရင်ခံ၏အမှုဆောင်ကောင်စီ၏ ဖဆပလအဖွဲ့ချုပ်မှ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဦးဘဘေအား ဖဆပလဗဟိုဦးစီးအဖွဲ့မှလည်းကောင်း၊ ဘုရင်ခံ၏ အမှုဆောင်ကောင်စီမှ လည်းကောင်း ထုတ်ပယ်ခဲ့သည်။
၁၉၅၁ ခုနှစ်တွင် ဦးဘဘေ၏ဇနီးဖြစ်သူ ဒေါ်ဖွားမျှင် ကွယ်လွန်ခဲ့သည်။ ဇနီးကွယ်လွန်ပြီးနောက် ဖဆပလအစိုးရအတိုက်အခံ နိုင်ငံရေးသမား အဖြစ် နိုင်ငံရေးဆောင်းပါးများကို စာနယ်ဇင်းများ၌ ရေးသားခဲ့သည်။
၁၉၅၄ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်နေ့တွင် ဦးဘဘေသည် နိုင်ငံတော်သစ္စာဖောက်ဖျက်မှုဖြင့် အင်းစိန်ထောင်၌ အကျဉ်းချခံရသည်။ ဖဆပလ အစိုးရအဖွဲ့ကိုဖြုတ်ချ၍ စစ်တပ်မှအာဏာသိမ်းရန် အကြံပေးသည်ဟု အသံဖမ်းယူခွဲဆိုသောအမှုဖြစ်သည်။ အင်းစိန်ထောင်တွင် ၃ နှစ် ၉ လ ၂၇ ရက် အကျဉ်းခံရပြီးနောက် ဦးနု၏ဖဆပလအစိုးရလက်ထက် ၁၉၅၈ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် နိုင်ငံတော်အစိုးရက အမှုကိုရုပ်သိမ်းပေး၍ ပြန်လည်လွတ်မြောက်ခဲ့သည်။ ယင်းနောက် ၁၉၆၀ပြည့်နှစ် ဖေဖေါ်ဝါရီလ ၆ရက်နေ့တွင် ကျင်းခဲ့သည့် အထွေ ထွေရွေးကောက်ပွဲတွင် အမျိုးသားပေါင်းစုံ မဟာမိတ် (တတိယအုပ်စု) ကိုကိုယ်စားပြု၍ အလယ်ပိုင်းမဲဆန္ဒနယ်မှ ၀င်ရောက်အရွေး ခံခဲ့ သည်။
၁၉၇၀ ပြည့်နှစ် နိုဝင်ဘာလတွင် အမျိုးသားနေ့ ရွှေရတုသဘင်ကျင်းပရေးဗဟိုကောင်မတီ နယကအဖြစ် ဆောင်ရွက်ခဲ့သည်။ ဦးဘဘေ သည် ၁၉၄၆ ခုနှစ်တွင် ဟံသာဝတီသတင်းစာ၌ ရေးသားခဲ့သောဆောင်းပါးများကို စုစည်း၍ ဟံသာဝတီစာအုပ်တိုက်မှ ခေါင်းဆောင်ကြီး ဦးဘဘေ၏ ‘နိုင်ငံရေးရာ အဖြာဖြာ’ စာအုပ်နှစ်တွဲကို ထုတ်ဝေခဲ့သည်။
ဝါရင့်နိုင်ငံရေးသမားကြီး ဦးဘဘေသည် ၁၉၇၁ခုနှစ်ဇန်န၀ါရီလ ၈ရက်စနေနေ့ မွန်းလွဲ ၂း၂၀နာရီ တွင် ရန်ကုန်မြို့ လူအိုရုံလမ်း အိမ်အမှတ် ၉၁ ၌ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်၌ အမွေခံ သားသမီး မကျန်ရစ်ခဲ့ချေ။