Tuesday, November 8, 2011

Time to Turn around Challenges into Opportunities

by Udp Myanmar on Monday, November 7, 2011 at 9:45pm

စိမ်ခေါ်ချက်တွေကို အခွင့်အလမ်းတွေအဖြစ် ပြောင်းလဲပစ်ဖို. အချိန် တန်ပါပြီ။

Time to Turn  around Challenges into Opportunities


မြန်မာပြည်ဟာ စိမ်ခေါ်ချက်တွေနဲ. ပြည့်နက်နေတဲ့ တိုင်းပြည်ပါ။ တကယ်တော့ ဒီစိမ်ခေါ်ချက်-Challenges တွေပင်လျင် စနစ်တကျနဲ. စီမံခန်.ခွဲကာ ပြောင်းလဲ ပစ်နိုင်ရင်-Turn Around လုပ်နိုင်ရင် အခွင့်အလမ်းတွေ-Opportunities တွေ ဖြစ်လာပါမည်။
တိုင်းပြည် ဆင်းရဲတာ၊ မဖွံ။ဖြိုးသေးတဲ့အချက်တွေကိုက မြန်မာပြည်မှာ လုပ်စရာတွေ လုပ်လို.ရနိုင်တဲ့အချက်တွေ အခွင့်အလန်းတွေ အများကြီး ရှိနေသေးတယ် ကျန်နေသေးတဲ့သဘောပါ။

ဒါကြောင့်.ပဲ ဆင်းရဲမှုတွေနဲ. တိုးတက်ဖွံ.ဖြိုးမှု မရှိသေးတာတွေကို ချမ်းသာလာအောင် တိုးတက်ဖွံ.ဖြိုးလာအောင် လုပ်ဖို. အခွင့်အလန်းတွေအဖြစ် ရှိနေတာလို. ဆိုနိုင်ပါသည်။

တကယ် ချမ်းသာ သွားပြီ၊ တကယ် ဖွံ.ဖြိုးတိုးတက်သွားပြိဆိုရင

် ကိုယ်လုပ်ဖို. အခွင့်အလန်းတွေ မရှိတော့ပါ။ ၀င်ပြိုင် မယ်ဆိုရင်လဲ တော်ယုံတန်ယုံနဲ. တိုးဖို. မလွယ်တော့ပါ။

ဒီအချက်ဟာ ချမ်းသာတဲ့နိုင်ငံတွေကို ရောက်နေတဲ့ မြန်မာနိုင်ငံသားတွေ အသိဆုံးပါ။ အဲဒီ အနောက်နိုင်ငံတွေမှာဆိုရင် လူတွေကလဲ ချမ်းသာကုန်ပြီး တိုင်းပြည်ကလဲ ဖွံ.ဖြိုးတိုတက်ပြီးနေတော့ ကိုယ့်အနေဖြင့် စီးပွားရေးအရ ၀င်တိုးဖို. မလွယ်တော့ပါ။ အားလုံး သူဟာနဲ. သူ ဖြစ်နေပြီ။ ယုတ်စွအဆုံး သန်.ရှင်းရေးနဲ. အမှိုက်ကျုံးတဲ့ အလုပ်မျိုးတောင် ကိုယ်ပိုင် တိုက်ရိုက် ကန်ထရိုက် ရနိုင်ဖို. မလွယ်တော့ပါ။ ကိုယ့်ထက်ဦးနေသူ ကိုယ့်ထက် အရင် ရောက်နေသူတွေကို ထိမ်းချုပ်ထားပြီးသား ဖြစ်နေပါသည်။ တခြား လုပ်ငန်း တခုခုကို တိုးမယ်ဆိုရင်တောင် တော်ယုံ တန်ယုံ အရင်းအနှီဖြင့် ကိုယ်ပိုင် လုပ်ငန်း ကိုယ်ပိုင် စီးပွားရေး လုပ်ဖို. မလွယ်ပါ။ အရင်းအနှီးကလဲ များသလို အစိုးရ၏ စည်းကမ်း သတ်မှတ်ချက်တွေကလဲ အလွန် တင်းကြပ်တာမို. တော်ယုံတန်ယုံဖြင့် ကိုယ်ပိုင် စီးပွားရေး လုပ်ငန်း တခု စတင်ဖို. အတော် မလွယ်တဲ့ အခြေအနေတွေပါ။

မြန်မာပြည်မှာတော့ ဒီလို မဟုတ်သေးပါ။ လုပ်လို. ရနိုင်တာတွေ အများကြီး ရှိနေသေးသလို ကိုယ်နည်း ကိုယ်ဟန်ဖြင့် တပိုင် တနိုင် လုပ်မယ်ဆိုရင် လုပ်ဖို.ဖြစ်နိုင်တဲ့ စီးပွားရေး လုပ်ငန်းတွေ အများအပြား ရှိနေသေးပါသည်။ နိုင်ငံခြား တိုင်းပြည်တွေနဲ. စာရင် အရင်းအနှီးလဲ အဲဒီလောက် အများကြီး မလိုသေးသလို အစိုးရ၏ စည်းကမ်း သတ်မှတ်ချက်တွေ Rule & Regulations, By-Law တွေဟာလဲ ဒီလောက် မတင်းကြပ်သေးပါ။ အခု အစစအရာရာဟာ စပဲ ဖြစ်နေတော့ အစိုးရရော စီးပွားရေး လုပ်ငန်းရှင်တွေရောအတွက် အတွေ.အကြုံတွေက ဒီလောက်ထိ မမြင့်သေးပါ။ ဒါကြောင့်လဲ ကိုယ်ပိုင် စီးပွားရေး လုပ်ငန်းတွေ အခုအချိန်မှာ စတင်ပြီး အခြေချဖို. အကောင်းဆုံး အချိန်ပါ။

လမ်းတွေ ပျက်နေတယ်။ မီးတွေ မလာသေးဘူး၊ ရေတွေ ကောင်းကောင်း မပေးနိုင်ဖူး။ အမိုက်တွေ ပုံမှန် မကျုံးနိုင်ဘူး စတဲ့ မြင်းကွင်းတွေ ရှိနေခြင်း ဖြစ်နေခြင်းကိုက နောက်ထပ် လုပ်ငန်း ကိုင်ငန်းတွေ ဖန်တီးပြီး လုပ်ဖို. လုပ်လို.ရမည့်အရာတွေ ရှိနေသေးတာကို ဖော်ပြနေသလို ပါ။

အခု မြန်မာပြည် ဖြစ်နေ ရောက်နေတဲ့အခြေအနေဟာ လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်က တရုတ်ပြည်မှာ ဖြစ်နေတဲ့ အခြေအနေအတိုင်းပဲ။ လွန်ခဲ့တဲ့ အနှစ် ၂၀ တုန်းကလဲ တရုတ်ပြည်မှာလဲ ဒီလိုပါပဲ။ လမ်းတွေလဲ မကောင်းသေးပါ။ မီးတွေလဲ မကောင်းသေးပဲ။ မြို.တွေဆိုလဲ အမှိုက်တွေနဲ. ညစ်ပတ် နေဆဲပါ။ လူတွေဟာလဲ အရမ်းကို ဆင်းရဲ မွဲတွေ နေပါသေးတယ်။ ဒါပေမယ့် အနှစ် ၂၀ အတွင်း တရုတ်ပြည်၏ အသွင် ပြောင်းလဲမှုတွေကြောင့် အခု ဆိုရင် အနောက်နိုင်ငံက မြို.ကြီး ပြကြီးတွေ ထက်တောင် လမ်းတွေ ကောင်း မီးတွေ ကောင်း ရေတွေ ကောင်းပြီး မြို.ကြီးတွေကလဲ အတော်ကို သန်.ရှင်းသွားပါပြိ။ လူတွေလဲ သန်းရာချီပြီး ချမ်းသာ သွားပါပြီ။ ဒါတွေက ဘာကို ပြသလဲ ဆိုရင် စိမ်ခေါ်ချက်တွေကို အခွင့်အလန်းအဖြစ် စနစ်တကျဖြင့် စီမံခန်.ခွဲကာ ပြောင်းလဲ ပစ်နိုင်ရင် အကျိုးစီးပွားတွေ အကျိုးအမြတ်တွေအဖြစ် ခံစားရရှိနိုင်တာကို ပြသခဲ့တာပါ။ အခု မြန်မာပြည်ဟာ တရုတ်ပြည်၏ လွန်ခဲ့တဲ့ အနှစ် ၂၀ က အခြေအနေအတိုင်း မြင်ကွင်းအတိုင်းပဲ ရှိပါသေးသည်။ အခုမှ အားလုံးကို သုညက စရမည် ဖြစ်ပါသည်။ ဒါကြောင့် လူငယ်တွေအနေဖြင့် ဒီ စိမ်ခေါ်ချက်တွေကို အခွင့်အလန်းအတွေအဖြစ် မြင်လာပြီး လက်တွေ. ဖန်တီး ဖော်ဆောင်ဖို.ပဲ လိုပါသည်။ ပြည်တွင်းပြည်ပမှာ ရှိတဲ့ မြန်မာလူငယ်တွေဟာ စီးပွားရေး လုပ်ငန်းရှင် စိတ်ဓာတ်တွေ မွေးမြူပြီး Entreprenuer Spirit ဖြင့် အခု အချိန်မှာ ကိုယ် လုပ်ချင်တာ ကိုယ် ၀ါသနာ ပါတာ ကိုယ် ကျွမ်းကျင်တဲ့ အပိုင်းမှာ ၀င်ရောက်ပြီး စနစ်တကျဖြင့် ကိုယ်ပိုင် လုပ်ငန်းတွေ ကိုယ်ပိုင် စီးပွားရေးတွေ စတင်ပြီး အခြေချကာ ဖော်ဆောင်ဖို. အထူး အရေးကြီးပါသည်။ အခု မြန်မာပြည်မှာ ကျန်ရှိနေတဲ့ ဖြစ်နေတဲ့ စိမ်ခေါ်ချက် သို.မဟုတ် အနာဂတ်၏ အခွင့်အလန်းတွေဟာ ကြာကြာ ထိုင်စောင့်နေလို. ရမှာ မဟုတ်ပါ။ လာမည့် ၃-၄-၅ နှစ် အတွင်း ဒီအခွင့်အရေးတွေကို ကိုယ်က မဖမ်းဆုပ်နိုင်ဖူး။ မိအောင် မကိုင်နိုင် မဖမ်း ထားနိုင်ဖူးဆိုရင် သူများ လက်ထဲ ရောက်သွားမည် ဖြစ်ပါသည်။ အခု အချိန်လောက်မှာ စတင်ပြီး လုပ်မယ်ဆိုရင် နောင်-၃-၄ နှစ်ဆိုရင် အတော်ကို အခြေကျတဲ့ အဆင့်ကို ရောက်နေပြီး အဲဒီအချိန်ဆိုရင် တိုင်းပြည်ကလဲ ဒီထက် ပိုပြီး ပွင်.လင်းလာမယ်။ စီးပွားရေး နိုင်ငံရေး အခြေအနေတွေကလဲ အခုထက် တည်ငြိမ်လာမည်ဆိုရင် နိုင်ငံတကာက စီးပွားရေးလုပ်ငန်းရှင်တွေ အရင်းအနှီးတွေ နည်းပညာတွေ အင်နဲ. အားနဲ. ၀င်လာတဲ့အခါ ကိုယ့်လက်ထဲမှာ တစုံတရာ လက်စုပ် လက်ကိုင်လဲ ရှိနေမည် ဖြစ်ပါသည်။ အဲဒီလို မဟုတ်ပဲ အခု အချိန်မှာ ထိုင်စောင့်ပြီး လက်ပိုက် ကြည့်နေမယ်ဆိုရင် နောင် တကယ်တမ်း လမ်းတွေ ဖွင့်တဲ့အချိန် နိုင်ငံတကာက အင်နဲ. အားနဲ. ၀င်လာတဲ့အခု ကိုယ့်လက်ထဲမှာ ဘာမှ မရှိတဲ့အပြင် နည်းပညာ ကျွမ်းကျင်မှုနဲ. ငွေကြေး အရင်းအနှီးအရလဲ နိုင်ငံတကာ ကုမ္ဗဏီတွေကို ယှဉ်ပြိုင်ဖို. မဖြစ်တာကြောင့် ကိုယ်ဟာ နောက်ကျ ကျန်ရစ်ဖို.ပဲ များပါသည်။  ဒါကြောင့် ကိုယ့်ကိုယ်ကို စီးပွားရေးလုပ်ငန်းရှင် စိတ်ဓာတ်တွေ မွေးမြူပြီး အခု ကတည်းက ကိုယ် လုပ်ချင် ကိုယ်ပိုင်တဲ့ ကျွမ်းကျင်တဲ့ လုပ်ငန်းတခုခုကို တနစ် တကျဖြင့် အစပြုဖို. ဒါမှသာ စိမ်ခေါ်ချက်တွေကို အခွင့်အလန်းတွေအဖြစ် လက်တွေ. ပြောင်းနိုင်ပြီး အဲဒီလို ပြုပြင်ပြောင်းလဲ နိုင်တဲ့အတွက် ကိုယ့်အတွက်ရော တိုင်းပြည်အတွက်ပါ အကျိုးအမြတ်တွေကို ရရှိနိုင်မည် ဖြစ်ပါသည်။ တကယ့် ဈေးကွက် စီးပွားရေးမှာ စွန်.ဦးတီထွင်မှု လက်ဦးမှုဟာ အရေးကြီးသလို တိုင်းပြည် ဖွံ.ဖြိုးတိုးတက်ဖို.အတွက် အစိုးရက လုပ်ပေးတာမျိုးထက် တိုင်းသူ ပြည်သားတွေ ကိုယ်တိုင်က လုပ်ယူရတာ များပါသည်။ အစိုးရဆိုတာ ဥပဒေတွေ စည်းမျဉ်းတွေကို ပြဌာန်းမယ်။ အဲဒီစည်းကမ်းတွေကို လိုက်နာဖို. ကြီးကြပ်မယ်။ နောက် အခွန် ကောက်မယ်။ ဒါက အစိုးရ အလုပ်ပါ။ တကယ် အလုပ်အကိုင်တွေ ဖန်တီးဖို. တိုင်းပြည် စီးပွား တိုးတက်လာဖို. လူနေမှု အဆင့်အတမ်းတွေ မြင့်လာဖို. ဆိုရင် ပုဂ္ဂလိက လုပ်ငန်းရှင်တွေ ပြည်သူ ပြည်သား နိုင်ငံသားတွေကပဲ လုပ်ပေးနိုင်မည် ဖြစ်ပါသည်။

ဒါကြောင့် ဒီဟာ မကောင်းဖူး ဟိုဟာ မကောင်းဖူးလို. သူများကို လိုက်ပြီး လက်ညှိုးထိုးနေမည့်အစား ကိုယ့်တိုင်းပြည်အတွက်ရော ကိုယ့်မိသားစုအတွက်ပါ လက်တွေ. အကျိုးအမြတ် ဖြစ်စေမည့် Entreprenuer စိတ်တွေ မွေးမြူပြီး ကိုယ်ပိုင် လုပ်ငန်းတွေကို ၀င်ပြီး လုပ်ဖို. ထူထောင်ဖို. လိုပါသည်။ ဒါမှာလဲ အခု ရှိနေသေး ကျန်နေသေးတဲ့ စိမ်ခေါ်ချက်တွေကို အခွင့်အလန်းတွေအဖြစ် ပြောင်းလဲခွင့် ရရှိမှာ မဟုတ်ပါ။ ဘယ်လိုပဲ ဖြစ်ဖြစ် အနောက်နိုင်ငံတွေ၏ စီးပွားရေး ပိတ်ဆို.မှုတွေဟာလဲ နှစ် များများ ကြာကြာ စောင့်ရတော့မည် မဟုတ်တာကြောင့် အခု အချိန်မှာ စပြီး လုပ်ရင် အကောင်းဆုံးသာ ဖြစ်ပါသည်။



ဝန်ဆောင်မှုလုပ်ငန်းတွေ Logistic ကုမ္မဏီတွေ Consulting and Communication Firm, Law Firm, Accounting Firm, Manufacturing and Factories, and Education Service and Health Care providers စုံလို.ပါပဲ။ နိုင်ငံတကာ အဆင့်မှီ တိုးဖောက်နိုင်အောင် လုပ်လို.ရနိုင်တာတွေ လုပ်ဖို. လိုနေတာတွေ အများကြီး ရှိနေတာကြောင့် ကိုယ်ပိုင် လုပ်ငန်းရှင်တွေအဖြင့် ၀င်ပြီး လုပ်ဖို. စတင် ပြင်ဆင်ဖို. စဉ်စားဖို. လိုပါသည်။



မြန်မာပြည်မှာ လုပ်စရာတွေ အများကြီး ရှိသလို လုပ်နိုင်မည့် သူတွေလဲ အများကြီး လိုအပ်နေတာမို. ကိုယ် လုပ်နိုင်တဲ့ လုပ်ငန်းတွေကို ၀င်ရောက်ပြီး စတင် လုပ်ဖို. လိုပါသည်။ ကိုယ်တဦးနဲ. မလုပ်နိုင်ရင်တောင် နီးစပ်ရာ သူငယ်ချင်တွေ လုပ်ဖော်ကိုင်ဖက်တွေ စုပေါင်းပြီး အကျိုးတူ ပူးပေါင်းဆောင်ရွက်ဖို. လိုပါသည်။ ဒါမှသာ မြန်မာပြည်၏ အခွင့်အလန်းတွေဟာ မြန်မာနိုင်ငံသားတွေ၏ လက်ထဲမှာပဲ ရေရှည် ကျန်နိုင်မည် ဖြစ်ပါသည်။ လက်ဦးမှု ယူပြီး စနစ်တကျဖြင့် နည်းပညာ အကူအညီဖြင့် စိမ်ခေါ်ချက်တွေကို အခွင့်အလန်းတွေ အဖြစ် မြင်ကာ စတင်လုပ်ဖို. လိုပါတော့သည်။  ။

No comments:

Post a Comment